သီလ၀ါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းအမျိုးအစား ပြောနို င်ခြင်းမရှိသည့် ကုမ္ပဏီများ၏ မြေနေရာ ကြိုတင်ဝယ်ယူမှုအား ရောင်း ချပေးခြင်းမရှိကြောင်း မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်မှ သတင်းရရှိသည်။
“ကျွန်တော်တို့ အထူးစီးပွားရေးဇုန်မှာ မြေကွက်လာပြီးဝယ်ယူတဲ့ လုပ်ငန်း ရှင်တွေကို ဘာလုပ်ငန်းလုပ်မှာလဲ မေးတဲ့အခါ အခုတော့ အတိအကျ မပြောနိုင်သေးဘူး။ မြေကွက်ကြိုတင် ၀ယ်ယူထားပြီးမှ စဉ်းစားမယ်ဆိုတာ မျိုးတွေကို မြေနေရာရောင်းချပေးခြင်း လုံးဝမရှိပါဘူး။ သီလ၀ါအထူးစီးပွားရေး ဇုန်ဟာ အမှန်တကယ် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေအတွက်သာ မြေနေ ရာရောင်းချပေးတာ ဖြစ်ပါတယ်” ဟု မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးမှု ကုမ္ပဏီ လီမိတက် (MJTD) မှ President & CEO YANAI Takashi က ပြောကြား သည်။
သီလ၀ါအထူးစီးပွားရေးဇုန်မှာ ၂၀၁၂ ခုနှစ်တွင် မြန်မာ- ဂျပန် နှစ်နိုင်ငံ အစိုး ရများမှ လက်မှတ်ရေးထိုး အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ခြင်းဖြစ် သည်။ ရန်ကုန်မြို့နှင့် ၂၃ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသည့် သီလ ၀ါအထူးစီးပွားရေးဇုန် ဧရိယာစုစုပေါင်းသည် ၂၄၀၀ ဟက်တာရှိပြီး လက်ရှိ တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စတင်လည်ပတ်နေပြီဖြစ်သည့် အကျယ်အ၀န်း ဟက်တာ ၄၀၀ ရှိသည့် Zone A နှင့် ဖွံ့ဖြိုး ရေးလုပ်ငန်း များ ဆောင်ရွက်ဆဲဖြစ်သည့် (Zone B Phase 1) ဟူ၍ ခွဲခြား ဆောင်ရွက်ေ နခြင်းဖြစ်သည်။
ဟက်တာ ၄၀၀ ကျယ်ဝန်းပြီး စက်ရုံ၊ အလုပ်ရုံများ စတင်လည်ပတ်နေပြီ ဖစ်သည့် သီလ၀ါအထူးစီးပွားရေးဇုန် Zone A တွင် လက်ရှိ နိုင်ငံတကာ ကုမ္ပဏီ ၇၉ ခုက လာရောက် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။ ယင်းကဲ့သို့ ကုမ္ပဏီ ၇၉ ခု လာရောက် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သော် လည်း မြေနေရာ လွတ်များ ကျန်ရှိနေသေးကြောင်း သိရသည်။
သီလ၀ါအထူးစီးပွားရေးဇုန် Zone A ၌ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအ တွက် မြေနေရာများ ရောင်းချပေးရန် ကျန်နေသေးကြောင်း မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် (MJTD) မှ သတင်းရရှိသည်။
သီလ၀ါအထူးစီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ၁၀၀ ဟက်တာစီ မံကိန်းအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးရန်ဆောင်ရွက်နေပြီး လက် ရှိတွင် စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား ၂၀၁၂ ခုနှစ်တွင် မြန်မာ- ဂျပန် နှစ်နိုင်ငံ အစိုးရလက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်တွင် မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် (MJTD) အား မြန် မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ပါဝင်ခဲ့ပြီး စတင် တည်ထောင်ခဲ့သည်။ အဆိုပါ မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးမှု ကုမ္ပဏီလီ မိတက်တွင် မြန်မာဘက်မှ မြန်မာအစိုးရ၊ မြန်မာကုမ္ပဏီကိုးခုနှင့် တစ်ဦးချင်း အစုရှယ်ယာပိုင်ရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုတွင် JICA မှ ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီများဖြစ်သည့် Mitsubishi Marubeni၊ Sumitomo Corporation နှင့် ဂျပန်နိုင်ငံမှ ဘဏ်သုံးခုတို့က ပူးပေါင်း ပါဝင်ထားခြင်ြး ဖစ်ကြောင်း သိရသည်။
Credit: Eleven Media Group