စီမံကိန်းချေးငွေများကို အပေါင်ပစ္စည်းမပါဘဲ ငွေချေးနိုင်ရေး နည်းပညာပိုင်းအား ဖြည့်ဆောင်ရွက်မည်ဟု စီမံဘဏ္ဍာ ဒုဝန်ကြီးပြော

စီမံကိန်းချေးငွေများကို အပေါင်ပစ္စည်းမပါဘဲ ငွေချေးနိုင်ရေး နည်းပညာပိုင်းအား ဖြည့်ဆောင်ရွက်မည်ဟု စီမံဘဏ္ဍာ ဒုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
22 Aug 2017 10:58 am တွင် တင်ခဲ့သည်
1846 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၆ ကထွက် ပေါ်လာသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအ သစ် အရ စီမံကိန်းချေးငွေ (Project Loan)များကို အပေါင်ပစ္စည်းမပါဘဲနှင့် စတင်ချေးနိုင်မည်ဖြစ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဆက်ေ အာင်က လွှတ် တော်တွင် ပြောသည်။ သို့သော် လက်ရှိတွင် မြန်မာ့စီးပွားရေး ဘဏ်နှင့် အစိုးရဖက်စပ်ဘဏ် များအနေဖြင့် နည်းပညာပိုင်းဆိုင်ရာကို အာြး ဖည့်၍ ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဝန် ကြီး ဦးဆက်အောင် က ပြောကြားသည်။

ဩဂုတ် ၂၁ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၏ မြန်မာ့စီးပွားရေးဘဏ်နှင့် အစိုးရ ဖက်စပ်ဘဏ်များမှ တင်ဒါအောင်မြင်သူများကို စီမံကိန်း ချေးငွေ ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်ပြီး ပြန်လည် ဖြေကြား ရာတွင် ထည့်သွင်းပြော ကြားခြင်းဖြစ်သည်။

‘‘Project Loan ချေးတဲ့အခါ မှာ မျှော်မှန်းငွေကြေးနှုန်း ဆန်း စစ်လေ့လာခြင်း များကို ဆောင် ရွက်ရမှာ ဖြစ်ပါတယ်။ နောက် စီမံကိန်းရဲ့ လုပ်ငန်းတန်ဖိုး လက် ငင်းတွက်ချက်ခြင်းများကို လုပ်ရ ပါတယ်။ စီမံကိန်းမှာ ပါဝင်တဲ့ လိုအပ် တဲ့ စာချုပ်စာတမ်းများကို ချုပ်ဆိုရပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ထိုကဲ့သို့ ဆောင်ရွက်ရန် နည်းပညာများ အထူးလိုအပ်ပြီး မြန်မာနိုင်ငံတွင် အဆိုပါ နည်းပညာမရှိဘဲ နှစ်ပေါင်းများစွာ အပေါင်ပစ္စည်းဖြင့်သာ ငွေချေး သည့် ထုံးစံရှိခဲ့ရာမှ ယခုအချိန်တွင် စီမံကိန်းချေးငွေဖြင့် စတင်ငွေချေးမည် ဆိုပါက နည်းပညာအားနည်းမှုများသည် မြန်မာနိုင်ငံရှိ ဘဏ်အားလုံးနီးပါး ကြုံတွေ့နေရ ကြောင်း ဦးဆက်အောင်က ဆက်လက်ပြောကြားသည်။

သို့ရာတွင် အချို့သော ဘဏ်များအနေဖြင့်သာ နည်းပညာပိုင်း ဆိုင်ရာကို ပိုမိုမြန်ဆန်စွာ အား ဖြည့်နိုင်၍ ယင်းဘဏ်များတွင် လည်း စီမံကိန်းချေးငွေ များ စတင်ပြီး လျှောက်ထားကာ ချေးယူ၍ ရနေပြီဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

သို့သော်လည်း ပုဂ္ဂလိက လုပ်ငန်းများကို ငွေချေးသည့်အခါ တွင် မြန်မာ့ စီးပွားရေးဘဏ်နှင့် အခြားနိုင်ငံပိုင်ဘဏ်များ အနေ ဖြင့် အပေါင်ပစ္စည်းဖြင့် သာ ချေး ပေးလျက်ရှိနေသေးကြောင်း ဒုတိ ယဝန်ကြီးက ပြောသည်။

‘‘ဘဏ်တွေက အပေါင် ပစ္စည်းကို သိပ်မယူချင်ကြပါဘူး။ ဒါပေမဲ့လို့လည်း အခုငွေချေးတဲ့ ပိုက်ဆံတွေက ပြည်သူလူထုရဲ့ ပိုက်ဆံတွေ၊ ပြည်သူ လူထု ရဲ့ ငွေတွေကို ဘဏ်တွေက မပျောက် မပျက်ထိန်းသိမ်းစောင့်ရှောက်ရ မယ့် တာဝန်ရှိတယ်။ အစိုးရဘဏ် ဖြစ်စေ၊ ပုဂ္ဂလိကဘဏ်ဖြစ်စေ အတူတူပဲ။ သဘောတရားက တော့ လက်လွတ်စပယ်ကြည့်လို့ မရဘူး။ မကြည့်သင့် ဘူးပေါ့’’ဟု ကမ္ဘောဇဘဏ် အကြီးတန်းအကြံ ပေး ဦးသန်းလွင်က ပြောကြား သည်။

အပေါင်မဲ့ချေးသည့်ကိစ္စ သည် လုပ်ငန်းအောင်မြင်ပြီး အ ခြေတည်မှုကောင်း သည့် လုပ်ငန်း များအတွက် အဆင်ပြေသော် လည်း လုပ်ငန်းအသစ်များအ တွက် ချေးပေးရာတွင် ဆုံးရှုံးမည် ဆိုပါက ပြည်သူ၏ငွေများ နစ်နာမည်ဖြစ်ေ ကြာင်း ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်း လွင်က ပြောသည်။

‘‘အပေါင်မဲ့ ချေးတယ်ဆိုတာက လုပ်ငန်းအသစ်ဖြစ်နေမယ်ဆိုရင် ဒီလုပ်ငန်း က အောင်မြင်မယ်၊ မအောင်မြင် ဘူးဆိုတာ တွက်ဆလို့ မရဘူး လေ။ အကျိုး အမြတ်ရှိမယ်၊ မရှိ ဘူး၊ အောင်မြင်မယ်၊ မအောင် မြင်ဘူး၊ တိုးတက်မယ်၊ မ တိုး တက်ဘူးဆိုတာ ပြောရခက် တယ်။ ဒါတွေကို အဘက်ဘက် က ပြန် တွက်ရတယ်။ ကျွန်တော် ကြိုက်တာကတော့ အပေါင်မဲ့ မဟုတ်ဘဲနဲ့ အပေါင် တစ်စိတ်တစ် ဒေသပေါ့။ အပေါင်လျှော့ယူ ပေါ့။ နှစ်ဦးနှစ်ဖက် မျှမျှတတ ကြည့်ရမယ်’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service