ဘန်ကောက်မြို့မှာ ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ အကျဉ်းထောင်ပုံစံ တည်းခိုဆောင်

ဘန်ကောက်မြို့မှာ ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ အကျဉ်းထောင်ပုံစံ တည်းခိုဆောင် - Property News in Myanmar from iMyanmarHouse.com
18 Aug 2017 10:37 am တွင် တင်ခဲ့သည်
1027 ကြိမ် ကြည့်ရှု့ပြီး
အခန်းကျဉ်းလေးတွေ၊ သတ္ထုသံတိုင်တွေ၊ ကွပ်ပြစ်ပုံစံ ကုတင်တွေနဲ့
အတူ ဘန်ကောက်မြို့ရဲ့ ပထမဆုံးသော အကျဉ်းထောင်ပုံစံ
ဧည့်ရိပ်သာကတော့ လာရောက်တည်းခိုကြမယ့် ဧည့်သည်တွေကို
တကယ့်လက်တွေ့အကျဉ်းသားတစ်ယောက် ထောင်ထဲရောက်သွား
သလို ခံစားသွားရစေနိုင်ပါလိမ့်မယ်။

ဘန်ကောက်မြို့ Udom Suk အရပ်မှာ ရှိတဲ့ Sook Station တည်းခို
ဆောင်မှာ လာရောက်တည်းခိုကြသူတွေအနေနဲ့ ဘတ် ၇၀၀ ပေးပြီး
အကျဉ်းသားတွေ ၀တ်တတ်ကြတဲ့ အစင်းပုံ ညအိပ်ဝတ်စုံကိုပါ
ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

အခန်းကိုးခန်းပါ ယင်း ဧည့်ရိပ်သာကိုတော့ အသက် ၅၅ နှစ်အရွယ် Sittichai Chaivoraprug နဲ့ ၎င်းရဲ့ ဇနီး အသက် ၄၉ နှစ်အရွယ်
Piyanat Teekavanich တို့က ဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်ပြီး
၎င်းတို့ဟာ ယခင်က နည်းပညာလုပ်ငန်းထဲမှာ ကျင်လည်ခဲ့ကြပြီး
ယခုမှ ဧည့်ခံကြိုဆိုရေးလုပ်ငန်းထဲ ပထမဆုံးအကြိမ် ၀င်ရောက်
လုပ်ကိုင်လာတာဖြစ်ပါတယ်။

အလားတူ Morgan Freeman နဲ့ Tim Robbins တို့ အဓိကပါဝင်
သရုပ်ဆောင်ထားခဲ့တဲ့ အကျဉ်းထောင်ဇာတ်ကားကို မှီးငြမ်းပြီး
ယခုလို ထောင်ပုံစံ တည်းခိုခန်း ဖွင့်ဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်လို့
လည်း သိရပါတယ်။

ယင်း တည်းခိုဆောင်ရဲ့ ဒီဇိုင်းအဆင်အပြင်ထဲမှာဆိုရင်လည်း
အခန်းနှစ်ခန်းမှာ တည်းခိုမယ့်သူတွေအတွက် ထောင်ထဲက
တိုက်ပိတ်ခံထားရသလို ခံစားချက်မျိုး ရရှိစေနိုင်အောင်လို့လည်း
တံခါးနဲ့ ပြတင်းပေါက်တွေကို အမဲရောင်အလုံပိတ်ပုံစံ ပြင်ဆင်
ထားတာမျိုးတွေလည်း ပါဝင်ပါတယ်။
ပိတ်လှောင်ခံရလို့ ကြောက်ရွံ့စိတ် ၀င်လာမိတတ်တဲ့ ဧည့်သည်မျိုး
တွေအတွက် အဆင်ပြေစေနိုင်ဖို့ အခန်းခုနှစ်ခန်းမှာ လသာဆောင်
သေးတွေ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

ယင်း Sook Station တည်းခိုဆောင်မှာ ဧည့်သည်တွေအနေနဲ့
တစ်ညကို ဘတ် ၇၉၀ ကနေ ၁,၆၃၀ အထိ အစားစားရှိတဲ့ အခန်း
တွေမှာ တည်းခိုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ကတော့ ယခုနှစ် ၂၀၁၇ မှာ နိုင်ငံလူဦးရေရဲ့
ထက်ဝက်နီးပါး ပမာဏဖြစ်တဲ့ နိုင်ငံခြားခရီးသွားဦးရေ ၃၅ သန်းနီး
ပါးလောက် လာရောက်လည်ပတ်မယ်လို့ မျှော်လင့်ထားလျက်
ရှိတယ်လို့လည်း သိရပါတယ်။

Credit: SFJ Strategy First
ဘန်ကောက်မြို့မှာ ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ အကျဉ်းထောင်ပုံစံ တည်းခိုဆောင် - Property News in Myanmar from iMyanmarHouse.com
ဘန်ကောက်မြို့မှာ ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ အကျဉ်းထောင်ပုံစံ တည်းခိုဆောင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service