မန္တလေး နိုင်ငံခြားခရီးသွားအဝင် မြင့်ဖွယ်ရှိဟု ခန့်မှန်း

မန္တလေး နိုင်ငံခြားခရီးသွားအဝင် မြင့်ဖွယ်ရှိဟု ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
28 Aug 2017 10:23 am တွင် တင်ခဲ့သည်
1037 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းအတွင်းသို့ ယခုနှစ်တွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု မြင့်တက်လာနိုင်ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

မန္တလေးတိုင်းအတွင်းသို့ ၂၀၁၇ ခုနှစ် ဇူလိုင်လ တစ်လတာ ကာလအတွင်း နိုင်ငံခြားသား ခရီးသွား ၃၂,ဝ၀ဝ ကျော် ဝင်ခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် အလားတူ ကာလက ၂၃,ဝ၀ဝ သာ ဝင်ရောက်ခဲ့ကြောင်း၊ နိုင်ငံခြားသား ခရီးသွားများအနက် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကာ ဒုတိယအနေနှင့် ပြင်သစ်နိုင်ငံသားများဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီနှစ် ယခင်နှစ်တွေထက် ပိုပြီးတော့ ဝင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ခရီးသွား သဘောတရားကလည်း ထိရှလွယ်တယ်။ ကိုယ်မျှော်မှန်းမထားတွေ ဖြစ်တတ်တယ်။ ဘိုင်သေတွက်လို့တော့ မရဘူးပေါ့ဗျာ” ၎င်းက ဆက်လက်ပြောဆိုသည်။

မန္တလေးတိုင်းအတွင်း၌ နိုင်ငံခြားသားများ လေ့လာနိုင်မည့် ရှေးဟောင်းဘုရားစေတီပုထိုးများ၊ မြို့ဟောင်းများ၊ ရိုးရာလက်မှုလုပ်ငန်းများ ရှိနေကြောင်း၊ မန္တလေးမြို့တစ်ဝိုက်သည်လည်း ရှေးဟောင်းမြို့တော်များ စုစည်းသည့်ဒေသဖြစ်ရာ ယင်းနေရာများကို အဆင့်မြှင့်တင် ဖော်ထုတ်ပေးပါက ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ယူဆကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဒေသထွက်ကုန်များ ဈေးကွက်ရရှိစေရေး လုပ်ဆောင်ပေးရန်လိုကြောင်း မန္တလေး ဧည့်လမ်းညွန်များအသင်း နာယကဦးတင်ထွန်းက မှတ်ချက်ပြုသည်။

မန္တလေးတိုင်းအတွင်းသို့ ၂၀၁၆ ခုနှစ်အတွင်းက နိုင်ငံခြားသား ခရီးသည် ၃၈၅,ဝ၀ဝ ဦးကျော် ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ၃၀၆,ဝ၀ဝ ဦးကျော် ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှူးဦးစီးဌာန စာရင်းများအရ သိရသည်။

မန္တလေးတိုင်းအတွင်းရှိ မန္တလေး၊ အင်းဝ၊ အမရပူရနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်း၊ မင်းကွန်းဒေသများကို ၂၀၁၇ ခုနှစ်မှစတင်ကာ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း (Culture Tourism) အဖြစ် ဖော်ဆောင်ရန် မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနက စီစဉ်ထားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service