ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ ယခုနှစ်အစောပိုင်းတွင် အရောင်းဈေးကွက်တင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃ သန်း ဈေးလျှော့ကာ ပြန်လည်အရောင်းဈေးကွက်တင်

ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ ယခုနှစ်အစောပိုင်းတွင် အရောင်းဈေးကွက်တင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃ သန်း ဈေးလျှော့ကာ ပြန်လည်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
24 Aug 2017 11:50 am တွင် တင်ခဲ့သည်
662 ကြိမ် ကြည့်ရှု့ပြီး
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ ယခုနှစ်အစောပိုင်း ဇန်နဝါရီလအတွင်း အရောင်းဈေးကွက်တင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃ သန်း ဈေးလျှော့ကာ ပြန်လည်အရောင်းဈေးကွက်တင်လာကြောင်း ဟောလိဝုဒ်သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဇန်နဝါရီလဈေးကွက်တင်စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၉၉ သန်းဖြစ်ပြီး ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၉ ဒသမ ၉၉ သန်းဖြစ်သည်။
ဇန်နဝါရီဈေးကွက်တင်ပြီးနောက် ရောင်းမထွက်သောကြောင့် မတ်လတွင် ၁၁ ဒသမ ၅ သန်းသို့ လျှော့ချပေးခဲ့သည့်တိုင် ယနေ့တိုင် ရောင်းမထွက်သေးချေ။
ဇန်နဝါရီနှင့် မတ်လဈေးကွက်တင်မှု သတင်းများကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက (၁) ဇန်နဝါရီဈေးကွက်တင်သည့်သတင်း- http://www.imyanmarhouse.com/news/read/563767 (၂) မတ်လဈေးကွက်တင်သည့် သတင်း- http://www.imyanmarhouse.com/news/read/585771 အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

နေအိမ်မှာ စတုရန်းပေ ၇၁၀၀ ကျယ်ဝန်းပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်သည်။နေအိမ်ဝန်းကျင်တွင် ချောက်ကမ်းပါးနှင့် သမုဒ္ဒရာမြင်ကွင်းတို့၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများ ရှုမြင်နိုင်သည်။နေအိမ်အတွင်းတွင် ကြီးမားသော အဝတ်ဗီရို၊ မီဒီယာခန်းမ၊ အားကစားလေ့ကျင့်ခန်းမ၊ အိမ်တွင်းရုံးခန်းတစ်ခုတို့အပြင် ဓာတ်လှေကားတစ်ခုပင် ပါဝင်သည်။ခြံအကျယ်အဝန်းမှာ ၃၆၀၀၀ စတုရန်းပေရှိပြီး ရေကူးကန်တစ်ခု၊ မီးလင်းဖိုပါဝင်သည့် နားနေဆောင်၊ ရေတံခွန်ပါဝင်သည့် ဆိတ်ငြိမ်သော ပန်းဥယျာဉ်တို့ ပါဝင်သည်။

နေစွမ်းအင်သုံး ရေပူစနစ်ပါသည့် ရေကန်တစ်ခုလည်း ပါဝင်ပြီး ပြတင်းများမှာ ခရမ်းလွန်ရောင်ခြည်ကာကွယ်သည့်စနစ်၊ အလိုအလျောက်စနစ်သုံး နေကာများ တပ်ဆင်ထားကာ အခန်းအချို့တွင် ဝါးကြမ်းခင်းများ ခင်းထားသည်။
ဂျိမ်းဖောင်ဒါက ပြောကြားရာတွင် ယင်းနေအိမ်သည် ပါတီပွဲများကျင်းပရန် အလွန်ကောင်းမွန်ပြီး ၎င်း၏ ၇၅ နှစ်ပြည့် မွေးနေ့ပွဲကို မိတ်ဆွေ ၁၅၀ ခန့်ဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားသည်။

ဂျိန်းဖောင်ဒါသည် ဧပြီလအတွင်းတွင် လော့စ်အိန်ဂျလိရှိ အိပ်ခန်း ၄ ခန်းပါနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄၅ သန်းဖြင့် ဝယ်ယူခဲ့ရာ အဆိုပါသတင်းကိုလည်း iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/596626 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ ယခုနှစ်အစောပိုင်းတွင် အရောင်းဈေးကွက်တင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃ သန်း ဈေးလျှော့ကာ ပြန်လည်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ ယခုနှစ်အစောပိုင်းတွင် အရောင်းဈေးကွက်တင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃ သန်း ဈေးလျှော့ကာ ပြန်လည်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ ယခုနှစ်အစောပိုင်းတွင် အရောင်းဈေးကွက်တင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃ သန်း ဈေးလျှော့ကာ ပြန်လည်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ ယခုနှစ်အစောပိုင်းတွင် အရောင်းဈေးကွက်တင်ခဲ့သော ဘီဗာလီဟေးလ်နေအိမ် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃ သန်း ဈေးလျှော့ကာ ပြန်လည်အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service