နေအိမ်များ အဓမ္မဖျက်သိမ်းခံရသည့် ဖနွမ်းပင်မြို့ မိသားစု ၇ ခုအရေး ဖြေရှင်းပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အစိုးရအဖွဲ့ကို ညွှန်ကြား

နေအိမ်များ အဓမ္မဖျက်သိမ်းခံရသည့် ဖနွမ်းပင်မြို့ မိသားစု ၇ ခုအရေး ဖြေရှင်းပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အစိုးရအဖွဲ့ကို ညွှန်ကြား - Property News in Myanmar from iMyanmarHouse.com
25 Aug 2017 11:22 am တွင် တင်ခဲ့သည်
759 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော် ဘန်ကအရပ်တွင် နေအိမ်များ အဓမ္မဖျက်သိမ်းခံခဲ့ရသည့် မိသားစု ၇ ခု၏ မြေယာအငြင်းပွားမှု ပြဿနာကို အဆောတလျင် ကိုင်တွယ်ကူညီဖြေရှင်းပေးရန် ဝန်ကြီးချုပ်ဟွန်ဆန်က အစိုးရအဖွဲ့ကို အမိန့်ပေးလိုက်ပြီး ဖနွမ်းပင် အုပ်ချုပ်ရေးမှူး ခေါင်စရန်ကိုလည်း ညွှန်ကြားလိုက်ကြောင်း ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝန်ကြီးချုပ်၏ အမိန့်သည် ပြီးခဲ့သော ဧပြီလအတွင်း စည်ပင်သာယာက ထုတ်ပြန်ခဲ့သည့် အမိန့်နှင့် သွေဖည်လျက်ရှိသည်။
ဖနွမ်းပင် စည်ပင်သာယာအဖွဲ့က ဆုံးဖြတ်ခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်နေပြီဖြစ်သော အဆိုပါအငြင်းပွားမှုဖြေရှင်းပေးခြင်း လုပ်ငန်းစဉ်ကို တရားဝင်ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း လွန်ခဲ့သော ဧပြီလအတွင်းက ကြေညာထားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်၏ ကြေညာချက်ကို နှစ်စဉ်ကျင်းပသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတွင် ကြေညာလိုက်ခြင်းဖြစ်ပြီး ဘန်ကအရပ်သားတစ်ဦးဖြစ်သည့် ဟောင်ဆွတ်ခန်၏ မေးခွန်းကို ဖြေရှင်းချက်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ဟောင်ဆွတ်ခန်က ဆုံးရှုံးခဲ့ရသည့်မြေယာများအတွက် လျှော်ကြေးမရရှိသေးသည့် မိသားစု ၇ ခုအတွက် အဖြေတစ်ခုရှာပေးပါရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ဘန်ကမှာ ဖြေရှင်းပေးစရာ ဘယ်လောက်ကျန်သေးလဲ။ ဖြေရှင်းမပေးရသေးတာ တစ်ခုခုကျန်နေမယ်ဆိုရင် ချက်ချင်းပဲ ဖြေရှင်းပေးလိုက်ပါ” ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ညွှန်ကြားခဲ့သည်။

မြေယာအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဆိုအန် ဆာရန်က ဝန်ကြီးချုပ်၏ ခြေလှမ်းကို ကြိုဆိုလိုက်ပြီး ယခုခြေလှမ်းမှာ မိသားစု ၇ ခုအတွက်သာမကဘဲ အခြားတောင်းဆိုမှုအားလုံးကိုပါ တစ်ချိန်တည်းဖြေရှင်းပေးနိုင်ရန် စည်ပင်သာယာရေးအဖွဲ့အတွက် အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ချန်း ပူသီဆက်ခ်က ပြောကြားရာတွင် “မရသေးတဲ့ မိသားစု ၃၀ ကျော်လောက်ရှိပါတယ်။ ဘန်ကနယ်အတွက် ပြီးပြည့်စုံတဲ့အဖြေတစ်ခုရှိလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် ဆန္ဒပြနေစရာ မလိုတော့ပါဘူး” ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service