ပုဂ္ဂလိက တန်ဖိုးသင့်အိမ်ရာများ ဈေးကွက်အတွင်း ဝယ်လိုအား များပြား

ပုဂ္ဂလိက တန်ဖိုးသင့်အိမ်ရာများ ဈေးကွက်အတွင်း ဝယ်လိုအား များပြား - Property News in Myanmar from iMyanmarHouse.com
10 Aug 2017 11:20 am တွင် တင်ခဲ့သည်
1131 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ်အတွင်း ပုဂ္ဂလိက တန်ဖိုးသင့် တိုက်ခန်းအိမ်ရာများ အရောင်းဈေး ကွက် မြင့်တက်လာကြောင်း ရွှေအိမ်ခြံမြေလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ မစ္စတာ ကီဗင်ဂူးစ်က ပြောသည်။

''အစိုးရ အကောင်အထည်ဖော်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေက ဈေးနှုန်း ပိုသက်သာပြီး အရစ်ကျငွေသွင်းရချိန် ပိုကြာပေမဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပင်စင်တွေကိုပဲ ပိုဦးစားပေးရောင်းချတာများပြီး တိုက်ခန်းတည်နေရာက လည်း မြို့ထဲနဲ့ နည်းနည်းလှမ်းတာကြောင့် နေ့စဉ်ကားစီးရင်း အချိန်မကုန်
လိုတဲ့ အလုပ်နဲ့ အိမ် သိပ်မလှမ်းတဲ့နေရာမှာ နေထိုင်လိုတဲ့သူတွေက ပုဂ္ဂလိ က တန်ဖိုးသင့်အိမ်ရာတွေကိုပဲ ဝယ်ယူလာကြပါတယ်''ဟု ၄င်းက ပြောသည်။

တန်ဖိုးသင့်အိမ်ရာများကို ၁၈ လမှ ၃၆ လအထိ အရစ်ကျရောင်းချပေးနေပြီး တိုက်ခန်း စတင်ဝယ်ယူရန် ၃ဝ ရာခိုင်နှုန်း ငွေလက်ငင်းပေးရပြီး ကျန်ငွေကို သုံးနှစ်အရစ်ကျ ပေးချေဝယ်ယူကြသူများ များပြားကြောင်း ၄င်းက ပြောသည်။

''တိုက်ခန်းကို ကြိုပွိုင့်အနေနဲ့ ဝယ်ယူလိုသူတွေက တိုက်ခန်းရဲ့ ၃ဝ ရာခို င်နှုန်းကို ကြိုပေးထားဖို့လိုပြီး လစဉ် တိုက်ခန်းရဲ့ နှစ်ရာခိုင်နှုန်းပေးရမှာ ဖြစ်ြ ပီး သုံးနှစ် အရစ်ကျပေးနိုင်ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုက အဲဒီလို သုံးနှစ်အရစ်ကျ ရောင်းချပေးလာကြပါတယ်။
လစာဝင်ငွေ အထိုက်အလျောက်ရရှိတဲ့ အိမ်ပိုင်မရှိသေးတဲ့သူတွေအနေနဲ့ ဝယ်ယူဖို့ အဆင်ပြေပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် တန်ဖိုးသင့်အိမ်ရာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလာနိုင်ရန် ယခုနှစ်ပိုင်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုယ်တိုင် ဘဏ်များနှင့် ချိတ်ဆက်ရောင်းချပေးရန် ကြိုးစားလာကြကြောင်း အာရှဆောက်လုပ်ရေး လုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

''အရင်က တိုက်ခန်းကြိုပွိုင့်ဈေးကွက်တွေ အရမ်းကောင်းမွန်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အိမ်ခြံမြေအရောင်းဈေးကွက် ကျဆင်းလာတော့ ဆောက် လုပ်ရေး လုပ်ငန်းရှင်တွေကိုယ်တိုင် သူတို့ဝယ်လက်ကို ရှာပြီး အဆင်ပြေေ အာင် ရောင်းချဖို့ ကြိုးစားလာပါတယ်။ အရင်က ဝယ်ရောင်း လုပ်သူတွေသာ တိုက်ခန်းတွေကို အဝယ်များခဲ့ပေမဲ့ အခု အမှန်တကယ်နေထိုင်လိုသူတွေသာ
အဝယ်များလာပြီး ဝယ်ယူလိုသူတွေ အဆင်ပြေပြေဝယ်နိုင်ဖို့ အရစ်ကျစနစ် နဲ့ ရောင်းချပေးတာတွေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပိုလုပ်လာကြ ပါတယ်''ဟု ၄င်းက ပြောသည်။

ယခင်က တန်ဖိုးသင့်အိမ်ရာများ ဝယ်ယူရန် ဝယ်ယူလိုသူများက ပြည်တွင်း ဘဏ်များနှင့် ချိတ်ဆက်ရသော်လည်း ယခုအချိန်တွင် ဆောက်လုပ်ရေး လုပ် ငန်းရှင်များကိုယ်တိုင် ဘဏ်များနှင့် ချိတ်ဆက်ရောင်းချလာကြကြောင်း ၄င်း က ပြောသည်။

''အခု ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုယ်တိုင် ဘဏ်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်လာကြပြီး သူတို့ကပဲ အားလုံးအာမခံပေးလို့ ဝယ်ယူလိုသူတွေက လွယ်လွယ်ကူကူ အရစ်ကျဝယ်နိုင်ပါပြီ''ဟု ဦးရန်အောင်က ပြောသည်။

ရွှေအိမ်ခြံမြေလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ မစ္စတာ ကီဗင်ဂူးစ်ကလည်း ''တိုက်ခန်းဝယ်ယူလိုသူတွေကို ဘယ်လိုအရစ်ကျစနစ်တွေနဲ့ ဆွဲဆောင်မလဲ၊ အတိုးနှုန်းကို ဘယ်လိုလျှော့ချပေးမလဲဆိုပြီး ဝယ်ယူလိုသူ အဆင်ပြေအောင် ညှိနှိုင်းရောင်းချပေးဖို့ လုပ်ငန်းရှင်တွေက ကြိုးစားလာကြပါတယ်''ဟု ပြော သည်။

တန်ဖိုးသင့်အိမ်ရာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် လက်ရှိအချိန် တွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းပေးရန် လိုအပ်ပြီး ထိုအတိုးနှုန်းမှာ နှစ်ရှည် အရစ် ကျ စနစ်များ စတင်ရောင်းချခဲ့သော အရောင်းဈေးကွက်အတွက် အတိုးနှုန်း များသည်ဟု မဆိုနိုင်ကြောင်း မစ္စတာကီဗင်ဂူးစ်က ပြောသည်။

''အရစ်ကျတိုက်ခန်းအရောင်းစနစ်တွေ စတင်တွင်ကျယ်ခဲ့တဲ့ မြန်မာနိုင်ငံအ တွက် အရစ်ကျဝယ်ဖို့ လက်ရှိ ဒီမှာပေးနေရတဲ့ ၁၃ ရာခိုင်နှုန်းအတိုးနှုန်းက များတယ်လို့ ပြောလို့မရသလို နည်းလည်းမနည်းပါဘူး။ မြန်မာက အိမ်ရာကို အရစ်ကျစနစ်နဲ့ ရောင်းချပေးတဲ့နေရာမှာ အခုမှ အစပိုင်းပဲ ရှိပါသေးတယ် ။မြန်မာနိုင်ငံအတွက် အရစ်ကျစနစ်နဲ့ ငွေချေးပေးဖို့က ပြည်တွင်းဘဏ်တွေ အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲပါ''ဟု ၄င်းက ပြောသည်။

အခြား အာဆီယံနိုင်ငံများတွင်လည်း အရစ်ကျစနစ်များစတင် ရောင်းချခဲ့ ချိန် တွင် အတိုးနှုန်းများ အနည်းငယ်ကြီးမြင့်လေ့ရှိပြီး နောက်ပိုင်းမှသာ အတိုးနှုန်း များ လျော့ကျလာကြောင်း မစ္စတာကီဗင်ဂူးစ်က ပြောသည်။

''ကမ္ဘောဒီးယားနိုင်ငံမှာ ၂ဝဝ၈ ခုနှစ်ကစပြီး အိမ်ရာအရစ်ကျရောင်းချတာေ တွ ခေတ်စားခဲ့ပြီး အဲဒီအချိန်တုန်းက သူတို့လည်း အရစ်ကျဝယ်ဖို့ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးရပါတယ်။ အခုအချိန်မှာတော့ ကမ္ဘောဒီးယားမှာ အိမ်ရာ အတိုးနှုန်းက ၈ ဒသမ ၅ ရာခိုင်နှုန်းထိ လျော့ကျခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းနဲ့ ဗီ ယက်နမ်နိုင်ငံမှာလည်း အိမ်ရာတိုက်ခန်းဝယ်ဖို့ အတိုးနှုန်း ခုနစ်ရာခိုင်နှုန်းေ အာက်ပဲ ပေးရပါတယ်။ မြန်မာနိုင်ငံလည်း နောက်ဆို အတိုးနှုန်းတွေ ဒီထက် ပိုလျော့ကျလာမှာပါ''ဟု ၄င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံက တန်ဖိုးသင့်အိမ်ရာများမှာ အခြားအာဆီယံနိုင်ငံများက အရွယ်အစားတူ တန်ဖိုးသင့်အိမ်ရာများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းလျော့ နည်းပြီး တိုက်ခန်းဝယ်ယူလိုသူများအတွက် ဈေးနှုန်းသင့်တင့်ကြောင်း ၄င်း က ပြောသည်။

''မြန်မာနိုင်ငံမှာ တန်ဖိုးသင့်တိုက်ခန်းတစ်ခန်း ဝယ်မယ်ဆိုရင် အမေရိ ကန်ဒေါ်လာ ၁၇,ဝဝဝ (မြန်မာကျပ်ငွေ သိန်း ၃ဝဝ ခန့်) ဈေးနှုန်းရှိပြီး ကမ္ဘော ဒီးယားနိုင်ငံတွင် တန်ဖိုးသင့်အိမ်ရာ တစ်ခန်းဝယ်ဖို့ အမေရိကန်ဒေါ်လာ ၃၇,ဝဝဝ (မြန်မာကျပ်ငွေ သိန်း ၅ဝဝ ဝန်းကျင်)နဲ့ ထိုင်းနိုင်ငံဆိုရင် အမေရိ ကန်ဒေါ်လာ ၃၃,ဝဝဝ (မြန်မာကျပ်ငွေ သိန်း ၄၅ဝ ခန့်) ပေးရမှာ ဖြစ်ပါ တယ်''ဟု ၄င်းက ပြောသည်။

ယခုလပိုင်းအတွင်း တန်ဖိုးသင့်အိမ်ရာများ အရောင်းအဝယ်ကောင်းမွန်ခဲ့ပြီး ပြီးခဲ့သော လေးလအတွင်း ရွှေအိမ်ခြံမြေလုပ်ငန်းမှတစ်ဆင့် တန်ဖိုးသင့် တိုက်ခန်း ၄ဝဝ ကျော် ရောင်းချခဲ့ရကြောင်းလည်း ၄င်းက ပြောသည်။

''ပြီးခဲ့တဲ့တစ်ပတ်က ရွှေအိမ်ခြံမြေလုပ်ငန်းက ရန်ကုန်မြို့မှာ သုံးရက်တာ ကျင်းပခဲ့တဲ့ တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲကနေ တန်ဖိုးနည်း အိမ်ရာစီမံ ကိန်း ၁၁ ခုကနေ မြန်မာကျပ်ငွေ ၄ ဒသမ ၇ ဘီလျံကျော်ဖိုး ရောင်းချခဲ့ရပါ တယ်'' ဟု ၄င်းက ပြောသည်။

ထို့ပြင် ယခုလနောက်ဆုံးပတ်တွင်လည်း စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံက တန်ဖိုးသင့်အိမ်ရာများ သွားရောက်ရောင်းချမည်ဖြစ်ကြောင်း မစ္စတာ ကီဗင် ဂူးစ်က ပြောသည်။

''နိုင်ငံခြားမှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေက မြန်မာ့အိမ်ခြံမြေတွေကို ရင်းနှီးမြှုပ်နှံလိုကြဆဲပါ။ ရွှေအိမ်ခြံမြေလုပ်ငန်းက တန်ဖိုးသင့် အိမ်ရာ အေ ရာင်းပြပွဲတွေကို လစဉ်တိုင်း ကျင်းပပေးနေပြီး အခုသြဂုတ်လ ၂၆ နဲ့ ၂၇ ရက်မှာတော့ စင်ကာပူနိုင်ငံကို သွားရောက်ပြီးမြန်မာ့တန်ဖိုးသင့် အိမ်ရာနဲ့ ကွန်ဒိုတိုက်ခန်းတွေကို သွားရောက်ရောင်းချပေးမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

Credit: Myanmar Time
ပုဂ္ဂလိက တန်ဖိုးသင့်အိမ်ရာများ ဈေးကွက်အတွင်း ဝယ်လိုအား များပြား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service