ဘီယာပုလင်းပေါင်း တစ်သန်းခွဲဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်း

ဘီယာပုလင်းပေါင်း တစ်သန်းခွဲဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
14 Aug 2017 9:44 am တွင် တင်ခဲ့သည်
1784 ကြိမ် ကြည့်ရှု့ပြီး
ထိုင်းနိုင်ငံအတွင်း၊ ကမ္ဘောဒီးယားနယ်စပ်အနီးတွင် ကမ္ဘာပေါ်၌ အခြားမည်သည့်ဘုရားကျောင်း နှင့်မျှ မတူသော ဗုဒ္ဓဘာသာဘုရားကျောင်း တစ်ခုရှိလေသည်။

ကျောင်းဝန်းသည် ငြိမ်းချမ်းဆိတ်ငြိမ်လှရာ ဘုရားရှိခိုးသူများ၊ တရားထိုင်မည့်သူများအတွက် အလွန်အေးချမ်းလှသည့် နေရာကလေး ဖြစ်သည့်အပြင် မည်သည့်နေရာနှင့်မျှမတူသော ထူးခြားချက်တစ်ရပ်လည်း ရှိနေသည်။

ထူးခြားချက်ကား ဘီယာပုလင်းပေါင်း တစ်သန်းခွဲ အသုံးပြုကာ ဆောက်လုပ်ထားသည့် ဘုရားကျောင်းဖြစ်နေခြင်း ဖြစ်၏။

ဘုရားကျောင်းတည်ရှိသည့်နေရာကား ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆီဆာကက်ပြည်နယ်၊ ခွန်ဟန်မြို့ဖြစ်ပြီး ဘုရားကျောင်းအမည်မှာ 'ဝပ်ဖ မဟာစေတီတော်' ဖြစ်သည်။

ဘုရားကျောင်း၏ နံရံများ၊ အမိုးများ လသာဆောင် များကို ဘီယာပုလင်းများဖြင့် ပြုလုပ်ထားပုံကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။

ဘုရားကျောင်းကို 'ဝပ်လန်းကွတ်' ဟုလည်း ခေါ်ကြပြီး ပုလင်းတစ်သန်းဘုရားကျောင်းဟု အဓိပ္ပာယ်ရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က Heieneken ဘီယာကုမ္ပဏီသည် ၎င်းတို့ကုမ္ပဏီထုတ် ဘီယာပုလင်းများကို အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပြန်လည်အသုံးပြုနိုင်ရန် ကြိုးပမ်းခဲ့ကြဖူးသော်လည်း အထမမြောက်ခဲ့ချေ။

ယင်းနောက်ပိုင်း ၁၉၈၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဆီဆာကက်ပြည်နယ်ရှိ ဘုန်းတော်ကြီးများသည် ဘီယာပုလင်း လွတ်များကို စတင်စုဆောင်းခဲ့ကြသည်။

ဘီယာပုလင်းများသည် သန့်စင်ရန် လွယ်ကူသည့်အပြင် အရောင်ထွက်နှင့် အလင်းပေးစနစ်အတွက်ကောင်းမွန်ကြောင်း ဘုန်းတော်ကြီးများက သတိပြုမိခဲ့ကြသည်ဟုဆိုသည်။

အဆောက်အအုံပေါင်း ၂၀ ခန့်ပါဝင်သည့် ဘုရား ကျောင်းဝန်းတည်ဆောက်ရန်အတွက် Heineken နှင့် Chang ဘီယာပုလင်းခွံပေါင်း ၁ ဒသမ ၅ သန်းကျော် စုဆောင်းခဲ့ရ၏။

အခြားအသုံးပြုသည့်အရာမှာ ဘိလပ်မြေဖြစ်သော် လည်း ဘီယာပုလင်းများကို အုတ်အစားထိုးအသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အကွက်ဖော်အလှဆင်မှုများကိုလည်း ဘီယာပုလင်းများဖြင့်သာ ပြုလုပ်ခဲ့သည်။

ယခုအချိန်တွင်လည်း ဘုန်းတော်ကြီးများသည် အခြားသာသနိက အဆောက်အအုံများ ထပ်မံဆောက်လုပ်ရန်အတွက် ဘီယာပုလင်းခွံများ ဆက်လက်စုဆောင်းလျက်ရှိသည်ဟု ဆိုသည်။

Credit: အိအိအေးအောင်မှမ iMyanmarHouse.com Property Website အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
ဘီယာပုလင်းပေါင်း တစ်သန်းခွဲဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
ဘီယာပုလင်းပေါင်း တစ်သန်းခွဲဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
ဘီယာပုလင်းပေါင်း တစ်သန်းခွဲဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
ဘီယာပုလင်းပေါင်း တစ်သန်းခွဲဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
ဘီယာပုလင်းပေါင်း တစ်သန်းခွဲဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
ဘီယာပုလင်းပေါင်း တစ်သန်းခွဲဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service