လျှပ်စစ်နှင့်ရေ လွယ် ကူစွာ ရရှိခြင်းကြောင့် ဂျပန်စီးပွား ရေးလုပ်ငန်းရှင် များ က ရန်ကုန် မြို့ရှိ အခြားသောစက်မှုဇုန်များထက် သီလဝါအထူးစီးပွားရေးဇုန် (SEZ)တွင် ပိုမိုရင်းနှီးမြှုပ်နှံလို ကြောင်း JETRO မြန်မာမှ မန်နေ ဂျင်းဒါရိုက် တာ မစ္စတာ Hiro Yamaoka က ပြောသည်။
ရန်ကုန်တိုင်းရှိ စက်မှုဇုန် ၂၉ ခုတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါ က ဂျပန်စီးပွားေ ရးလုပ်ငန်းရှင် များအနေဖြင့် လျှပ်စစ်မီးနှင့် ရေ ရရှိမှုကို ကိုယ်တိုင်လုပ်ေ ဆာင်ရ ခြင်း၊ စက်မှုဇုန်မြေများကလည်း မူလပိုင်ဆိုင်သူထံမှတစ်ဆင့် ပြန် လည်ငှားရမ်းရခြင်းတို့ကြောင့် သီလဝါအထူးစီးပွားရေးဇုန်၌သာ ရင်းနှီးမြှုပ်နှံ လိုကြောင်း ၎င်းက ဆိုသည်။
‘‘သီလဝါမှာက ဝန်ဆောင်မှု တွေက အဆင်သင့်ရှိနေပြီလေ။ ကိုယ်ဘာမှ ထပ်လုပ်စရာမလို ဘူး။ ဒါကြောင့် သီလဝါကို ဂျပန် လုပ်ငန်းရှင်တွေက ပိုစိတ်ဝင်စား တယ်’’ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကို ယခင်တပ်မတော် အစိုးရ လက် ထက်က စတင်အကောင်အထည်ဖော်ပြီး နောက် စက်မှုဇုန်တွင် ရင်းနှီြး မှုပ် နှံပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင် လိုသူများအနေဖြင့် ကိုယ်ထူကိုယ် ထဆောင်ရွက်ခဲ့ရကြောင်း လှိုင် သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော် မတီ နာယက ဦးမြတ်သင်းအောင် က ပြောသည်။
၁၉၉၄ ခန့်က လယ်ကွင်း များကို သိမ်းယူပြီး လှိုင်သာယာ စက်မှုဇုန်ကို စတင် အကောင်အ ထည်ဖော်ချိန်တွင် လမ်းဖောက်ခြင်း၊ ရေနှင့် လျှပ်စစ်မီးသွယ် တန်း ခြင်း စသည်တို့ကို ကိုယ်ထူကိုယ် ထလုပ်ခဲ့ရကြောင်း လှိုင်သာယာ စက်မှုဇုန်-၁ မှ ကြာဆံစက်ရုံပိုင် ရှင်တစ်ဦးက ပြောသည်။
ကိုယ်ထူကိုယ်ထစနစ်များ ဖြင့် အကောင်အထည်ဖော်ရ ခြင်းကြောင့် ယနေ့ ရန်ကုန်တိုင်း ရှိ စက်မှုဇုန်များတွင် လျှပ်စစ်မီး၊ ရေအပါအဝင် အခြေခံအေ ဆာက် အအုံ လိုအပ်ချက်များရှိနေကြောင်း စီးပွားရေး လုပ်ငန်းရှင်များ က ပြောသည်။
ထို့ကြောင့် ရန်ကုန်တိုင်းရှိ စက်မှုဇုန် ၂၉ ခုကို ပြန်လည်စိစစ် အဆင့်မြှင့်တင် မှုများ ပြုလုပ်မည် ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား ထား သည်။
လက်ရှိ အစိုးရက တိုင်းနှင့် ပြည်နယ်တွင် စက်မှုဇုန်အသစ် များ ထပ်မံအေ ကာင်အထည်ဖော် ရန် ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ် ခေါ်နေသည်။
အစိုးရက စက်မှုဇုန်များကို အဆင့်မြှင့်တင်ရန် အစီအစဉ်များ ရေးဆွဲနေေ သ်ာလည်း ဂျပန်စီးပွား ရေး လုပ်ငန်းရှင်များအပါအဝင် နိုင်ငံခြားသား ရင်းနှီြး မှုပ်နှံသူများ က ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါး နှစ်ရရှိမှု၊ လျှပ်စစ်၊ ရေအပါ အ ဝင် အခြေခံအဆောက်အအုံကောင်း များ အလွယ်တကူရရှိမှုနှင့် ပင် လယ် ကူး သင်္ဘောကြီးများ အ လွယ်တကူ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းများရှိခြင်း အားသာ ချက်၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာ တွင် တစ်နေရာတည်း၌ တစ်ကြိမ် တည်း ဆောင်ရွက်နိုင်သည့် သီလဝါကို ပိုမိုစိတ်ဝင်စားခြင်းဖြစ်နိုင် ကြောင်း စီးပွားရေး လုပ်ငန်းရှင် အချို့က ပြောသည်။
Credit: 7DayDaily