ကမ္ဘောဒီးယားတွင် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကြီးတည်ရှိရာ ဝန်းအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် နေအိမ်ပေါင်း ၁၇၁ အိမ်ကို အာဏာပိုင်တို့ အင်အားသုံးဖျက်သိမ်း

ကမ္ဘောဒီးယားတွင် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကြီးတည်ရှိရာ ဝန်းအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် နေအိမ်ပေါင်း ၁၇၁ အိမ်ကို အာဏာပိုင်တို့ အင်အားသုံးဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
23 Aug 2017 11:40 am တွင် တင်ခဲ့သည်
1212 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဆီယမ်ရိအမည်ရှိ မြို့ကလေးတစ်ခုရှိပြီး ကမ္ဘာလှည့်ခရီးသည်တို့ ခြေချင်းလိမ်သည့် နေရာတစ်ခုဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများ အလုံးအရင်းလာရောက်ခြင်း၏ အကြောင်းမှာ ဆီယမ်ရိတွင် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကြီး ရှိနေခြင်းကြောင့် ဖြစ်သည်။

ယခုအခါ အဆိုပါဝန်းအတွင်းရှိ တရားမဝင်ဆောက်လုပ်ထားသည့် နေအိမ်ပေါင်း ၁၇၁ အိမ်ကို ဆီယမ်ရိအုပ်ချုပ်ရေးမှူးများနှင့် အန်ကောဝပ် အုပ်ချုပ်ရေးအဖွဲ့ Apsara Authority တို့က အင်အားသုံးဖျက်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။

Apsara Authority မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် လောင်ကိုဆယ်လ်က ပြောကြားရာတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်မှ စတင်ဖျက်သိမ်းလျက်ရှိခြင်းဖြစ်ပြီး နေအိမ်ပေါင်း ၁၄၀ ကို အာဏာပိုင်အဖွဲ့က ဖျက်သိမ်းခဲ့ပြီး ကျန်နေအိမ်များကိုမူ ပိုင်ရှင်တို့ကိုယ်တိုင် ဖျက်သိမ်းခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားသည်။
နေအိမ်များ ဖျက်သိမ်းခြင်းကို နေရာသုံးခုတွင် အဓိကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပရာဆက်ဘန်ကောင်၊ အန်ကော်သွမ်ခရိုင်နှင့် ဆီယမ်ရိတို့တွင် ဖြစ်သည်။

ပရာဆက်ဘန်ကောင်နှင့် ပူအွတ်ခရိုင်တို့တွင် နေအိမ်ဖျက်သိမ်းမှုများ ဆက်လက်ပြုလုပ်သွားဦးမည်ဖြစ်ကြောင်းလည်း လောင်ကိုဆယ်လ်က ပြောကြားသည်။

“ဖျက်သိမ်းလိုက်တဲ့အဆောက်အအုံတွေမှာ နေအိမ်တွေ၊ အငှားအိမ်ခန်းတွေ၊ တဲတွေ၊ ခြံစည်းရိုးတွေနဲ့ ဓာတ်ဆီဆိုင်တွေ ပါဝင်ပါတယ်။ အခုချိန်ထိတော့ ကန့်ကွက်တာတွေ၊ ဆန္ဒပြတာတွေ မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့လည်း နားလည်သဘောပေါက်ပြီး ပိုင်ရှင်တွေကိုယ်တိုင်က အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးတာမျိုးလည်း ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဖျက်သိမ်းခံအိမ်ရှင်တစ်ဦးဖြစ်သူ ဆောဆာရွန်က ပြောကြားရာတွင် ၎င်းအနေဖြင့် ရင်ကွဲမတတ်ခံစားခဲ့ရကြောင်း ပြောကြားသည်။
“၁၉၈၉ ခုနှစ်လောက်တုန်းက အန်ကောဒေသနဲ့ တစ်ကီလိုမီတာဝေးတဲ့နေရာက ဒီမြေကွက်ကို အာဏာပိုင်တွေက ကျွန်တော်တို့ကို ပေးခဲ့ပါတယ်။ ဒါပေမယ့်အခုတော့ အဆောက်အအုံဆောက်တာတွေ တားမြစ်တယ်လို့ ပြောလာပြန်ပါတယ်” ဟု ဆာရွန်က ပြောကြားပြီး အနီးရှိ ဟိုတယ်များကိုမူ လက်ဖျားနှင့်ပင် မတို့ကြကြောင်းလည်း ထောက်ပြသည်။

“ကျွန်တော်နေဖို့အတွက် နေအိမ်ဆောက်ပြီးတာမကြာသေးပါဘူး။ အခုဒါက တရားမဝင်ဖြစ်သွားပြီ။ ကျွန်တော့်အိမ်ကို ဖျက်မယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုပါ သတ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ နေစရာမရှိတော့လို့ပါ” ဟု ဆာရွန်က ထိခိုက်ကြေကွဲစွာ ပြောကြားသည်။

ဆီယမ်ရိမြို့ကလေးသည် ခမာမင်းဆက်တို့ ၉ ရာစုမှ ၁၅ ရာစုအထိ နန်းစိုက်ခဲ့ရာ ဒေသဖြစ်သည်။
အန်ကောဝပ်ဘုရားကျောင်းကြီးသည် ဆီယမ်ရိမြို့ကလေးတွင် တည်ရှိပြီး အန်ကောဝပ်၏ အဓိပ္ပာယ်မှာ ခမာဘာသာတွင် မြို့တော်ဘုရားကျောင်းဟု အဓိပ္ပာယ်ရသည်။

အန်ကောဝပ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဘာသာရေးဆိုင်ရာ အဆောက်အအုံကြီးတစ်ခုဖြစ်ပြီး မြေအကျယ်အဝန်း ၁၆၂ ဒသမ ၆ ဟက်တာ ( ၄၀၂ ဧက) ပေါ်တွင် တည်ရှိသည်။

စတင်တည်ဆောက်စဉ်က ခမာဧကရာဇ်အတွက် ရည်ရွယ်ကာ ဗိဿနိုးဘုရားကျောင်းတော်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ၁၂ ရာစုအကုန်တွင် ဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘောဒီးယားတွင် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကြီးတည်ရှိရာ ဝန်းအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် နေအိမ်ပေါင်း ၁၇၁ အိမ်ကို အာဏာပိုင်တို့ အင်အားသုံးဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကြီးတည်ရှိရာ ဝန်းအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် နေအိမ်ပေါင်း ၁၇၁ အိမ်ကို အာဏာပိုင်တို့ အင်အားသုံးဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းကြီးတည်ရှိရာ ဝန်းအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် နေအိမ်ပေါင်း ၁၇၁ အိမ်ကို အာဏာပိုင်တို့ အင်အားသုံးဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service