မြေကွက်ငယ်များကို ဂရန်ထုတ်ပေးမှုကြောင့် အိမ်မြေဈေးကွက် အားသာချက်များ ရှိလာနိုင်

မြေကွက်ငယ်များကို ဂရန်ထုတ်ပေးမှုကြောင့် အိမ်မြေဈေးကွက် အားသာချက်များ ရှိလာနိုင် - Property News in Myanmar from iMyanmarHouse.com
17 Aug 2017 11:34 am တွင် တင်ခဲ့သည်
1378 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ဦးပိုင် အမှတ်ရှိ မြေကွက်များကို ဧရိယာစတုရန်းပေ ၁,၂ဝဝ၊ မျက်နှာဖွင့် ပေ ၂ဝ ရှိမှသာ ခွဲစိတ်ခွင့် ဂရန်လျှောက်ထားခြင်းကို ပယ်ဖျက်ပြီး ဧရိယာစတုရန်းပေ ၁,၂ဝဝ အောက်မြေကွက်ငယ်များကိုပါ ဂရန်ထုတ်ပေးရန် သတ်မှတ်လိုက် သည့် အတွက် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်အတွက် အားသာချက် များ ရှိလာနိုင်ကြောင်း အကျိုးဆောင်တချို့က ပြောသည်။

မြေကွက်ပေါ်တွင် အခိုင်အမာ အဆောက်အအုံဖြင့်နေထိုင်လျက်ရှိခြင်း၊ အနားလေးဘက် ခိုင်မာမှုရှိခြင်း၊ ဝင်လမ်း ထွက်လမ်း ကောင်းမွန်မှုရှိခြင်း၊ ကျန်းမာရေးနှင့်မီးဘေးအန္တရာယ်များ ထိခိုက်မှုမရှိခြင်း စသည့်အချက်များနှင့် ကိုက်ညီပါက ဧရိယာစတုရန်းပေ ၁,၂ဝဝ အောက်မြေကွက်များကို ဦးပိုင်ခွဲ စိတ်ခွင့်ကို မြေတည်နေရာမြို့နယ်၊ မြေအမျိုးအစားအလိုက် တစ်စတုရန်းပေ လျှင် ကျပ် ၂ဝဝ မှကျပ် ၆ဝဝ အတွင်း သတ်မှတ်နှုန်းထားဖြင့် ပေးသွင်းေ စပြီး မြေဂရန်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့်စည်ပင်သာယာရေးကော်မတီ
မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနကို တိုက်ရိုက်လျှောက်ထားနိုင်ကြေ ကြာင်း စည်ပင်သာယာမှ ထုတ်ဝေသော မြို့ခံ မန္တလေးနေ့စဉ်သတင်းစာ တွင် ယခုလ ၁၃ ရက်က တရားဝင်အသိပေး ထုတ်ပြန်ထားသည်။

''မြေကွက်ငယ်တွေကို ဒီလိုအမည်ပေါက်ပိုင်ခွင့် လုပ်လို့ရတဲ့အတွက် မြေ ယာနဲ့ဆိုင်တဲ့ အမှုအခင်းတွေ၊ အရှုပ်အရှင်းဖြစ်ရတာတွေ နည်းပါးသွားနိုင် ပါတယ်။ ပြီးတော့အသေးစားနဲ့ အလတ်စား ချေးငွေရဖို့အတွက် လုပ်ဆောင်နို င်ကြမယ်။ တန်ကြေးမြင့်တဲ့ မြေကွက်တွေကို ဝယ်ယူဖို့ မတတ်နိုင်သူတွေအေ နနဲ့ ကိုယ်နိုင်တဲ့ ငွေပမာဏနဲ့ စိတ်ပိုင်းပြီးရောင်းတဲ့ မြေကွက်ငယ်တွေကို ဝယ်ကြလေ့ရှိပါတယ်။ ဒါကြောင့် ဒီမြေကွက်ငယ်တွေကို ဝယ်ဖို့ ရည်ရွယ် သူတွေအနေနဲ့ ဂရန်ဖောက် ခွင့်ပေးမယ်ဆိုတော့ အကောင်အထည်ဖော်တဲ့
အဆင့်အထိ ရောက်လာကြမယ်။ သက်ဆိုင်ရာလည်း အခွန်ရမယ်''ဟု မန္တေ လးမြို့ရှိ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ယခုလ ၁၄ ရက်တွင် ပြောသည်။

ဂရန်လျှောက်ထားရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်ပါလျက် ဝန်ထမ်း များက တမင်ကြန့်ကြာအောင်ဆောင်ရွက်ခြင်း၊ မသမာသော ငွေကြေးေ တာင်းခံခြင်းများရှိပါက မြို့တော်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးဦး သို့မဟုတ် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ဌာနမှူးကို ဆက်သွယ် အ သိပေးနိုင်ကြောင်း၊ ယခုကဲ့သို့ ဖြေလျှော့ပေးခြင်းမှာ မြို့ကွက်သစ်ဖော် ထုတ်ရေးအဖွဲ့က မြေကွက်များချထားပေးခဲ့ရာတွင် ၁၅ ပေ၊ ပေ ၄ဝ၊ ပေ ၂ဝ၊ ပေ ၃ဝ မြေကွက်များ ချထားပေးခဲ့ခြင်း၊ မြို့တွင်း၌ ဝယ်ယူနေထိုင်သူများ က မိမိတို့တတ်နိုင်သော ငွေကြေးဖြင့် မြေကွက်ငယ်များ ခွဲစိတ်ဝယ်ယူနေ ထိုင်ကြခြင်းတို့ကြောင့် အဆင်ပြေစေရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း လည်း စည်ပင်သာယာက အသိပေးထားသည်။

''ဒီနေ့ မနက်ပိုင်းမှာကို မြေကွက်လေးတွေကို အမေးအမြန်း တော်တော်လေး တက်လာတယ်။ စည်ပင်သာယာက ဒီလိုဖွင့်ပေးလိုက်တာကို ကျွန်တော် တို့ကတော့ ကြိုဆိုပါတယ်။ တချို့ ငွေကြေးအများကြီး မတတ်နိုင်သူတွေ ကျေ တာ့မြေကွက်ကျဉ်းလေးတွေကိုပဲ ဝယ်ကြရတာလေ။ မြေပိုင်ဆိုင်မှု အရှုပ်အ ရှင်းလည်း အထိုက်အလျောက် ကင်းသွားနိုင်ပါတယ်'' ဟု မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင် ဦးမောင်မောင်ဦးက ယခုလ ၁၄ ရက်တွင် ပြော သည်။

မန္တလေးမြို့ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်မှာ ကာလကြာ အေးစ က်နေကာ လတ်တလောတွင် ကျပ်သိန်း ၅ဝဝ နှင့် ကျပ်သိန်း ၁,ဝဝဝ ကြား တန်ကြေးရှိ မြေကွက်များကို မေးမြန်းမှုများကြောင်း ဈေးကွက်သတင်းများအရ သိရသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service