စီးပွားရေး လုပ်ကိုင်ရလွယ်ကူသည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် အဆင့် (၁၇၀) ရှိနေ

စီးပွားရေး လုပ်ကိုင်ရလွယ်ကူသည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် အဆင့် (၁၇၀) ရှိနေ - Property News in Myanmar from iMyanmarHouse.com
14 Aug 2017 10:35 am တွင် တင်ခဲ့သည်
1391 ကြိမ် ကြည့်ရှု့ပြီး
စီးပွားရေး လုပ်ကိုင်ရလွယ်ကူသည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် လက် ရှိတွင် အဆင့် (၁၇၀) ရှိနေပြီး သုံးနှစ်အတွင်း အဆင့် ၁၀၀ အောက် (ဂဏန်းနှစ်လုံး) အထိ ရောက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှု ပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“Doing Business နဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာကစပြီး မြန်မာနိုင်ငံက ပါခဲ့တာပေါ့။ အဲဒီအရင် တုန်းက မြန်မာနိုင်ငံက မပါခဲ့ဘူး။ အဲဒီမှာ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ အဆင့်က ၁၈၂ နဲ့စခဲ့တာပေါ့။ နောက်ဆုံးအခြေအနေကတော့ ၂၀၁၇ အစီရင်ခံစာမှာ မြန်မာနိုင်ငံက အဆင့် ၁၇၀။ ဒါက လေးနှစ်တာ ငါးနှစ်အတွင်းမှာ အတိုင်းအတာ တစ်ခုအထိ တိုးတက်မှု ရခဲ့ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

သို့သော်လည်း တိုင်းပြည်၏ အနေအထားသည် စိတ်ကျေနပ်လောက်သည့် အဆင့်အထိ မရောက်သေးကြောင်း၊ များစွာလုပ်ဆောင်ရန် လိုအပ်နေေ ကြာင်း၊ Doing Business သည် ကဏ္ဍ ၁၀ ခုနှင့် ပတ်သက်နေကြောင်း၊ ဥပမာ-စီးပွားရေး လုပ်ငန်းတစ်ခု စတင်ထူထောင်ခြင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့်ဆိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိေ ရးသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ကြောင်း၊ နယ်စပ်ြ ဖတ်ကျော် ကုန်သွယ်မှုများအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန စသည်ဖြင့် သက်ဆိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနနဲ့ တိုက်ရိုက်ပတ်သက်တာကတော့ ကဏ္ဍနှစ်ခုပေါ့။ တကယ်တမ်းပြောရရင် ၂၀၁၄ ခုနှစ် စစချင်းထွက်တဲ့ အစီရင်ခံစာမှာ လုပ် ငန်းတစ်ခုကို စတင်ထူထောင်ခြင်းဆိုတဲ့ ကဏ္ဍမှာ မြန်မာနိုင်ငံက ၁၈၉ နိုင်ငံ မှာ အဆင့် ၁၈၉ ဖြစ်ပါတယ်။ အဲဒီတုန်းက ကုမ္ပဏီ မှတ်ပုံတင်ရတဲ့ လုပ်င န်းတွေက ခက်ခဲတယ်။ ကုန်ကျစရိတ်များတယ်။ အကြာကြီး လုပ်ရတယ်။ တဖြည်းဖြည်းနဲ့ ဒါကို ပြုပြင်ပြောင်းလဲလာခဲ့ တာ ၁၈၉ မှာ နောက်ဆုံး ၁၄၆ အထိ ရောက်လာတယ်။ တချို့အာဆီယံ နိုင်ငံတွေကို ကျွန်တော်တို့ ကျော် တက်လာခဲ့တယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

“တစ်နိုင်ငံလုံးနဲ့ ဆိုင်တာကတော့ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင် ပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီရဲ့ ဦးဆောင်မှုနဲ့ ကဏ္ဍ ၁၀ ခုလုံး တိုးတက်အောင် ဆောင်ရွက်နေပါ တယ်။ မြန်မာနိုင်ငံရဲ့ အဆင့်က လက်ရှိ ၁၇၀ ကို သုံးနှစ်အတွင်း ဂဏန်းနှစ်လုံးဖြစ်အောင်၊ အဆင့် ၁၀၀ေ အာက်ရောက်အောင် ဆောင်ရွက်နေပါတယ်” ဟု ၎င်းကဆက်လက် ပြော ကြားသည်။

မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ရလွယ်ကူသည့် နိုင်ငံပေါင်း ၁၉၀ တွင် ယခင်နှစ်က အဆင့် ၁၇၁ ရှိခဲ့သဖြင့် ယခင်နှစ်ကထက် အဆင့်တစ်ဆင့် သာ မြင့်တက်ခဲ့ပြီး အဆင့် ၁၇၀ တွင် ရှိနေကြောင်း Doing Business အစီ ရင်ခံစာ၌ ဖော်ပြထားကြောင်း ကမ္ဘာ့ဘဏ်က ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် ကုမ္ပဏီမှတ်ပုံတင်စရိတ် လျှော့ချခြင်းဖြင့် စီးပွားရေးလုပ် ငန်းတစ်ခု စတင်ရာ၌ ပိုမိုလွယ်ကူ လာခဲ့ကြောင်း၊ ထို့ပြင်ကုမ္ပဏီတစ်ခုကို တရားဝင် မှတ်ပုံတင်ရာ၌ လိုအပ်သည့် ထောက်ခံစာနှင့် ပြစ်မှုမှတ်တမ်း ကင်းရှင်းကြောင်း သက်သေခံလက်မှတ် တင်ပြရသည့် သတ်မှတ်ချက်တို့ကို ဖယ်ရှားခြင်းဖြင့် လုပ်ငန်းစဉ်ကို ပိုမိုရိုးရှင်းအောင် ပြုလုပ်ခဲ့ေ ကြာင်း၊ မြန် မာနိုင်ငံသည် ကြွေးမြီဆိုင်ရာ အချက်အလက် ဗဟိုဌာနတစ်ခု တည်ထောင် ခွင့်ပြုသည့် ဥပဒေတစ်ခု ပြဋ္ဌာန်းခြင်းဖြင့်လည်း ကြွေးမြီဆိုင်ရာ သတင်းအ ချက်အလက်စနစ်များ တိုးတက်စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ သုံးပုံနှစ်ပုံကျော်သော နိုင်ငံ ၂၅ ခုသည် ယမန်နှစ်အတွင်း စီးပွားရေး လုပ်ရာတွင် ပိုမိုလွယ်ကူစေမည့် ပြုပြင်ြေ ပာင်းလဲမှု ၄၅ ခု ပြုလုပ်ခဲ့ပြီး ယခင်တစ်နှစ်က ၂၈ ခုသာ ပြုလုပ်ခဲ့သည်ဟု Doing Business 2017 : Equal Opportunity for All စာတမ်း တွင် ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်းအဆင့် သတ်မှတ်ရာတွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသမှ လေးနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ေ ကြာင်း၊ ထိပ်တန်းလေးနိုင်ငံမှာ နယူးဇီလန် (အဆင့် -၁)၊ စင်ကာပူ (အဆင့်-၂)၊ ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသ၊ တရုတ် (အဆင့် -၄) နှင့် တောင်ကိုရီးယား (အဆင့်-၅) တို့ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service