ပုဂ္ဂလိက တန်ဖိုးသင့် အိမ်ရာတွေမှာ အရောင်းဈေးကွက် မြင့်တတ်လာေ ကြာင်း သိရပါတယ်။
အစိုးရ အကောင်အထည်ဖော်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေက ဈေးနှုန်းတွေ သက်သာပြီး အရစ်ကျ ငွေသွင်း ရချိန် ပိုကြာပေမယ့် အစိုးရဝန်ထမ်းတွေနဲ့ ပင်စင်စားတွေကိုပဲ ပိုပြီး ဦးစားပေး ရောင်းချတာ များပါတယ်။ တိုက်ခန်း တည်နေရာကလည်း မြို့ထဲနဲ့ နည်းနည်းလှမ်းတာကြောင့် နေ့စဉ် ကားစီးရင်း အချိန်မကုန်လိုတဲ့ အလုပ်နဲ့ အိမ် သိပ်မလှမ်းတဲ့ နေရာမှာ နေထိုင်လိုသူေ တွက ပုဂ္ဂလိက တန်ဖိုးသင့်အိမ်ရာတွေကိုပဲ ဝယ်ယူလာကြပါ တယ်။
ပုဂ္ဂလိက တန်ဖိုးသင့်အိမ်ရာတွေကို ၁၈ လကနေ ၃၆ လအထိ အရစ် ကျ ရောင်းချပေးပါတယ်။ တိုက်ခန်း စတင် ဝယ်ယူချိန်မှာ ၃၀ ရာခိုင်နှုန်း ငွေ လက်ငင်းပေးချေရတာကြောင့် ကျန်ငွေကို သုံးနှစ်အထိ အရစ်ကျ ပေးချေရပြီး ဝယ်ယူသူ များပြားနေတယ်လို့ သိရပါတယ်။ သည်နှစ်ပိုင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အများစုက အဲသည် လို သုံးနှစ်အရစ်ကျ ရောင်းချပေးလာတာေ ကြာင့် လစာဝင်ငွေ အထိုက်အလျောက် ရရှိတဲ့ အိမ်ပိုင်မရှိတဲ့ သူ တွေ အနေနဲ့ ဝယ်ယူဖို့ အဆင်ပြေလာစေပါတယ်။
ပုဂ္ဂလိက တန်ဖိုးသင့်အိမ်ရာတွေကို အရစ်ကျစနစ်နဲ့ ရောင်းချလာနိုင်ဖို့ အ ခုနှစ်ပိုင်းအတွင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ကိုယ်တိုင် ဘဏ်ေ တွနဲ့ ချိတ်ဆက်ရောင်းချပေးဖို့ ကြိုးစားလာကြတယ်လို့ အာရှဆောက်လုပ်ေ ရး အထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောပါတယ်။
အရင်က တိုက်ခန်းကြိုပွိုင့်ဈေးကွက် ကောင်းမွန်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်ေ လာက်က အိမ်ခြံမြေ အရောင်းဈေး ကွက် ကျဆင်းလာတဲ့အတွက် ဆောက် လုပ်ရေး လုပ်ငန်းရှင်တွေကိုယ်တိုင် ဝယ်လက်ကိုရှာပြီး အဆင်ပြေေ အာင် ရောင်းချဖို့ ကြိုးစားခဲ့ရပါတယ်။ အရင်က ဝယ်ရောင်း အဝယ်များပေ မယ့် အခုအခါ နေထိုင်သူတွေ အဆင်ပြေဝယ်နိုင်ဖို့ အရစ်ကျနဲ့ ရောင်းချပေး တာလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
“တိုက်ခန်းရောင်းချသူတွေ ဝယ်ယူလိုသူတွေကို ဘယ်လိုအရစ်ကျနဲ့ ဆွဲေ ဆာင်မလဲ၊ အတိုးနှုန်းကို ဘယ်လို လျှော့ချပေးမလဲဆိုပြီး ဝယ်ယူလိုသူ အ ဆင်ပြေအောင် ညှိနှိုင်း ရောင်းချပေးဖို့ လုပ်ငန်းရှင်တွေ ကြိုးစားလာကြပါ တယ်” လို့ ရွှေအိမ်ခြံမြေ လုပ်ငန်း မန်နေဂျာ ဒါရိုက်တာ မစ္စတာကီဗင်ဂူးစ် က ပြောပါတယ်။
အရစ်ကျ တိုက်ခန်းအရောင်းစနစ်တွေ စတင်တွင်ကျယ်ခဲ့တဲ့ မြန်မာနိုင်ငံအ တွက် အရစ်ကျဝယ်ဖို့ လက်ရှိမှာပေး နေရတဲ့ ၁၃ ရာခိုင်နှုန်း အတိုးနှုန်းက များတယ်လို့ ပြောလို့ ရသလို နည်းလည်း မနည်းပါဘူး။ မြန်မာနိုင်ငံက အိမ် ရာကို အရစ်ကျစနစ်နဲ့ ရောင်းချပေးတာက အခုမှ အစပိုင်းပဲ ရှိသေးပြီး အ ရစ်ကျစနစ်နဲ့ ငွေပေးချေဖို့က ပြည်တွင်းဘဏ်တွေအတွက် ကြီးမားတဲ့ စိန်ေ ခ်ါမှုတစ်ခု ဖြစ်နေဆဲလို့ သိရပါတယ်။
အခြားအာဆီယံနိုင်ငံတွေမှာလည်း အရစ်ကျစနစ်တွေ စတင်ရောင်းချခဲ့ချိန်မှာ အတိုးနှုန်းတွေ အနည်းငယ် မြင့် တက်လေ့ရှိပြီး နောက်ပိုင်းမှသာ အတိုးနှု န်းတွေ လျော့ကျလာကြောင်း မစ္စတာ ကီဗင်ဂူးစ်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက တန်ဖိုးသင့်အိမ်ရာတွေဟာ အခြားအာဆီယံနိုင်ငံေ တွက အရွယ်အစားတူ တန်ဖိုးသင့် အိမ်ရာတွေနဲ့ နှုန်းယှဉ်ရင် ဈေးနှုန်းေ လျာ့နည်းပြီး တိုက်ခန်း ဝယ်သူတွေအတွက် ဈေးနှုန်းသင့်တင့်ကြောင်း ၎င်း က ပြောပါတယ်။
မြန်မာနိုင်ငံက တန်ဖိုးသင့် တိုက်ခန်းတစ်ခန်းဝယ်မယ်ဆိုရင် ကျပ်သိန်း ၃၀၀ ဈေးနှုန်းရှိပြီး ကမ္ဘောဒီးယားနိုင်ငံ မှာ တန်ဖိုးသင့်အိမ်ရာဝယ်ဖို့ မြန် မာငွေ ကျပ်သိန်း ၅၀၀၊ ထိုင်းနိုင်ငံမှာ သိန်း ၄၅၀ လောက်ပေးရတယ်လို့ သိရပါ တယ်။
အခုလပိုင်းမှာဆိုရင် တန်ဖိုးသင့်အိမ်ရာတွေ အရောင်းအဝယ် ကောင်းခဲ့ပြီး ပြီးခဲ့တဲ့ လေးလက တန်ဖိုးသင့်တိုက် ခန်း ၄၀၀ ကျော်ကို ရွှေအိမ်ခြံမြေ လုပ် ငန်းက တစ်ဆင့် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
Credit: The Kumudra