မြန်မာပြည်သူ ၁၃ သန်းခွဲ နေရန်မသင့်တော်သော အိမ်များတွင် နေထိုင်နေရ

မြန်မာပြည်သူ ၁၃ သန်းခွဲ နေရန်မသင့်တော်သော အိမ်များတွင် နေထိုင်နေရ - Property News in Myanmar from iMyanmarHouse.com
17 Aug 2017 10:16 am တွင် တင်ခဲ့သည်
870 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့လူဦးရေ၏ လေးပုံတစ်ပုံမျှ ပမာဏ ဖြစ်သော ပြည်သူ ၁၃ သန်းခွဲခန့် သည် နေထိုင်ရန် မသင့်လျော်သော ဟောင်းနွမ်း ယိုယွင်းနေသည့် အိမ်များ တွင် နေထိုင်နေရကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ သြဂုတ် ၁၁ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် သုံးနှစ်က ကောက်ယူထားသော ပြည်လုံးကျွတ် သန်းခေါင်စာရင်း အရ ရရှိလာသော အချက်အလက်များကို ဆန်းစစ်ကာ ၄င်းတို့က ထုတ်ပြန် လိုက်ခြင်းဖြစ်ပြီး ယခုကာလတွင်ဆိုလျှင် ယင်းလူဦးရေ ပမာဏထက် ပို၍ပင် များနိုင်ကြောင်းလည်းဆိုထားသည်။

မလုံခြုံ စိတ်မချရသော အိုးအိမ်များတွင် နေထိုင်နေရသော နိုင်ငံသားများ၏ လိုအပ်ချက်ကို ဖြေရှင်းရန် အိမ်အသစ်များ သို့မဟုတ် ပြန်ပြင်ထားသော အိမ်စုစုပေါင်း လေးသန်းနီးပါး အရေးတကြီး လိုအပ်နေ ကြောင်းလည်း သူ တို့ကပြောကြားထားသည်။

''အိမ်လို့ဆိုလိုက်တာနဲ့ မိသားစုတွေ အတွက် ကိုယ်ပိုင်သီးသန့်နေရာ ဆိုတာ အပြင် ဇနီးမောင်နှံတွေအတွက်လည်း နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင် နေ ထိုင်နိုင်မယ့် နေရာမျိုးရှိဖို့ လိုပါတယ်''ဟု အဆိုပါအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စဂျဲနက်ဂျက်ဆင်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အိမ်ပိုင်ဆိုင်သူဦးရေမှာ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းကျော်ရှိသော်လည်း မြို့ပြနေလူထု၏ သုံးပုံတစ်ပုံကျော် (၃၄ ရာခိုင်နှုန်း)မှာ အိမ်မပိုင်ကြဘဲ အသက် ၃၅ နှစ်အောက် လူငယ်များဆိုလျှင် လည်း စုစုပေါင်းဦးရေ၏ ခုနစ်ပုံတစ်ပုံ (၁၄ ဒသမ ၆ ရာခိုင်နှုန်း)ကသာ အိမ် ပိုင်ကြသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

''မိသားစုကို ထောက်ပံ့ပေးနေရတဲ့ လူငယ်တွေဟာ တခြားသူတွေလိုပဲ စိတ် ချရတဲ့ အိုးအိမ်ပိုင်ဆိုင်မှုရှိဖို့၊ ပြီးတော့ နေထိုင်ရာအိမ်တွေဟာ လုံခြုံ စိတ်ချရ ဖို့လည်း လိုအပ်ပါတယ်''ဟု မစ္စ ဂျက်ဆင်က ပြောသည်။

ရန်ကုန်အခြေစိုက် အာရှဆောက်လုပ် ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးရန်အောင်ကလည်း ယင်းကိစ္စကို သဘော တူကြောင်းမှတ်ချက်ပြုပြီး တစ်နိုင်ငံလုံး မဆိုထားနှင့် မြန်မာပြည်၏ လူဦးရေအထူထပ်ဆုံးနှင့် စီးပွားရေး အဖွံ့ဖြိုးဆုံးဖြစ်သည့် ရန်ကုန်မြို့တွင်ပင် လူနေတိုက်ခန်း ငါးပုံ တစ်ပုံခန့် သည် နေရန် မသင့်တော်သော အခြေအနေဖြစ်နေကြောင်း ဆက်လက်ြေ ပာကြားသည်။

''သက်တမ်းမလွန်သေးပေမဲ့ နေထိုင်ဖို့ မသင့်တော်တဲ့ အဆောက်အအုံတွေ ထဲမှာ ၂ဝ၁ဝ ပြည့်နှစ်မတိုင်ခင် စစ်အစိုးရ လက်ထက်က လိုင်စင်လွယ်လွယ် ရပြီး ဗရုတ်သုတ်ခ တည်ဆောက်ခဲ့တဲ့ ကန်ထရိုက်တိုက်ခန်းတွေလည်း ပါဝင် ပါတယ်။ ရန်ကုန်မှာ နေထိုင်ဖို့ မသင့်တော်တဲ့အထဲမှာ အိမ်တွေတောင် မကဘူး ရပ်ကွက်တွေပါ ပါနေပြီ''ဟု ၄င်းက ဆိုသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service