အိမ်ခြံမြေ အရောင်းပြပွဲတို့ရဲ့ ဦးဆောင်ရာ

အိမ်ခြံမြေ အရောင်းပြပွဲတို့ရဲ့ ဦးဆောင်ရာ - Property News in Myanmar from iMyanmarHouse.com
24 Aug 2017 1:22 pm တွင် တင်ခဲ့သည်
1993 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေနှင့် ပတ်သက် ၍ မဖြစ်မနေ ၀င်ရောက်ကြည့်ရှု စုံစမ်းလေ့လာနေရသည့် iMyanmarHouse.com (အိုင်မြန်မာ ဟောက်စ်ဒေါ့ကွန်း) ၏ အရှိန်အဟုန်ပြင်း ပြင်းနှင့် လူတိုင်းအိမ်ပိုင်ဆိုင်နိုင်ရေး ရည် ရွယ်ချက်နှင့် အိမ်ခြံမြေပွဲတို့ကို အစဉ်ကျင်းပ ပေးနေခဲ့သည်။ မကြာခင်ကာလမှာလည်း ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ် ခြံမြေ အရောင်းပြပွဲကြီး ကိုလည်း ကျင်းပတော့မည် ဖြစ်သည်။

ပွဲကျင်းပမည့်အချိန်သည် မိုး နှောင်းကာလ ပွင့်လင်းရာသီဥတုရောက် မည့်အချိန်ကာလလည်း ဖြစ်သည်။ ခြေ ခင်းလက်ခင်းသာသာဖြင့် ပွဲတွင်ရောင်း ချမည့် အိမ်ခြံမြေ၊ ကွန်ဒိုတိုက်ခန်းတို့ ကို လေ့လာဝယ်ယူနိုင်ကြမည်လည်း ဖြစ် သည်။ နိုင်ငံသားတို့ရဲ့ အိမ်ခြံမြေလိုအပ် ချက်တို့ကို အိမ်ခြံမြေနှင့် ဆောက်လုပ် ရေးကုမ်္ပဏီ Developer ကောင်းတို့ကို စုဖွဲ့ပေးပြီး အကြီးဆုံးအိမ်ခြံမြေပွဲကြီးများ ကို ကျင်းပပေးနေခြင်းလည်း ဖြစ်သည်။

နှစ်စဉ်ပွင့်လင်းရာသီနှင့် မိုးရာသီ အထူးအိမ်ခြံမြေ အရောင်းပြပွဲ ကြီးများ ကျင်းပလာနိုင်ခဲ့သည်မှာ (၃)နှစ် အတွင်းရောက်ရှိလာပြီဖြစ်သည်။ iMyanmarHouse.com က ကြီးမှူး ကျင်းပသည့် အထူးအိမ်ခြံမြေအရောင်း ပြပွဲကြီးများကို နှစ်စဉ် အနည်းဆုံး ၂ ကြိမ် ကျင်းပပေးနိုင်ခဲ့သည်။ ကျင်းပသည့် ပွဲစဉ်တိုင်းလည်း အိမ်ခြံမြေနှင့် မကင်း သော ပြည်သူလူထု လာရောက်အားပေး ကြသည်ကလည်း ကြိတ်ကြိတ်တိုး စည် ကားခဲ့သည်။

မြန်မာနိုင်ငံ၏ နံပါတ်တစ် ရောင်းဝယ်ငှား ၀ဘ်ဆိုက်တစ်ခုဖြစ်သော iMyanmarHouse.com ကို ယုံကြည် အပ်နှံပူးပေါင်းသည့် Developer များ သည်လည်း များပြားလှသောကြောင့် တပ်မတော်ခန်းမတွင် မကျင်းပသေး သောအချိန်တို့တွင် သီးခြားပြပွဲတို့အဖြစ် အပတ်စဉ် ပြသရောင်းချပေးနေရသည်။

လက်ရှိကာလ အိမ်ခြံမြေဈေး ကွက် အေးစက်စက်ဖြစ်နေသည်ဟု ဘယ်လို ပြောဆိုနေကြပါသော်လည်း iMyanmarHouse.com (အိုင်မြန်မာ ဟောက်စ်ဒေါ့ကွန်း)အနေနဲ့ အိမ်လိုအပ် သူ ၀ယ်နိုင်စေဖို့ ကျွမ်းကျင် မားကတ် တင်းဝန်ထမ်းတို့၏ အကူအညီဖြင့် ရောင်း သူဝယ်သူ အဆင်ပြေအောင် ပြပွဲများ ခင်းကျင်းပြီး ပြသရောင်းချပေးနေခြင်း ဖြစ်သည်။

ပိုလျှံသူတို့က ရင်းနှီးမြှုပ်နှံလို ၍ ၀ယ်ထားနိုင်စေရန် နေလိုသူတို့ကို လည်း နေထိုင်ရန်အတွက် ၀ယ်ယူနိုင် စေရန် ရောင်းပြပွဲများကို ခင်းကျင်းဖန်တီး ပေးရသည်။

အိမ်ခြံမြေဈေးနှုန်းအကျကို မျှော်လင့်ပြီး ၀ယ်ယူမည့်သူအနေနှင့် ဘယ်လောက်ထိ ဈေးအကျကိုစောင့် မျှော်နေကြမည်နည်း။ ဆောက်လုပ်ရေး လုပ်ငန်းရှင် Developer များအနေနှင့် ကလည်း ခေတ်ကာလ မြေဈေးကြီးမြင့် မှုကို အခြေတည်ပြီးလုပ်ခဲ့ကြရသည်ဖြစ် သဖြင့် အတိုင်းအတာတစ်ခုအထိသာ နှိမ့်ချနိုင်မည်ဖြစ်သည်။ အလကားရတာ ဘာမှမရှိသဖြင့် အလကားရသလောက် မျှော်ထား၍ မဖြစ်နိုင်ပါ။ ရင်းနှီးမြှုပ်နှံ မှု ကြီးမားလှသော လုပ်ငန်းတွင် ထိုက် သင့်သော အဖိုးစားနားကိုတော့ အပေးအယူရှိရမည်ဖြစ်သည်။

အိမ်ခြံမြေဈေးကွက် အေးစက်စက်ဖြစ်နေသည်ဟု ပြောနေကြသော် လည်း နေ့စဉ် ၀ယ်ယူစားသုံးနေရသည့် ဆန်ဆီဆားလိုတော့ သွက်နိုင်မည် မဟုတ် သော်လည်း တစ်သက်လုံးနေထိုင်နားခို ရမည့် အိမ်၊ တိုက်တာ အဆောက်အအုံ ကိုတော့ မိမိ၏ငွေကြေးသုံးစွဲလာနိုင်မှု အပေါ်လိုက်ပြီး ၀ယ်ယူကြပေမည်။

ကွန်ဒိုတိုက်ခန်းဝယ်ဝယ်၊ လုံးချင်းအိမ်ဝယ်ဝယ်၊ တန်ဖိုးနည်း ဝယ် ဝယ်၊ တန်ဖိုးမြင့် ၀ယ်ဝယ် ၀ယ်ယူလိုသူ တို့ ၀ယ်ချင်သည့် အချိန်အဆင်သင့် ဝယ် နိုင်ဖို့ ပစ္စည်းမျိုးစုံရှိနေဖို့လိုသည်။

မြန်မာနိုင်ငံတွင် အထူးသဖြင့် ရန်ကုန်မြို့တော်ကြီးတွင် အိမ်ခြံမြေ ၀ယ် ယူလိုသူတို့အတွက် ပစ်္စည်းစုံရှိနေပေသည်။ ထိုရောင်းချရာပစ်္စည်းမျိုးစုံကို ၀ယ်ယူလိုသများ သိရှိနိုင်ဖို့ ရောင်းချပေး နိုင်ဖို့ iMyanmarHouse.com (အိုင်မြန်မာ ဟောက်စ်ဒေါ့ကွန်း) သည် ဆောက်လုပ် ရေးလုပ်ငန်းရှင်တို့နှင့် ပူးပေါင်းပြီး ပြပွဲ များကို အပတ်စဉ်၊ လစဉ် စဉ်ဆက်မပြတ် ကျင်းပပေးနေသည်မှာ ၂၀၁၇ ခုနှစ်တွင် အထင်အရှား မြင်တွေ့နေရသည်။

ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပမာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တို့ အလေး ထားရာ အိမ်ခြံမြေပြပွဲတို့ကို ဦးဆောင်ရာ iMyanmarHouse.com (အိုင်မြန်မာ ဟောက်စ်ဒေါ့ကွန်း)သည် “လူတိုင်းအိမ် ပိုင်ဆိုင်နိုင်စေဖို့”ဆိုသော ရည်ရွယ်ချက် ဖြင့် ခရီးဆက်နှင်နေဦးမည်သာ...။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိမ်ခြံမြေ အရောင်းပြပွဲတို့ရဲ့ ဦးဆောင်ရာ - Property News in Myanmar from iMyanmarHouse.com
အိမ်ခြံမြေ အရောင်းပြပွဲတို့ရဲ့ ဦးဆောင်ရာ - Property News in Myanmar from iMyanmarHouse.com
အိမ်ခြံမြေ အရောင်းပြပွဲတို့ရဲ့ ဦးဆောင်ရာ - Property News in Myanmar from iMyanmarHouse.com
အိမ်ခြံမြေ အရောင်းပြပွဲတို့ရဲ့ ဦးဆောင်ရာ - Property News in Myanmar from iMyanmarHouse.com
အိမ်ခြံမြေ အရောင်းပြပွဲတို့ရဲ့ ဦးဆောင်ရာ - Property News in Myanmar from iMyanmarHouse.com
အိမ်ခြံမြေ အရောင်းပြပွဲတို့ရဲ့ ဦးဆောင်ရာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service