မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းထားသလောက် ဝင်ရောက်ခြင်း မရှိသေး

မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းထားသလောက် ဝင်ရောက်ခြင်း မရှိသေး - Property News in Myanmar from iMyanmarHouse.com
14 Aug 2017 11:01 am တွင် တင်ခဲ့သည်
1044 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံကိုအမေရိကန်နိုင်ငံကစီးပွားရေးပိတ်ဆို့မှု ဖွင့်လှစ်ပေးခဲ့သော် လည်းအမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုသည် မျှော်မှန်းထားသလောက် ဝင်ရောက်လာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအားစီးပွားရေးအရေးယူပိတ်ဆို့ထားခဲ့ရာ ၂၀၁၆ ခုနှစ်အတွင်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံအတွင်း အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ သန်း(၂၅၀)ဝန်းကျင် သာဝင်ရောက်လာသေးကြောင်းသိရသည်။

“မလာသေးဘူးလားဆိုတော့ လာတော့လာနေတယ်။ ဒါပေမဲ့လည်း အမေရိ ကန်ဆိုရင် ကိုကာကိုလာ၊ သီလဝါ စက်မှုဇုန်မှာဝင်တယ်။ ဒါပေမဲ့ သူက အမေရိကန်အနေနဲ့ တိုက်ရိုက်လာတာမဟုတ်ဘဲနဲ့ စင်္ကာပူကတစ်ဆင့် ခံပြီး လာတယ်။ ကျွန်တော်တို့ မျှော်မှန်းတာထက် အမေရိကန်လုပ်ငန်းရှင်ကအခုမှ အမေရိကန် ဒေါ်လာသန်း (၂၅၀)ပဲဝင်ရောက်သေးတယ်။ စီးပွားရေးပိတ်ဆို့မှု လည်း ဖွင့်ထားပြီးပြီ။ (၃)နှစ်အတွင်း (၂)ဆလောက် ဖြစ်အောင် ဝင်လာမယ် လို့မှန်းထားတယ်။

အစိုးရကအာမခံလုပ်ငန်းတွေ နိုင်ငံခြားသားဖွင့်ပေးလိုက်ပြီဆိုရင် သေချာပေါက်လာမယ်။ အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုလာ မယ်။”ဟု မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦးကပြောသည်။ အမေရိကန်စီးပွားရေးလုပ်ငန်း ရှင်များ အနေဖြင့် မြန်မာနိုင်ငံ၌ အာမခံလုပ်ငန်းကဏ္ဍ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကဏ္ဍ၊ နည်းပညာလုပ်ငန်းကဏ္ဍ၊ ကျောက်မျက် ရတနာလုပ်ငန်း ကဏ္ဍစသည်တို့၌ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားေ နကြောင်းသိရသည်။

“ကျောက်မျက်ကဏ္ဍနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ အချို့အမေရိကန် ကုမ္ပဏီေ တွရှိတယ်။ အဲဒါမျိုးကလည်း အ စိုးရရဲ့မူဝါဒနဲ့ ဆိုင်တယ်။ အစိုးရကကျောက် မျက်ကဏ္ဍကိုဘယ်လောက်ထပ်ပြီးတော့ဖွင့်မလဲ။ အခုလည်း MIC ဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီးကျောက်မျက်ကဏ္ဍနဲ့ပတ်သက်ပြီးတော့ ပိုပြီးဖွင့်ဖို့၊ ကျောက်မျက်က ဏ္ဍကိုပိုပြီးချဲ့ထွင်လုပ်နိုင်ဖို့ ညှိနှိုင်းေ ဆွးနွေးပြင်ဆင်နေတာတော့ ရှိတယ်။ အဲဒါတွေပြီးရင်တော့ သူတို့ အင် အားကောင်းကောင်းနဲ့ဝင်လာမယ်လို့ မျှော်မှန်းပါတယ်။ ဒါပေမဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုကစီးပွားရေးအရေးယူပိတ်ဆို့မှု ဖွင့်လိုက်ပေမယ့်လည်းဝုန်းကနဲ ဝင်လာတာမရှိဘူး။”ဟုဦးအောင်နိုင်ဦးကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သြဂုတ်လပထမပါတ် အထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းပေါင်း(၁၁၂)ခုနှင့် ထပ်တိုးရင်းနှီးမြှု ပ်နှံမှုအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ(၃၄၈၇.၇၃၂) သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း(၄၀)ခုနှင့် ထပ်တိုးရ င်းနှီးမြှုပ်နှံမှုအပါအဝင် အမေရိကန်ဒေါ် လာ(၄၈၅.၇၇၆)သန်းဝင်ရောက် ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Credit: Yangon Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service