နယူးယောက်မြို့တွင် တန်ဖိုးသင့်လူနေခန်းများ တစ်လလျှင် ၅၅၈ ဒေါ်လာဖြင့် ငှားရမ်းပေးမည်ဖြစ်ရာ လျှောက်လွှာများ စတင်လက်ခံလျက်ရှိ

နယူးယောက်မြို့တွင် တန်ဖိုးသင့်လူနေခန်းများ တစ်လလျှင် ၅၅၈ ဒေါ်လာဖြင့် ငှားရမ်းပေးမည်ဖြစ်ရာ လျှောက်လွှာများ စတင်လက်ခံလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
21 Aug 2017 11:21 am တွင် တင်ခဲ့သည်
1140 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့ကြီးတွင် အပိုင်းကြီး ၅ ခုရှိရာ မြို့အရှေ့ခြမ်းနှင့် အလယ်ပိုင်း ဒေသများကို queens ၊ တောင်ဘက်စွန်းကို ဘရွတ်ကလင်း၊ အနောက်ဘက်ကို မန်ဟက်တန်၊ မြောက်ပိုင်းကို the Bronx နှင့် အနောက်တောင်ဘက်တွင် စတာတန်ကျွန်းဟူ၍ှပိုင်းခြားထားသည်။

ယခုအခါ မြောက်ပိုင်းရှိ the Bronx အရပ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သော တန်ဖိုးသင့်လူနေတိုက်ခန်းများ ငှားရမ်းပေးမည်ဖြစ်ရာ လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်သည်ဟု ဆိုသည်။
ငှားရမ်းပေးမည့် အခန်း ပမာဏမှာ ၄၃ ခန်းဖြစ်ပြီး the Bronx ရှိ Highbridge ဒေသတွင်ရှိသော Excelsior II မှ လူနေခန်းများ ဖြစ်သည်။

SLCE Architects မှ ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၆၉ လမ်းတွင်တည်ရှိကာ ၉ ထပ်အဆောက်အအုံဖြစ်သည်။
ငှားရမ်းခမှာ အိပ်ခန်းတစ်ခန်းပါ အခန်းများအတွက် တစ်လလျှင် ကန်ဒေါ်လာ ၅၅၈ ၊ အိပ်ခန်း၂ ခန်းပါအခန်းများအတွက် တစ်လလျှင် ကန်ဒေါ်လာ ၁၀၆၅ တို့ဖြင့် ငှားရမ်းပေးမည် ဖြစ်သည်။

Highbridge အရပ် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းအတွက် Briarwood Organization မှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။
အငှားချပေးမည့် အိမ်ခန်းများတွင် စတူဒီယိုခန်း ၅ ခန်း၊ အိပ်ခန်း ၁ ခန်းပါအခန်း ၃၁ ခန်းနှင့် အိပ်ခန်း ၂ ခန်းပါအခန်းပေါင်း ၂၁ ခန်း ပါဝင်ပြီး ယခုငှားရမ်းပေးမည်မှာ ၄၃ ခန်း ဖြစ်သည်။

စတူဒီယိုခန်းဟူသည်ကား ဧည့်ခန်း၊ အိပ်ခန်းနှင့် မီးဖိုဆောင်တို့ တဆက်တည်းပေါင်းစပ်ထားသော အခန်းငယ်တစ်မျိုးဖြစ်သည်။
နယူးယောက်တွင် နေထိုင်သူများအနေဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နောက်ဆုံးထားကာ လျှောက်ထားနိုင်သည်ဟု ဆိုသည်။
နယူးယောက်မြို့မြောက်ပိုင်း the Bronx အရပ်တွင် နေထိုင်သူများကို ဦးစားပေးသွားမည်ဖြစ်ပြီး အခန်းပမာဏ ၅၀ ရာခိုင်နှုန်းအထိ ဦးစားပေးငှားရမ်းသွားမည် ဖြစ်သည်။

ငှားရမ်းရန်အတွက် မည်သို့လျှောက်ထားရမည်ဟူသည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ဖော်ပြပါ လင့်ခ်ရှိ PDF ဖိုင်တွင် ဖတ်ရှုနိုင်ပါသည်။
ဖတ်ရှုရန်လင့်ခ်- goo.gl/mLebkU

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service