ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းချနေသည့် သီလ၀ါရှယ်ယာ၏ ဈေးနှုန်း များမှာ စတင်ရောင်းချသည့် တစ်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးဈေးနှုန်း အဖြစ် ရှယ်ယာတစ်စု ကျပ် ၃၃၀၀ သို့ ထိုးဆင်းလာပြီး ပထမပုဂ္ဂလိကဘဏ် ရှယ်ယာများပါ ဈေးနှုန်းကျဆင်းမှု ဆက်လက်ဖြစ်ပေါ်ကာ ရှယ်ယာစတင်ေ ရာင်းချသည့် ရှစ်လတာကာလအတွင်း ရှယ်ယာတစ်စု ကျပ် ၂၂၅၀၀ သို့ေ ရာက်ရှိခဲ့ကြောင်း သြဂုတ် ၁၆ ရက်တွင် ဖြစ်ပေါ်သည့် ဈေးကွက် အရောင်း အ၀ယ် ဖြစ်မှုများအရ သိရသည်။
သီလ၀ါရှယ်ယာသည် ရှယ်ယာခွဲစိတ် မှုမပြုမီစတော့အိတ်ချိန်း၌ အဖွင့်ဈေး ကျပ် ၄၀၀၀၀ ဖြင့် စတင်ခဲ့သော်လည်း ရောင်းချရမှုတွင် ရှယ်ယာတစ်စု ကျပ် ၅၀၀၀၀ ဖြစ်ကာ အမြင့်ဆုံးဈေးမှာ ရှယ်ယာတစ်စုကျပ် ၇၀၀၀၀ ဖြစ်ခဲ့သည်။ အနိမ့်ဆုံးဈေးနှုန်းမှာ ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ ဖြစ်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှ စတင် ကာ ရှယ်ယာအရောင်းအ၀ယ် ပြုလုပ်မှု ခေတ္တရပ်ဆိုင်းပြီး ရှယ်ယာခွဲစိတ် မှုပြုကာ နိုဝင်ဘာ ၄ ရက်မှ စတင်၍ ရှယ်ယာတစ်စုလျှင် ကျပ် ၅၁၀၀ ဖြင့် ရန်ကုန်စတော့အိတ်ချိန်း၌ ပြန်လည်ရောင်းချခဲ့ရာ ရှယ်ယာတစ်စု ကျပ် ၅၃၀၀ အထိ မြင့်တက်ခဲ့သည်။ ထိုသို့ မြင့်တက်မှုမှ ၂၀၁၇ ခုနှစ် မေ ၂၅ ရက်နှင့် ၂၆ ရက်တွင် သီလ၀ါရှယ်ယာဈေး နှုန်းကျဆင်းမှု ဆက်လက်ဖြစ်ေ ပ်ါကာ ရှယ်ယာတစ်စု ကျပ် ၃၈၀၀ သို့ ရောက်ရှိခဲ့သည်။ ထို့ပြင် မေ ၂၉ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၃၇၀၀၊ သြဂုတ် ၁၄ ရက်တွင် ကျပ် ၃၆၅၀၊ သြဂုတ် ၁၅ ရက်တွင် ကျပ် ၃၅၅၀ မှ သြဂုတ် ၁၆ ရက် အဖွင့်ဈေးတွင် ရှယ် ယာတစ်စု ကျပ် ၃၃၀၀ သို့ ရောက်ရှိကာ နေ့စဉ်ဈေးနှုန်းကျဆင်းသည့် အခြေ အနေ ဖြစ်ပေါ်ခဲ့သည်။
သီလ၀ါရှယ်ယာနည်းတူ ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်နေသည့် ပထမပုဂ္ဂလိက ဘဏ်ရှယ်ယာမှာလည်း ဈေးနှုန်းကျဆင်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး လက် ရှိတွင် ရှယ်ယာတစ်စု ကျပ် ၂၂၅၀၀ အထိ ကျဆင်းသွားကြောင်း သြဂုတ် ၁၆ ရက်တွင် ဖြစ်ပေါ်သည့် ရှယ်ယာအရောင်းအ၀ယ် ပြုလုပ်မှုများအရ သိရသည်။
ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာတန်ဖိုးမှာ စတင်ရောင်းချသည့် လေး ရက် အတွင်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀ အောက်သို့ ဇန်န၀ါရီ ၂၅ ရက်တွင် ရောက်ရှိခဲ့ပြီး ကျပ် ၃၃၅၀၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။ ဇန်န၀ါရီ ၃၁ ရက်တွင် ကျပ် ၃၀၅၀၀ ဧပြီ ၄ ရက်တွင် ကျပ် ၂၉၅၀၀ ၊ မေ ၁၁ ရက်တွင် ကျပ် ၂၈၀၀၀ ၊ မေ ၁၅ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၂၇၀၀၀၊ ဇူလိုင် ၁၄ ရက်တွင် ကျပ် ၂၄၀၀၀ နှင့် သြဂုတ် ၂ ရက်တွင် ကျပ် ၂၃၅၀၀၊ သြဂုတ် ၁၄ ရက် တွင် ရှယ်ယာတစ်စု ကျပ် ၂၃၀၀၀ မှ သြဂုတ် ၁၆ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၂၂၅၀၀ အထိ ကျဆင်းခဲ့ကြောင်း သိရသည်။
Credit: Eleven Media Group