သီရိမင်္ဂလာဈေးဟောင်းမှ စီးပွားရေးလုပ်ငန်းများမိမိအစီအစဉ်နှင့်သာပြောင်းရွေဖွင့်လှစ်ရမည်

သီရိမင်္ဂလာဈေးဟောင်းမှ စီးပွားရေးလုပ်ငန်းများမိမိအစီအစဉ်နှင့်သာပြောင်းရွေဖွင့်လှစ်ရမည် - Property News in Myanmar from iMyanmarHouse.com
18 Aug 2017 9:38 am တွင် တင်ခဲ့သည်
2092 ကြိမ် ကြည့်ရှု့ပြီး
ကြည့်မြင်တိုင် မြို့နယ်ရှိ သိရိမင်္ဂလာဈေးဟောင်းကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သောကြောင့် ယင်းအပေါ်တွင်လုပ်ကိုင်နေသည့်စီးပွားရေးလုပ်ငန်းများ မိမအစီအစဉ်နှင့်သာ မိမိ ပြောင်းရွေ့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆောက်အဦးကို ဖြိုဖျက်သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ( အဆောက်အအုံ) ဌာနမှ သတင်းရရှိသည်။

ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ သြဂုတ်လ ၁၆ ရက်နေ့တွင် သိရိမင်္ဂလာဈေးဟောင်းကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။

" အန္တရယ်ရှိ အဆောက်အအုံလို့သတ်မှတ်လိုက်ပြီဆိုတော အဆောက်အအုံကိုဖြိုမယ် ဈေးထဲမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြောင်းရွေ့ရမှာပေါ့ ကျနော်တို့ စည်ပင်မှာလဲ သူတို့ကိုနေရာအစားပေးစရာ မရှိဘူးလေ " ဟု အဆိုပါဌာနမှ ဒုဌာနမှူး ဦးနေ၀င်းကပြောသည်။

ထို့ပြင် စည်ပင်သာယာရေး ကော်မတီ ဌာနအသီးသီးမှ သိရိမင်္ဂလာဈေးအတွင်းရှိ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

အန္တရာယ် ရှိကြောင်းသတ်မှတ်လိုက်ပြီဖြစ်သောကြောင့်လက်ရှိ ယာဉ် အရောင်းအ၀ယ်ပြုလုပ်နေသူများအနေဖြင့် စည်ပင်ပိုင် လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရေးစခန်းသို့ပြောင့်ရွေရောင်းချရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ဈေးဟောင်းပေါ်ရှိ စီးပွားရေးလုပ်ငန်းများနှင့် အဆောက် အဦးများကို ဖယ်ရှားရန် အချိန်ယူရဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင် သတိပေးစာ တစ်စာင်လည်းထုတ်ပြန်သွား ရန်လည်းစီစဉ်ထားသည်။

သိရီမင်္ဂလာဈေးဟောင်းမှာ လက်ရှိတွင် ကားပွဲစားတန်းနှင့် လူနေအခန်းတချို့ရှိသည်။ လွန်ခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက်ပေါ်တွင် သိရိမင်္ဂလာဈေး၏ ကြံခိုင်မှုအားနည်းနေကြောင်း သတင်းများ ပျံနှံ့ခဲ့ပြီးအင်ဂျင်နီယာဌာန(အဆောက်အအုံ) စစ်ဆေးရေးအဖွဲ့မှ သြဂုတ်လ ၁၁ ရက်နေ့တွင် သွားရောက စစ်ဆေးခဲ့သည်။

ဈေးဟောင်းမှာ မျက်နှာကျက်ပြိုကျမှုများ၊ အထပ်လိုက် အောက်ခံမြေသား မခိုင်ခန့်မှုများနှင့် အဆောက်အဦး ပင်မတိုင်များ နှင့် အရံတိုင်များ ကြံခိုင်မှု အားနည်းနေသည်ဟု စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့သည်။

" အွန်လိုင်းပေါ်မှတက်လာမှ ဌာနက လာစစ်တာဆိုတော့ အခု့လိုဖြစ်နေတာကြာပြီစည်ပင်ကမသိဘူးလား ကျနော်တို့တွေအဆောက်အအဦးတွေမှာအက်ကွဲကြောင်းတွေတွေ့နေတာကြာလှပြီ နေရာ မရှိတော့ဒီလိုပဲ နေလိုက်ကြတာ ပြောင်းဖို့ရွေဖို့ဆိုရင်ကျနော်တို့ကို အချိန်တစ်ခုတော့ပေးဈေချင်တယ် " ဟု လက်ရှိ ဈေးဟောင်းတွင် မော်တော်ယာဉ် အရောင်းအ၀ယ်ပြုလုပ်နေသူ ဦးဇေယျကဆိုသည်။

ဖြိုဖျက်ခံရမည့် သီရိမင်္ဂလာဈေဟောင်းတွင် ယခင်ကရန်ကုန်တွင် အကြီးဆူံးကုန်စိမ်းဈေးကြီးအဖြစ်ဖွင့်လှစ်ခဲ့ရာမှ ဆိုင်ခန်းများနှင့်ဈေးသည်များကို ၂၀၁၀တွင်လှိုင်မြို့နယ် ပိတောက်ချောင်းဈေးသစ်သို့ပြောင်းရွေဖွင့်လှစ်စေခဲ့သည်။

လက်ရှိ အထပ်ငါးထပ်အမြင့်ရှသော ဈေးဟောင်းတွင် ကုမ္ပဏီနှင့်ရုံးခန်းများစားသောက်ဆိုင်များဟိုတယ်များ အပါဝင်ယာဉ်အရောင်းအ၀ယ် ပြုလုပ်မှုများ လုပ်ဆောင်လျှက်ရှိသည်။

လက်ရှိ ဈေးကြီးသည် ၁၉၉၇ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ယခင်က မော်တော်ယာဉ်များ ရပ်နားခဲ့သည့် ကားဂိုဒေါင်ကြီး ဖြစ်ပြီးနောက်ပိုင်းဈေးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service