International Housing Forum အား စင်္ကာပူတွင် စက်တင်ဘာ ၇-၈ တွင် ကျင်းပမည်

International Housing Forum အား စင်္ကာပူတွင် စက်တင်ဘာ ၇-၈ တွင် ကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
28 Aug 2017 10:04 am တွင် တင်ခဲ့သည်
725 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူသည် ကမ္ဘာတစ်ဝန်းမှ သက်ဆိုင်ရာကျွမ်းကျင်ပညာ
ရှင်များနှင့် မူဝါဒရေးဆွဲသူပေါင်း ၄၀၀ ခန့် တက်ရောက်ကာ
နေအိမ်များ စီစဉ်ပံ့ပိုးပေးခြင်းနှင့်ပတ်သက်၍စိတ်ကူး
အကြံဥာဏ်များနှင့် လက်တွေ့အစီအစဉ်ကောင်းများ ဝေမျှရန်
ဆုံစည်းကြမည့် International Housing Forum (IHF 2017) နိုင်ငံတကာအိမ်ရာဖိုရမ်(သို့မဟုတ်) နိုင်ငံတကာအိမ်ရာဆွေးနွေးပွဲ
အား အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။

စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် HDB Hub ၌
ကျင်းပမည့် ယင်းဂုဏ်သတင်းကြီးမားသော အခမ်းအနားကို စင်္ကာပူအမျိုးသားဖွံ့ဖြိုးရေးဝန်ကြီးနှင့် စင်္ကာပူဘဏ္ဍာရေး
ဒုတိယ၀န်ကြီး ဖြစ်သူ လောရင့်ဝမ်က တက်ရောက်ဖွင့်လှစ်ပေးမည်
ဖြစ်သည်။

"အမျိုးအစားစုံပါဝင်သော လူ့အသိုက်အမြုံများအတွက် စဉ်ဆက်မပြတ် အစီအစဉ်ရေးဆွဲခြင်း" ဟူသော ဆောင်ပုဒ်နှင့်အညီ IHF 2017 က ကုလသမဂ္ဂ၏ မြို့ပြအစီအစဉ်သစ်သို့ တိုးမြှင့်ရရှိစေရန် ရည်ရွယ်သည်။
နှစ် ၂၀ စီမံကိန်းဖြစ်သော ယင်းမြို့ပြအစီအစဉ်သစ်ဆိုသည်မှာ
မြို့များအား မည်သို့စီစဉ်အကောင်အထည်ဖော်စီမံသင့်သည်ကို
ရေးဆွဲဖော်ပြထားသည့် ပုံစံဖြစ်သည်။

ကုလ၏ ၎င်းကမ္ဘာ့စံချန်စံညွှန်းသစ်အား စင်္ကာပူအပါအ၀င်
ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀နီးပါးက အီကွေဒေါနိုင်ငံ ကီတိုမြို့တွင် ကျင်းပခဲ့သည့် ၂၀၁၆ ခုနှစ် ကုလသမဂ္ဂအိမ်ရာနှင့် မြို့ပြစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု
ညီလာခံတွင် လက်ခံခဲ့ကြသည်။

IHF 2017 အား စင်္ကာပူနိုင်ငံ၏ အိမ်ရာဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (HDB) ကအပြည်ပြည်ဆိုင်ရာ အိမ်ရာနှင့်စီမံကိန်းအဖွဲ့ချုပ် (IFHP) နှင့် အရှေ့ပိုင်းဒေသဆိုင်ရာ စီမံကိန်းနှင့်အခြေချမှုများအဖွဲ့အစည်း ဟူသော ကမ္ဘာ့အဖွဲအစည်းနှစ်ခုနှင့် စင်္ကာပူစီမံကိန်းရေးဆွဲသူများအသင်း (SIP)
နှင့် နေထိုင်၍ရနိုင်သောမြို့များဗဟိုဌာန (CLC) ဟူသည့် စင်္ကာပူအဖွဲ့နှစ်ဖွဲ့တို့နှင့် ပူးတွဲကျင်းပခြင်းဖြစ်သည်။

၎င်းဆွေးနွေးပွဲအား ယင်းအဖွဲ့ငါးခု ပူးပေါင်းကျင်းပခြင်းမှာ
ယခုအကြိမ်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။

"ကမ္ဘာကြီးက မြို့ပြအဖြစ်မြှင့်တင်မှုတွေနဲ့ အရမ်းကို ရင်ဆိုင်လာရတာကြောင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတဲ့ မြို့ပြတွေနဲ့ နေအိမ်တွေကို ဘယ်လိုအကောင်းဆုံး တည်ဆောက်ကြမယ်ဆိုတဲ့ကိစ္စဟာ ပိုပိုပြီး အရေးပါလာပါတယ်။ ကျွန်တော်တို့လူသားတွေဘ၀ ပိုပြီးတိုးတက်လာဖို့အတွက် မြို့တွေကို ဘယ်လိုစီစဉ်ရေးဆွဲ အကောင်အထည်ဖော်အုပ်ချုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး နည်းလမ်းတွေ ရေးဆွဲဖို့လိုပါတယ်"ဟု HDB အမှုဆောင်အရာရှိချုပ် ဒေါက်တာချုံကွန်ဟင်က ပြောကြားခဲ့ကြောင်းသိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service