၂၀၁၂ ခုနှစ် အိမ်ခြံမြေ ရွှေခေတ်ဖြစ်ခဲ့တဲ့ အချိန်ကစပြီး အရောင်းအဝယ် ရင်းနှီးမြှုပ်နှံမှုတွေ အေးခဲ့ပေမဲ့ အခု ၂၀၁၇ မှာ ရန်ကုန်မြို့ရဲ့ နေရာတချို့ရဲ့ အငှားဈေးကွက်နဲ့ အရောင်းအဝယ် အနည်းငယ် ပြန်သွက်လာတယ်လို့ သိရပါတယ် ။
‘ဒီနှစ် မိုးရာသီကတော့ အရောင်းအဝယ်က အသွက်ကြီးသွက်နေတာတော့ မဟုတ်သေးပါဘူး ၊ ဒါပေမဲ့ စက်မှုဇုန်က မြေတွေကတော့ ပုံမှန်ဈေးနဲ့ အေ ရာင်းအဝယ်လိုက်တယ် ၊ ကျန်တဲ့နေရာတွေမှာလဲ အရောင်းအဝယ်ဖြစ်တာ ရှိသလို မဖြစ်တဲ့နေရာတွေလဲ ရှိပါတယ် ၊ ဒါပေမဲ့ နင်လား ၊ ငါလား အရောင်း အဝယ်ဖြစ်တဲ့ အနေအထားတော့ မဟုတ်သေးပါဘူး ၊ အရောင်းအဝယ်က အရင်နှစ်တွေကထက် ပိုဖြစ်လာပါတယ်’ လို့ အိမ်ခြံမြေ အကျိုးဆောင်တွေ ဆီက သိရပါတယ် ။
လက်ရှိအခြေအနေမှာ ဟိုတစ်ကါက် သည်တစ်ကွက် အရောင်းအဝယ် လိုက် လာတာရှိပါတယ် ။ စီမံကိန်းနေရာတွေအဝယ်လိုက်လာတယ် ။ တချို့ က ဈေးတွေမြင့်နေတော့ အရောင်းအဝယ်မရှိတာတွေလည်း ရှိတယ်လို့ သူကပြောပါတယ် ။
‘အိမ်ခြံမြေဈေးနှုန်းတွေကတော့ အရင်အဆမတန်မြင့်ခဲ့တဲ့ အချိန်တွေနဲ့ ယှဉ် လာရင် သုံးဆယ်ရာခိုင်နှုန်း ကျသွားပါတယ် ၊ ဒါပေမဲ့ ဒီထက်တော့ ထပ်ကျ စရာ အခြေအနေမရှိပါဘူး ၊ ဘာဖြစ်လို့လဲဆိုရင်တိုက်ခန်းဈေးတွေကို အခြေ ခံနေတာဆိုတော့ တိုက်ခန်းဈေးတွေက ထပ်ကျတာမတွေ့ဘူး’ လို့ အိမ်ခြံြေ မအကျိုးဆောင် ကို သူရက ပြောပါတယ် ။
အိမ်ခြံ ဈေးကွက်ဟာ ၂၀၁၂ ၊ ၂၀၁၃ ခုနှစ်တွေမှာ အိမ်ခြံမြေ ရွှေခေတ်ဖြစ် ခဲ့ပေမဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး အရောင်းအဝယ် က အေးခဲ့ ပါတယ် ။ ခု ၂၀၁၇ မှာ အရောင်းအဝယ်ပိုဖြစ်လာခဲ့တယ်လို့ သိရပါတယ် ။ ဈေးနှုန်းတွေလည်း ပြန်ကျနေပြီဖြစ်တဲ့အတွက် ပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားကြောင်း အိမ်ခြံမြေအကျိုးဆာင်တွေက ပြောပါတယ် ။
Credit: The Kumudra