နိုဘယ်ဆုရှင် ကဗျာဆရာကြီး တီ-အက်စ်-အဲလိယက်နေထိုင်ခဲ့သည့် လန်ဒန်တိုက်ခန်း ပေါင် ၁၀ သိန်းနီးပါးဖြင့် ရောင်းချမည်

နိုဘယ်ဆုရှင် ကဗျာဆရာကြီး တီ-အက်စ်-အဲလိယက်နေထိုင်ခဲ့သည့် လန်ဒန်တိုက်ခန်း ပေါင် ၁၀ သိန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
16 Aug 2017 11:47 am တွင် တင်ခဲ့သည်
1326 ကြိမ် ကြည့်ရှု့ပြီး
နိုဘယ်ဆုရှင် ကဗျာဆရာကြီး တီ-အက်စ်-အဲလိယက်နေထိုင်ခဲ့သည့် လန်ဒန်တိုက်ခန်း ပေါင် ၁၀ သိန်းနီးပါးဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လန်ဒန်မြို့လယ်၊ ဝက်စ်မင်နစ္စတာမြို့၊ မာရီလီဘုန်းခရိုင်၊ ကရောဖို့ဒ်စံအိမ်အမှတ် ၁၈ တွင် တည်ရှိသည့် တိုက်ခန်းဖြစ်သည်။
တီ-အက်စ်-အဲလိယက်သည် ကရောဖို့ဒ်အဆောက်အအုံရှိ တိုက်ခန်းသို့ ဇနီးဖြစ်သူ ဗီဗီယန် ဟိတ်ခ်ျ-ဝုဒ်နှင့်အတူ ၁၉၁၆ ခုနှစ်၊ မတ်လတွင်းရွှေ့ပြောင်း နေထိုင်ခဲ့သည်။

သူ၏နာမည်ကျော် ကဗျာတစ်ပုဒ်ဖြစ်သော The Love Song of J Alfred Prufrock ကဗျာကို ရေးသားပြီးနောက် မကြာမီတွင် အဆိုပါအခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုကာလက နေအိမ်ခန်းတည်ရှိရာ အနီးတစ်ဝိုက်မှာ နေပျော်ဖွယ်ရာမရှိသောအရပ်ဖြစ်ပြီး အနီးတွင် ဆင်းရဲသားရပ်ကွက်များ၊ ဈေးဆိုင်ငယ်များ ဝန်းရံနေသည်။ကရောဖို့ဒ်အဆောက်အအုံမှ လမ်းလျှောက်သွားလျှင် အောက်စဖို့ဒ်လမ်းသို့ ၅ မိနစ်ခန့်ဖြင့် ရောက်ရှိနိုင်သည်။

တီ-အက်စ်-အဲလိယက်၏ နေအိမ်ခန်းကို အရောင်းဈေးကွက်တင်ခဲ့သည်မှာ Kay & Co ကုမ္ပဏီမှ ဖြစ်သည်။
ကရောဖို့ဒ်အဆောက်အအုံမှာမူ ဆောက်လုပ်ပြီးစ ငါးထပ်တိုက်ဖြစ်ပြီး ထိုခေတ်ထိုကာလက ခေတ်ပေါ်ဟုဆိုအပ်သော အသုံးအဆောင်များစွာ ထည့်သွင်းထားသည်။

ရေပူကိုလည်း အမြဲရရှိနိုင်ရာ ထိုကာလကမူ ဇိမ်ခံပစ္စည်းတစ်ခုသဖွယ် ဖြစ်ခဲ့သည်။အဲလိယက်နှင့် ဇနီးတို့သည် ၁၉၁၈ ခုနှစ်တွင် ဘက်ကင်ဟမ်ရှိုင်းယားရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့ခဲ့ကြသော်လည်း အဆိုပါအခန်းကို အဲလိယက် ရံဖန်ရံခါ အသုံးပြုရန် မရောင်းချဘဲ ဆက်လက်ထားရှိခဲ့သည်။

၁၉၂၀ ပြည့်လွန်ကာလများတွင်မူ ရီးဂျန့်ပန်းခြံအနီးရှိ Clarence Gardens တွင် အခန်းတစ်ခန်း ဝယ်ယူလိုက်ပြီးနောက် ယခုအခန်းကို ရောင်းထုတ်ခဲ့သည်။
နေအိမ်ခန်းတွင် အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်းတစ်ခန်းပါဝင်ပြီး ကြမ်းခင်းဧရိယာမှာ ၇၁၄ စတုရန်းပေ ဖြစ်သည်။
လက်ရှိပိုင်ရှင်များက မည်သည့်အတွက် ရောင်းထုတ်သည်ဆိုခြင်းကိုမူ မသိရချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နိုဘယ်ဆုရှင် ကဗျာဆရာကြီး တီ-အက်စ်-အဲလိယက်နေထိုင်ခဲ့သည့် လန်ဒန်တိုက်ခန်း ပေါင် ၁၀ သိန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရှင် ကဗျာဆရာကြီး တီ-အက်စ်-အဲလိယက်နေထိုင်ခဲ့သည့် လန်ဒန်တိုက်ခန်း ပေါင် ၁၀ သိန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရှင် ကဗျာဆရာကြီး တီ-အက်စ်-အဲလိယက်နေထိုင်ခဲ့သည့် လန်ဒန်တိုက်ခန်း ပေါင် ၁၀ သိန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရှင် ကဗျာဆရာကြီး တီ-အက်စ်-အဲလိယက်နေထိုင်ခဲ့သည့် လန်ဒန်တိုက်ခန်း ပေါင် ၁၀ သိန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရှင် ကဗျာဆရာကြီး တီ-အက်စ်-အဲလိယက်နေထိုင်ခဲ့သည့် လန်ဒန်တိုက်ခန်း ပေါင် ၁၀ သိန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
နိုဘယ်ဆုရှင် ကဗျာဆရာကြီး တီ-အက်စ်-အဲလိယက်နေထိုင်ခဲ့သည့် လန်ဒန်တိုက်ခန်း ပေါင် ၁၀ သိန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service