အခုနှစ်အတွင်း ဘဏ်ခွဲပေါင်း ၅၀၀ အထိရှိလာအောင်
လုပ်ဆောင်နေတယ်လို့ ကမ္ဘောဇလုပ်ငန်းစုရဲ့ Senior
Managing Director ဦးညိုမြင့်ထံကသိရပါတယ်။
လက်ရှိအချိန်အထိ ဘဏ်ခွဲပေါင်း ၄၈၂ ခုအထိရှိနေပြီး
အခုနှစ်အောက်တိုဘာလကုန်အထိ ဘဏ်ခွဲ ၁၂ ခု
ထပ်ပြီးတိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါ
တယ်။
“လက်ရှိကျွန်တော်တို့ဆီမှာ ဘဏ်ခွဲ ၄၈၀ ကျော်ပေါ့၊
ဘဏ်ခွဲအများဆုံးရှိတဲ့ဘဏ်ပေါ့၊ အခုနှစ်အောက်တိုဘာ
ဆိုရင်ပဲ ဘဏ်ခွဲ ၅၀၀ အထိတိုးချဲ့ဖွင့်လှစ်သွားဖို့ပါ”လို့
သူကပြောပါတယ်။
ကမ္ဘောဇလုပ်ငန်းစုရဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုးချဲ့နိုင်ဖို့ပြင်ဆင်နေပြီး
လက်ရှိ ATM စက်အရေအတွက်လည်း တစ်ထောင်အ
ထိရှိလာခဲ့ပြီလို့ သိရပါတယ်။
ပြည်တွင်းဘဏ်လုပ်ငန်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့
တိုးချဲဘဏ်ခွဲများသလို လက်ရှိဒေသတွင်း အာရှနိုင်ငံ
တွေဖြစ်တဲ့ ထိုင်း၊မလေးနဲ့စင်္ကာပူတို့မှာ ဘဏ်ကိုယ်စား
လှယ်ရုံးခွဲတွေ သွားရောက်ဖွင့်လှစ်ထားတယ်လို့
သိရပါ တယ်။
Credit: SFJ Strategy First