မြန်မာ့စီးပွားရေးပြန်လည်ဦးမော့လာရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပုဂ္ဂလိကဘဏ် ၂၂ ဘဏ်၏ဥက္ကဋ္ဌတို့ တွေ့ဆုံ

မြန်မာ့စီးပွားရေးပြန်လည်ဦးမော့လာရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပုဂ္ဂလိကဘဏ် ၂၂ ဘဏ်၏ဥက္ကဋ္ဌတို့ တွေ့ဆုံ - Property News in Myanmar from iMyanmarHouse.com
17 Aug 2017 10:24 am တွင် တင်ခဲ့သည်
1987 ကြိမ် ကြည့်ရှု့ပြီး
ဘဏ်စနစ်ပြုပြင်ပြောင်းလဲရာတွင် အစိုးရဘက်မှ မူဝါဒပိုင်းဆိုင်ရာများ ကို ဖြေလျှော့ပေးသွားမည်ဟုဆို

မြန်မာ့စီးပွား ရေးပြန်လည်ဦးမော့လာစေရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၂ ဘဏ် ၏ ဥက္ကဋ္ဌများနှင့် သြဂုတ် ၁၅ ရက် က နေပြည်တော်ရှိ နိုင်ငံတော် အတိုင် ပင်ခံရုံးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေး နွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး က ''ဒီနေ့နိုင်ငံတော်၏အတိုင်ပင်ခံနဲ့ ပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌတွေနဲ့တွေ့တာ ဟုတ် ပါတယ်။ ဘဏ်လုပ်ငန်းဥက္ကဋ္ဌ တွေနဲ့တွေ့ပြီးတော့ မြန်မာ့စီးပွားရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်''ဟု သြဂုတ် ၁၅ ရက်က ဒီမိုကရေစီ တူဒေးသို့ပြောသည်။

အဆိုပါတွေ့ဆုံပွဲကို မွန်းလွဲ ၂ နာရီတွင် စတင်ခဲ့ပြီး အစည်းအဝေး တက်ေ ရာက်လာကြသူများက ပုဂ္ဂလိက ပိုင်ဘဏ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးနှင့် စီးပွာေးရးလုပ်ငန်းဆိုင်ရာများ ရင်းရင်းနှီးနှီးပွင့်ပွင့် လင်းလင်း ဆွေး နွေး ကြပြီးနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အပိုင်းမှ ပံ့ပိုး ကူညီနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြားကာ အစည်း အဝေးကို မွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း နိုင်ငံ တော် အတိုင်ပင်ခံရုံးက သတင်းထုတ် ပြန်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သော ဦးကျော်တင့်ဆွေနှင့် ဒေါက် တာအောင်သူ၊ ဒုတိယဝန်ကြီးဦးမင်း သူ၊ မြန် မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစိုး မင်းနှင့် ဦးဘိုဘို ငယ်၊ ပုဂ္ဂလိကဘဏ် ၂၂ ခုမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များတက်ရောက် ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံ၏စီးပွားရေးအပေါ် အထောက် အကြူ ဖစ်စေရန်အတွက် ဘဏ်စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရန် အဓိကထားေ ဆွးနွေးခဲ့ကြပြီး ဘဏ်စနစ်ပြုပြင် ပြောင်းလဲရာတွင် အစိုးရဘက်မှ မူဝါဒပိုင်း ဆိုင်ရာများကို ဖြေလျှော့ပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ တက် ရောက်ခဲ့သူအချို့ထံမှ သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သူ အသေးစားနှင့်အလတ် စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် CEO ဒေါက်တာဇေယျာညွှန့်က ''နိုင်ငံရဲ့အဓိက ယန္တရားဖြစ်တဲ့ ဘဏ်စနစ်ကို အကောင်းဆုံးဖြစ်အောင်လို့ ပုဂ္ဂလိကဘဏ်ေ တွနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေးခဲ့ကြ တာပါ။ နိုင်ငံတော် ဘက်ကလည်း ဘဏ်စနစ်ကောင်းမွန်အောင် ဆိုပြီး တော့ ဖြေလျှော့ သင့်တာတွေ ဖြေ လျှော့ပေးသွားမယ်၊ ပြင်ဆင်သင့်တာ တွေ ပြင်ဆင်ပေးသွားမယ် ဒါတွေကို ပဲအဓိကပြင်သွားမယ်ပေါ့''ဟု သြဂုတ် ၁၅ ရက်က ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်တစ် ဦးက ''နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ဝန်ကြီး ဌာနရယ်၊ ဘဏ် အသင်းရယ်နဲ့ ဘဏ်လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးကြတာပါ။ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့အတွက် အားလုံးအတူတကွ ပူးပေါင်းဆောင် ရွက်ဖို့ပါ။ ဘဏ် လုပ်ငန်းကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုလည်းဆွေးနွေး ကြတာပါ''ဟု ဒီမိုက ရေစီတူဒေးသတင်းစာသို့ ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဘဏ်လုပ်ငန်းရှင်များ၏ တွေ့ဆုံ မှု အပေါ်တွင် မြန်မာ့စီးပွားရေးအ သိုင်းအဝိုင်းမှလုပ်ငန်းရှင်များက အပြု သေ ဘာဆောင်သည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်နေ ကြပြီး၊ မြန် မာ့စီးပွားရေးတိုးတက် စေရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ ဖြေေ လျှာ့ပေးနိုင်ရန်အ တွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်နိုင် ကြောင်း ယူဆထား ကြသည်။

ကုန်သည်စက်မှုအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦး အောင် ကြည်စိုးက ''နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ နိုင်ငံ ရဲ့စီးပွားရေးကိုဦးတည် ပြီး ဆွေးနွေးပြီဆိုတော့ စီးပွားရေး ကဏ္ဍအတွက်ေ တာ့ ကောင်းတဲ့တိုး တက်မှုတစ်ခုလို့ပဲမြင်ပါတယ်။ ကဏ္ဍ အားလုံးတိုးတက် ဖို့ဆိုတာကလည်း Access to Finance ကအရေးကြီး တဲ့အတွက်ကြောင့် ဒီကဏ္ဍကိုပိုပြီး တောူ့ငဘနမေူငဖန လုပ်ဖို့အတွက် ဆွေးနွေးတယ်လို့တော့ ကျွန်တော် ယူဆပါတယ်''ဟု သြဂုတ် ၁၅ ရက် က ဒီမိုကရေစီတူဒေးသို့ ပြော သည်။

မြန်မာ့စီးပွားရေးတိုးတက်စေရန်အတွက် ယခုကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်နှင့် ဘဏ်လုပ်ငန်း ရှင်များတွေ့ဆုံသကဲ့သို့ အခြားသော စီးပွားရေး ကဏ္ဍများမှ လုပ်ငန်းရှင် များနှင့်လည်း တွေ့ဆုံဆွေးနွေးနိုင် မည်ဆိုပါက မြန် မာ့စီးပွားရေးအတွက် ပိုမို အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကဆိုသည်။

ဒေါက်တာစိုးထွန်းက''အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စိတ်ဝင်တ စားနဲ့ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်ပြီးဆွေးနွေးတယ်ဆိုတာ ကတော့ေ ကာင်းတဲ့ လက္ခဏာပဲဖြစ်ပါ တယ်။ ဘဏ်လုပ်ငန်းရှင်တွေနဲ့တွေ့ တယ်ဆို တာလည်း ကောင်းပါတယ်။ ဒါပေမယ့် အခုလိုပဲ တခြားလုပ်ငန်းရှင်တွေကို လည်း ဖိတ်ခေါ်ပြီး ဆွေး နွေးမယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ်တိုင်း ပြည် အတွက် ပိုပြီးထိရောက်ပြီးတော့ အကျိုးရှိမယ်လို့ထင်ပါတယ်။

အခု ဆွေးနွေးပွဲကလည်း ဘယ်လောက်အထိ ထိရောက်မှုရှိ မလဲ ဆိုတာ ကိုတော့ လောလောဆယ်ပြောလို့ တော့မရသေး ပါဘူး။ အပြုသဘောေ တာ့ ဆောင်လာပါပြီ၊ စီးပွားရေးကိုလည်း အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်တဲ့ သဘော ဖြစ်တာကြောင့် ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်''ဟု သြဂုတ် ၁၅ ရက် က ပြောသည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service