ရန်ကုန်-ပြည် ရထားလမ်းပိုင်းကို ADB ချေးငွေဖြင့် အဆင့်မြှင့်ရန် ညှိနှိုင်းနေဟုဆို

ရန်ကုန်-ပြည် ရထားလမ်းပိုင်းကို ADB ချေးငွေဖြင့် အဆင့်မြှင့်ရန် ညှိနှိုင်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Aug 2017 9:42 am တွင် တင်ခဲ့သည်
1286 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်-ပြည် ရထား လမ်းပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေ အမေရိကန်ဒေါ် လာ သန်း ၁၂၀ ဖြင့် အဆင့်မြှင့် ပြင်ဆင်ရန် ညှိနှိုင်းနေေ ကြာင်း မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (စစ်ဆေးရေး) ဦးဘမြင့် က ပြောသည်။

အဆိုပါ ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ရာတွင် ချေးငွေ ကူညီထောက် ပံ့ပေးနိုင်ရန် ADB က ယခုလပိုင်းအတွင်း လာ ရောက်လေ့လာထားပြီး အေ မရိကန်ဒေါ်လာ သန်း ၁၂၀ ထုတ်ချေးပေးရန် စဉ်းစားနေသည်ဟု မြန်မာ့ မီးရထားစီမံကိန်းဒါရိုက်တာဖြစ်သည့် ဦးဘမြင့်က ပြောသည်။

‘‘၂၀၁၈ မှာ ဆန်းစစ်တာတွေ လုပ်ပြီး ၂၀၁၉ လောက်မှာစမယ်။ လွှတ်တော် တို့ ဘာတို့ သဘောတူ တယ်ဆိုလို့ရှိရင် အဲဒီလောက်မှစ မှာပေါ့’’ဟု ယင်း လမ်းပိုင်းအဆင့် မြှင့်တင်နိုင်မည့်အချိန်ကို၎င်းက ဆိုသည်။ ADB ကပြည် ရထားလမ်းပိုင်း အဆင့်မြှင့်တင်နိုင်ရေး မြန်မာ့ မီးရထားနှင့်ညှိနှိုင်းမှု များ ပြုလုပ်နေပြီး အတည်ပြုလက်မှတ်ရေးထိုးထားသည့်အဆင့်သို့ မရောက် ရှိသေးခြင်းဟု ဦးဘမြင့်က ပြောသည်။

ရန်ကုန်-ပြည် ရထားလမ်း ပိုင်းသည် မြန်မာနိုင်ငံ၏ ပထမ ဆုံးရထားလမ်း ပိုင်းတစ်ခုဖြစ်ပြီး မိုင် ၁၆၀ ကျော်ရှည်လျားကာ ၁၈၈၇ မေလ ၁ ရက်တွင် စတင် ပြေးဆွဲခဲ့သည်။ ယခုအချိန်တွင် အဆိုပါလမ်းပိုင်းမှာ အရည်အသွေးကျ ဆင်းနေခြင်းကြောင့် ရထားစီးနင်းရသည်မှာ သက်သောင့်သက်သာမရှိဟု ခရီးသည်များ၏ ဝေဖန်မှုများရှိနေသည်။

ယင်းရထားလမ်းပိုင်းသည် အစိုးရသစ်လက်ထက်၌ အကြီး စားပြုပြင်ဆင်ရန် ထည့်သွင်းလျာထားသည့် လမ်းပိုင်း ငါးခုအနက် တစ်ခုအပါအ၀င်လည်း ဖြစ် သည်။

မြန်မာ့မီးရထားသည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၊ မန္တလေး-မြစ်ကြီး နားရထား လမ်းပိုင်း၊ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်း၊ ရန်ကုန်မြို့ပတ် ရ ထားလမ်းပိုင်းနှင့် အဆိုပါပြည်လမ်းပိုင်းတို့ကို အဆင့်မြှင့်တင်ရန်စီမံ ချက် ရေးဆွဲထားခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး ရထား လမ်းကို ဂျပန်နိုင်ငံအကူအညီဖြင့် စတင်ပြုပြင်မှု များ ပြုလုပ်နေပြီး မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို ပြုပြင်ရန် ကိုရီးယားနိုင် ငံ၏ အကူအညီဖြင့် မြေပြင်လေ့လာ ဆန်းစစ်မှုများ ဆောင်ရွက်နေသည် ဟု မြန်မာ့မီးရထားမှ သတင်းရရှိသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service