မြန်မာနိုင်ငံ၏ ဘဏ်စနစ်လွယ်ကူချောမွေ့မှု မရှိခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများပြုပြင်ပြောင်းလဲရန် လိုအပ်နေ သေးသည့် အခြေအနေများကြောင့် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်မလာသေးခြင်ြး ဖစ် ကြောင်း သိရသည်။
လက်ရှိတွင် အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံ မှုများပြုလုပ်ရန်အတွက် စိတ်ဝင်စားမှုများရှိနေခဲ့သော်လည်း မြန်မာ နိုင်ငံ၏ ဘဏ်စနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာမူဝါဒများ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး ဖွံ့ဖြိုးလာမည့် အချိန် ကို စောင့်ဆိုင်းနေသည့် အခြေအနေတွင် ရှိနေေ ကြာင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Deputy Chief of Mission ဖြစ်သူ Mr. Geroge Sibley က ပြောကြားထားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်အသင်း အတွင်းေ ရးမှူး ဦးကျော်သူက ''ကျွန် တော်တို့နဲ့ အမေရိကန်သံအမတ်နဲ့ ပြီးခဲ့တဲ့ သြ ဂုတ် ၁ဝ ရက်က ကုန်သည်စက်မှုအသင်းချုပ်မှာ တွေ့ခဲ့တယ်။ အဲဒီမှာသူက လက်ရှိမှာတော့ အမေရိကန်ကုမ္ပဏီတွေက မြန်မာ နိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ တန်းစီနေကြတယ်ပေါ့။ ဒါပေမဲ့ မြန်မာ နိုင်ငံရဲ့ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒအချို့က ပြောင်းလဲရဦးမယ်ပေါ့။ နောက်ပြီးတော့ ဘဏ်စနစ်က လည်း သူတို့အတွက် ချောမွေ့မှု မရှိသေးတာ ကြောင့် သူတို့အနေနဲ့ မြန် မာကို ဝင်မလာသေးတာ ဖြစ်တဲ့အကြောင်း ကျွန်တော်တို့ကို ပြောပါတယ်''ဟု သြဂုတ် ၁၂ ရက်က ဒီမိုကရေစီတူဒေး သို့ ပြောသည်။
မြန်မာနိုင်ငံ၏ ဘဏ်စနစ်မှာ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြု ပြင်ပြောင်း လဲမှုများ ပြုလုပ်ရန် လိုအပ် နေပြီး လက်ရှိဘဏ်စနစ်မှာ အာဆီယံနိုင်ငံများ၏ ဘဏ်စနစ်အဆင့် အတန်းထက်ပင် နိမ့်ကျနေသည့်အ ကြောင်း ယင်းကဲ့ သို့ ပြောင်းလဲရာတွင် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြောင်းလဲရမည့် အပြင် မြန်မာ နိုင်ငံအခြေအနေနှင့် ကိုက်ညီမှုရှိသည့် စနစ်တစ်ခုကို ဦးတည် ပြီး ပြောင်းလဲရမည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် CEO ဒေါက်တာ ဇေယျာညွန့် ကဆိုသည်။
ဒေါက်တာဇေယျာညွန့်က ''ပြည်တွင်းဘဏ်တွေက Infrastructure ပိုင်းမှာေ တာင့်တင်းဖို့လိုတယ်။ နောက် ပြီးတော့ Monetary Policy ကို ရေးဆွဲတဲ့ ဗဟိုဘဏ်အနေနဲ့လည်း ပြင်ဆင်စရာရှိတဲ့ Rule & Regulation တွေ ကို နိုင်ငံတကာ စံချိန်စံညွှန်းမီ တဲ့ Monetary Policy တစ်ခု ဖြစ် အောင် ပြင် ဖို့ လိုတယ်။ ပြင်တဲ့အခါမှာလည်း နိုင်ငံတကာစံညွှန်းနဲ့လည်း ညီရမယ်။ေ နာက်ပြီး ပြည်တွင်းအ ခြေအနေနဲ့လည်း ကိုက်ညီမှုရှိရမယ်။ အဲဒီလို နှစ် ဖက်လုံးနဲ့ ကိုက်ညီမှသာ Financial Sector မှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာဖြစ်ပါ တယ်''ဟု သြဂုတ် ၁၃ ရက်က ဒီမို ကရေစီတူဒေးသို့ ပြော သည်။
စိုင်းခွန်နောင် အိမ်ခြံမြေနှင့် ဥပဒေအကြံပေးလုပ်ငန်းမှ ဦးစိုင်းခွန်နောင်က ''မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်က နိုင်ငံတကာနဲ့ယှဉ်ရင် အများကြီး နောက်ကျေ နတာ ဖြစ်ပါတယ်။ ဖြေလျှော့မှုတွေလည်း အများ ကြီးလုပ်ပေးဖို့လိုတယ်''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။
အမေရိကန်ရင်းနှီးမြှုပ်နှံသူ ၂၆ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု များ တိုးချဲ့ရန်စီစဉ်နေပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ် ကိုင်နေသည့် အမေရိကန်ရင်းနှီးမြှုပ်နှံသူ ၈၇ ရာခိုင်နှုန်းမှာ ၄င်းတို့၏ လုပ် ငန်း အင်အား ကို တိုးချဲ့ရန်အတွက် စီစဉ်နေကြောင်း အမေရိကန်ကုန် သည်ကြီးများအသင်း၏ ပြီးခဲ့သည့် သြဂုတ် ၃ ရက် ကထုတ်ပြန်ခဲ့သည့် ASEAN Business Outlook Survey တွင်ဖော် ပြထားသည်။
Credit: Democracy Today