စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် ဟိုတယ်စီမံကိန်း အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ လာမည့် လွှတ်တော်၌ မေးမြန်းမည်ဟုဆို

စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် ဟိုတယ်စီမံကိန်း အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ လာမည့် လွှတ်တော်၌ မေးမြန်းမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
14 Aug 2017 10:57 am တွင် တင်ခဲ့သည်
1312 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့နယ်ရှိ စစ်သမိုင်းပြတိုက်ဟောင်းနေရာ (ယခင်က ဂျူဗလီဟော) တွင် ဟိုတယ်စီမံကိန်း အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ လာမည့်လွှတ်ေ တ်ာတွင် မေးခွန်းမေးမြန်းသွားမည်ဖြစ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အ မှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ပြော ကြားချက်အရ သိရသည်။

“စစ်သမိုင်းပြတိုက်ဟောင်းနေရာ၊ ဦးဝိစာရဒီဘက်က ပြည်လမ်းရဲ့ အရှေ့ ရပ်ကွက်။ စစ်သမိုင်းပြတိုက်နေရာ။ ဟိုတယ်ဆောက်မယ်ဆိုပြီး လုပ်လိုက် တာ။ ဗိုလ်ချုပ်တို့ ဂျူဗလီဟောကြီးနေရာ။ အဲဒါကို ကျွန်တော်မေးခွန်းမေး မှာပါ” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး သြဂုတ် ၇ ရက် နေ့စွဲဖြင့် မြန်မာ သံတော် ဆင့် သတင်းဂျာနယ်တွင် ‘ရန်ကုန်စစ်သမိုင်းပြတိုက်နေရာတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၃၂၀ ကျော်ရှိ ဟိုတယ်စီမံကိန်း ဆောင်ရွက်’ ခေါင်းစဉ်ြ ဖင့် သတင်းဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံမှ Private & Public ရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာနိုင်ငံမှ ဧရာဟ င်္သာ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ် လာ သန်း ၃၂၀ ကျော်ရှိ ဟိုတယ်စီမံကိန်းတစ်ခုအား ရန်ကုန်မြို့ရှိ စစ်သ မိုင်းပြတိုက်ဟောင်း တည်နေရာ၌ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြထားသည်။

“အဲဒီနားက ပြည်သူလူထုက သဘောမတူဘူး။ ဘုန်းကြီးကျောင်းတွေကတော့ သဘောမတူဘူးပေါ့။ ဗိုလ်ချုပ်တို့ ထားခဲ့တဲ့နေရာ ဟိုတယ်ကြီးမလုပ်သင့် ဘူးပေါ့။ အဲဒီလို ပြောလို့ မေးမလို့ပါ။ သတင်းမှန်၊ မမှန် မေးပါ့မယ်ဆိုပြီး အဲဒီနားက ဘုန်းကြီးကျောင်းက ဆရာတော်ကို ပြန်ပြီး လျှောက်ခဲ့တယ်” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

“ကျွန်တော့်မဲဆန္ဒနယ်မြေရှိ ယခင် စစ်သမိုင်းပြတိုက်နေရာကြီးကို အထပ်မြင့် ဟိုတယ်ဆောက်ဖို့ ပထမဦးစားပေး ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ အဲဒီနေရာဟာ ယခင်က ဂျူဗလီဟော (ဗိုလ်ချုပ်တို့ အာဇာနည် ခေါင်းဆောင် ကြီးများ၏ နောက်ဆုံး ပြည်သူများက ရိုသေဂါရ၀ပြုခဲ့ကြသည့် သမိုင်းဝင်ြေ မနေရာ) ရွှေတိဂုံဘုရားကြီး တောင်ဘက်မုခ်နှင့် အလွန်နီးကပ်သော မြေေ နရာဟု သိရှိခဲ့ရပါတယ်။ ဒါကြောင့် ယခုလာမည့်သြဂုတ် ၃၁ ရက်တွင် စတင်ကျင်းပမည့် ရန်ကုန်လွှတ်တော်တွင် မှန် မမှန် ကြယ်ပွင့်ပြေ မးခွန်း မေး ပါမယ်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းတွင် ဟိုတယ်နှင့် ရုံးလုပ်ငန်းများ၊ ဧည့်ခံပွဲခန်းမများ၊ စားသောက်ဆိုင်နှင့် အခြားဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ပါဝင်မည်ဖြစ်ေ ကြာင်း သတင်းဖော်ပြချက်အရ သိရသည်။

ယင်းစီမံကိန်းကို ဂျပန်နိုင်ငံမှ Fujuta Corporation နှင့် Tokyo Tatemono တို့ အပြင် ဂျပန်နိုင်ငံ မြေယာအခြေခံအဆောက်အအုံ လမ်းပန်းဆက်သွယ်ေ ရးနှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အ စည်းဖြစ်သည့် Japan Overseas Infrastructure Corporation of Transport & Urban Development (JOIN) တို့ ပါဝင်သော စင်ကာပူနို င်ငံအခြေစိုက် SPC နှင့် မြန်မာနိုင်ငံသားပိုင် Yangon Technical Trading Company Limited (YTTC) တို့ ပူးပေါင်းတည်ထောင်မည့် Local Joint Venture က အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုစီမံ ကိန်းကို နှစ် ၇၀ စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိထားခြင်းဖြစ်ေ ကြာင်း မြန်မာသံတော်ဆင့်သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service