ရန်ကုန်မြို့သစ်စီမံကိန်း လူဦးရေနှင့် ကိုက်ညီအောင် ပြန်လည်ရေးဆွဲမည်

ရန်ကုန်မြို့သစ်စီမံကိန်း လူဦးရေနှင့် ကိုက်ညီအောင် ပြန်လည်ရေးဆွဲမည် - Property News in Myanmar from iMyanmarHouse.com
11 Aug 2017 11:46 am တွင် တင်ခဲ့သည်
1113 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိရေးဆွဲနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို လာမယ့်ဆယ်စုနှစ်အတွင်း တိုးပွားလာမယ့် ရန်ကုန်မြို့လူဦးရေနဲ့ ကိုက်ညီမှုရှိစေဖို့ ပြန်လည် ရေးဆွဲရ မယ်လို့ လျှပ်စစ် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောပါတယ် ။

ရန်ကုန်မြို့တော်ဟာ လာမယ့် ၁၀ နှစ်အတွင်းမှာ လူဦးရေ ၁၀ သန်းအထက် ရှိတဲ့ မဂ္ဂါစီးတီးအဖြစ်ကို ရောက်ရှိလာမှာဖြစ်တဲ့အတွက်ကြောင့် တိုးပွားလာ မယ့် လူဦးရေနဲ့ ကိုက်ညီမှုရှိတဲ့ မြို့ပြစီမံကိန်းသစ်ကို ပြင်ဆင်ရေးဆွဲမယ်လို့ သူကပြောပါတယ် ။

‘အဲဒါကြောင့် ရန်ကုန်မြို့ကို ချဲ့ထွင်ဖို့ vertical မှာရော ၊ horizontal ရော နှစ် ခု စလုံးမှာ ပေါင်းစပ်ပြီး စီမံပြင်ဆင်ထားဖို့ လိုပါတယ်’ လို့ ဒေါ်နီလာကျော် က ပြောပါတယ် ။

လက်ရှိရန်ကုန်မြို့တော်ကို ချဲ့ထွင်ခြင်း horizontal expansion ကို ပြုလုပ် ရမှာဖြစ်သလို မြို့တွင်း အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်ကာ ချဲ့ထွင်ခြင်း vertical expansion ကိုလည်း ချဲ့ထွင်ဖို့ လိုအပ်တယ်လို့ ဒေါ်နီ လာကျော်က ပြောပါတယ် ။ လက်ရှိ ရန်ကုန်နယ်နိမိတ်အတွင်းမှာပဲ လူဦးရေ တစ်သန်းကနေ နှစ်သန်းခန့် ထပ်မံနေထိုင်နိုင်ရေး စီစဉ်ရမှာဖြစ်တဲ့အတွက် လက်ရှိမြို့ပြကို လူနေသိပ်သည်းဆ မြှင့်တင်နိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်တယ် လို့ သိရပါတယ် ။

ရန်ကုန်တိုင်းဒေသကြီးရဲ့ လူဦးရေသိပ်သည်းမှုဟာ ၁၉၇၃ ခုနှစ်က တစ်စတု ရန်းမီတာမှာ လူဦးရေ ၂၀ ၊ ၁၉၈၃ ခုနှစ်မှာ တစ်စတုရန်းမီတာကို ၃၈၇ ဦးနဲ့ ၂၀၁၄ ခုနှစ်မှာတော့ တစ်စတုရန်းမီတာကို ၇၁၆ ဦးအထိရှိလာပြီဖြစ်တယ် လို့ သိရပါတယ် ။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်တဲ့အခါ လိုအပ်တဲ့ ငွေကြေး အရင်းအနှီးကို World Bank , IMF , IFC စတဲ့ ငွေကြေးဆိုင်ရာ ဌာနတွေက ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းခွင်မှာ ပါဝင်ဆောင်ရွက်တာတွေ ၊ Foreign Commercial Loan (နိုင်ငံခြားချေးငွေ ရယူတာတွေ) ၊ Private Enterprise လျှပ်စစ်လုပ်ငန်း ၊ ရေလုပ်ငန်း အစရှိတာတွေကို ppp စနစ်နဲ့ ဆောင်ရွက် သွားမှာဖြစ်ကြောင်း သိရပါတယ် ။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စီမံကိန်း ၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးကော် မရှင်ဥက္ကဌဖြစ်တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်လွတ်တော် ကိုယ်စားလှယ် ဒေါ် စန္ဒာမင်းက ‘လွတ်တော်အစည်းအဝေးမှာ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအသစ်ရဲ့ ဆောင်ရွက်မယ့်ပုံစံကတော့ ပြောင်းလဲသွားမှာဖြစ်တယ် ၊ ရင်းနှီးမြှုပ်နှံမှုပုံစံကလဲ ပြောင်းလဲသွားမှာဖြစ်ပါတယ် ၊ လက်ရှိအချိန်မှာတော့ စီမံကိန်းပုံစံပြောင်းလဲမယ်ဆိုတာကလွဲလို့ အသေးစိတ် မသိရသေးပါဘူး’ လို့ ပြောပါတယ် ။

‘စီမံကိန်းကတော့ အကြီးကြီးဖြစ်တယ် ၊ မြို့သစ်စီမံကိန်းကို ဆောင်ရွက်မယ် ၊ ပြီးခဲ့တဲ့ အစိုးရသက်တမ်းတုန်းက ပုံစံမဟုတ်ဘူး ၊ ပုံစံပြောင်းမယ်လို့ ပြော ရုံနဲ့ မပြည့်စုံသေးပါဘူး ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လဲ ပြောင်း လဲရေးဆွဲမယ့် စီမံကိန်းကို ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုအပ်ပြီး အသေးစိတ်ေ ဆွးနွေးချင်ပါတယ် ၊ နောက်သူတို့တင်ပြသွားတဲ့အထဲမှာ New Yangon Development Cooperation ရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာလဲ ပြန်ပြင်ဆင်ရမယ့် အချက်တွေ ရှိနေပါသေးတယ်’ လို့လည်း သူက ပြောပါတယ် ။

‘ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုလဲ အသစ်တွေပြန်ခေါ်မယ်လို့ ဆိုတဲ့အ တွက် နိုင်ငံတကာတင်ဒါခေါ်မှာလား ၊ ရင်းနှီးမြှုပ်နှံမှုရဲ့ ပမာဏက ဘယ်ေ လာက်သတ်မှတ်ထားလဲ ၊ အခုလက်ရှိရှိနေတဲ့ ဝိုင်စီဒီစီကပဲ အုပ်ချုပ်မှာလား ဒါမှမဟုတ် ဝိုင်စီဒီစီအသစ် ပေါ်ပေါက်မှာလား ၊ ဘယ်လိုစီမံခင်္န့ခွဲမှုပုံစံတွေနဲ့ အုပ်ချုပ်မှာလဲဆိုတာတွေကို ထပ်သိဖို့လိုတယ်’ လို့ ဒေါ်စန္ဒာမင်းက ပြော ပါတယ် ။

ပြန်လည်ပြင်ဆင်ရေးဆွဲမယ့် မြို့သစ်စီမံကိန်းအကြောင်းကို လွှတ်တော် ကိုယ်စားလှယ်တွေက ပဉ္စမအကြိမ်မြောက် လွှတ်တော်မှာ ဆွေးနွေး ခွင့်ရ ရန် မျှော်လင့်ထားကြောင်း သိရပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service