မြန်မာက ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အခွန်သက်သာခွင့်၊ လုပ်ထုံးလုပ်နည်း မြန်ဆန်မှုတို့ဖြင့် ဆွဲဆောင်ရန်လိုအပ်ဟု JETRO တာဝန်ရှိသူပြောကြား

မြန်မာက ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အခွန်သက်သာခွင့်၊ လုပ်ထုံးလုပ်နည်း မြန်ဆန်မှုတို့ဖြင့် ဆွဲဆောင်ရန်လိုအပ်ဟု JETRO တာဝန်ရှိသူပြောကြား - Property News in Myanmar from iMyanmarHouse.com
17 Aug 2017 9:28 am တွင် တင်ခဲ့သည်
708 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး အခွန်သက်သာခွင့် အခွင့်အေ ရးနှင့် လုပ်ထုံးလုပ်နည်း များမြန်ဆန်စွာ လုပ်ဆောင်နိုင်ရန် အစိုးရအနေဖြင့် စီစဉ်ပေးရန် လိုအပ်ကြောင်း JETRO မြန်မာမှ မန် နေဂျင်းဒါရိုက်တာမစ္စတာ Hiro Yamaoka က ပြောသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို အပြိုင်ဖိတ်ခေါ်ေ နပြီး အခွန်သက် သာခွင့်များပေးခြင်း၊ အစိုးရလုပ်ထုံးလုပ်နည်းများ မြန်ဆန် စွာ ဆောင်ရွက်နိုင်ရန် စီမံလုပ်ဆောင် နေ၍ မြန်မာအစိုးရ အနေဖြင့် ယင်း သို့ ဆောင်ရွက်ရန်လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဩဂုတ် ၉ ရက်တွင် ရှင်းပြသည်။

‘‘အာဆီယံမှာ ဒီအချက်တွေက အပြိုင်အဆိုင်လုပ်နေကြတယ်။ တချို့နိုင်ငံေ တွဆိုရင် အ တော်ရှေ့ရောက်နေကြပြီ’’မစ္စတာ Hiro Yamaoka က ပြော ကြား သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင် ဂျပန်နိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မစ္စတာ Hiro Yamaoka က ‘‘ဗီယက်နမ်ကို ၁၀ ခုလောက်သွားရင် မြန်မာကို နှစ်ခု သုံးခုလောက်ပဲ လာနိုင်တယ်’’ ဟု နှိုင်းယှဉ်ပြောကြားသည်။

ယခုဘဏ္ဍာနှစ် လေးလအ တွင်း မြန်မာနိုင်ငံသို့ ၀င်ရောက် လာသည့် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁၂ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျော်ရှိနေသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှု ပမာဏသည် အစိုးရမျှော်မှန်းထားသည်ထက် ပိုများ နေကြောင်း မြန်မာနိုင်ငံ ရင်းနှီြး မှုပ် နှံမှုကော်မရှင် အတွင်းရေးမှူး ဦး အောင်နိုင်ဦးက ပြောကြားသည်။

‘‘သူပြောတာတွေလည်း မှန်ပါတယ်။ ပြီးတော့ အခြေခံအဆောက်အအုံ ပိုင်းတွေ၊ မူဝါဒတွေ ခိုင်မာဖို့လည်း လိုသေးတယ်’’ ဟု ပို့ကုန်သွင်းကုန် စီး ပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

အစိုးရအနေဖြင့် စီးပွားရေး မူဝါဒ ၁၂ ချက်ချမှတ်ထားသော်လည်း ယေဘု ယျဆန်နေခြင်း ကြောင့် အသေးစိတ်မူဝါဒများ ထပ်မံလိုအပ်ကြောင်း ဒေါက် တာ စိုး ထွန်းက ၎င်း၏အမြင်ကိုပြော သည်။

ထို့အပြင် ချမှတ်ထားသော မူဝါဒအချို့ကို မကြာခဏပြင်ဆင် မှုများ မပြုလုပ် သင့်ကြောင်း ထပ်မံဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပ မှ လူသုံးကုန်ပစ္စည်းများကိုတစ်နှစ်လျှင် ကန်ဒေါ် လာ ခြောက်ဘီလီယံ ကျော် တင်သွင်းနေရ၍ လူဦးရေ ငါးသန်းခန့်ရှိသော ရန်ကုန်မြို့နှင့် ၁၄ မိုင်အကွာတွင်ရှိသော သီလ၀ါ အထူးစီးပွားရေးဇုန်၌ ဂျ ပန်စီးပွား ရေးလုပ်ငန်းရှင်များက ကုန်ပစ္စည်းများ ထုတ်လုပ်ကာ ရောင်းချ လို ကြောင်း မစ္စတာ Hiro Yamaoak က အတည်ပြုပြောကြားသည်။

JETRO အဖွဲ့အစည်းသည် ဂျပန်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာရန် ဇူလိုင်ေ နာက်ဆုံးပတ်က ဟီရိုရှီး မားနှင့် နာဂိုရာမြို့များရှိ စီးပွားရေးလုပ်ငန်းရှင်များ ကို သီလ၀ါအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင် ရန် ဆွေး နွေးခဲ့သည်။

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအတွက် ကူညီ ဆောင်ရွက်ပေးေ နသော ဂျပန် နိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်း (NGO)တစ်ခုဖြစ်သော JETRO မြန်မာသည် မြန်မာ-ဂျပန်နှစ်နိုင်ငံ ပုဂ္ဂလိက အဖွဲ့အစည်းအကြား စီး ပွားရေး ဆိုင်ရာကိစ္စရပ်များညှိနှိုင်းဆောင် ရွက်ပေးနေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service