မြို့ပေါင်း ၉၆ မြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် စက်မှုဇုန် စီမံကိန်းများ ရေးဆွဲထားပြီး ပြည်သူလူထု ပွင့်လင်းမြင်သာစွာ သိရှိစေရေး ဆောင်ရွက်လျက်ရှိ

မြို့ပေါင်း ၉၆ မြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် စက်မှုဇုန် စီမံကိန်းများ ရေးဆွဲထားပြီး ပြည်သူလူထု ပွင့်လင်းမြင်သာစွာ သိရှိစေရေး ဆောင်ရွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
10 Aug 2017 11:18 am တွင် တင်ခဲ့သည်
1224 ကြိမ် ကြည့်ရှု့ပြီး
မြို့ပေါင်း ၉၆ မြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် စက်မှုဇုန် စီမံကိန်းများ ရေးဆွဲ ထားပြီး နမူနာအားဖြင့် မန္တလေးမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊ စစ်ကိုင်းမြို့ပြ စီမံကိန်း၊ ဟုမ္မလင်းမြို့ပြစီမံကိန်း အပါအ၀င် မြို့ပြစီမံကိန်း ၁၃ ခုကို တင်ပြ ထားပြီး ၂၀၁၇ ခုနှစ်အောက်တိုဘာတွင် ဆောင်ရွက်ရန် စီမံ လျာထားေ ကြာင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း၏ ပြော ကြားချက်အရ သိရသည်။

နေပြည်တော်တွင် သြဂုတ် ၃ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အ စည်းအဝေး၌ ဟုမ္မလင်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၏
“မြို့ပြစီမံကိန်း၊ ကျေးရွာစီမံကိန်းများရေးဆွဲရာတွင် မည်သည့် အချက်များေ ပ်ါတွင် မူတည်၍ ရေးဆွဲပြီး ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းကို ဒုတိယ၀န်ကြီး ဦးကျော်လင်းက ဖြေကြားရာတွင် အထက် ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် မြို့ပြဒေသ ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက် ရှိရာတွင်
- National Growth Center အဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သုံး မြို့ဖြစ်ပြီး
- အထူးစီးပွားရေးဇုန်များအဖြစ် ထားဝယ်၊ သီလ၀ါ၊ ကျောက်ဖြူ SEZ တို့ ပါ ၀င်ကြောင်း၊
- Region Growth Center အဖြစ် မော်လမြိုင်၊ ပဲခူး၊ မုံရွာ၊ မြစ်ကြီးနား၊ ပုသိမ် စသည့် အုပ်ချုပ်ရေးဗဟိုဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်မြို့ေ တ်ာများ၊ မြို့ကြီးများ၊ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးမှုအလားအလာရှိသော မြို့ကြီးများပါဝင်ကြောင်း၊
- Special Growth Center များအဖြစ် မြ၀တီ၊ မူဆယ်၊ တမူးစသည့် နယ်စပ် ကုန်သွယ်မှုမြို့များ၊ ပုဂံ၊ အင်းလေး၊ မြောက်ဦး ကဲ့သို့သော ခရီးသွား ၀န်ေ ဆာင်မှု လုပ်ငန်း အခြေပြုမြို့များ၊ မြိတ်မြို့၊ ငရုတ်ကောင်း၊ မိုးကုတ်မြို့ ကဲ့ သို့သော သယံဇာတထွက်ကုန် အခြေပြုမြို့များအဖြစ် သတ်မှတ်ဆောင် ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“မြန်မာနိုင်ငံရှိ မြို့များအနက် လူဦးရေငါးသောင်းမှ တစ်သိန်းရှိ Secondary City များမှာ ၂၀၁၄ ခုနှစ်တွင် ၂၅ မြို့ရှိရာမှ ၂၀၄၀ ပြည့်နှစ်တွင် ၄၃ မြို့အထိ တိုးတက်ရောက်ရှိမည်ဟု ခန့်မှန်းထားပါတယ်။

မြို့ပြများ၏လူဦးရေ ပျံ့နှံ့နေထိုင်မှုနှင့် မြို့ပြဖြစ်ထွန်းမှုပုံစံကို ထည့်သွင်း စဉ်း စားပြီး မြို့ပြများစနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ နေထိုင်မှု အဆင့် အတန်းမြင့်မားစေရန်နှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးနိုင်ရန် မြို့ပြစီမံကိန်းများကို Planned City Development ပုံစံများ ရရှိအောင် ကြိုတင်စီမံဆောင်ရွက်လျက်ရှိပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြို့များ၏ လူမှုစီးပွားဖွံ့ဖြိုးမှု အလားအ လာများအရ ဦးစားပေး နယ်မြေများ သတ်မှတ်ပြီး မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း များကို ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြား သည်။

မြန်မာနိုင်ငံ၏ အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများကို အခြေခံ၍
- လူဦးရေငါးသောင်းအထက်ရှိ မြို့ ၆၈ မြို့၊
- ငါးသောင်းအောက်မြို့ ၁၁ မြို့နှင့်

(၁)တိုင်းဒေသကြီး၊ ပြည်နယ်လိုအပ်ချက်အရ မြို့ပေါင်း ၁၇ မြို့နယ်၏ မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် စက်မှုဇုန်စီမံကိန်းများ ရေးဆွဲခဲ့ပြီး စုစုပေါင်းမြို့ေ ပါင်း ၉၆ မြို့၏ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊

(၂)နမူနာအားဖြင့် မန္တလေးမြို့ ဖွံ့ဖြိုးရေးစီမံကိန်း၊ ရမည်းသင်း၊ မုံရွာ၊ စစ် ကိုင်း၊ ကလေး၊ လဟယ်၊ ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူ၊ ဟိုပုံး၊ ပုသိမ်၊ လွိုင်ကော် မြို့ပြစီမံကိန်းများနှင့် ကျိုက်ထီးရိုးပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများကို တင်ပြထားကြောင်း၊

(၃) မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲမှုကိုလည်း ပြည်သူအများ သိရှိစေရန် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ချပြဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း

(၄) မြို့ပြစီမံကိန်း အဆိုပြုသဘောထား ပုံစံများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊

(၅) မြို့ပြစီမံကိန်း ရေးဆွဲရန်လျာထားချက်တွင် ဟုမ္မလင်းမြို့၏ မြို့ပြစီမံကိန်း လည်းပါဝင်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာတွင် ဆောင်ရွက်ရန် စီမံလျာ ထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုတိယ၀န်ကြီး ဦးကျော်လင်းက
ပြောကြားသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် မြို့ပြစီမံကိန်းများကို ရေးဆွဲေ ဆာင်ရွက်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းများကို လွှတ်တော်အဆင့်ဆင့်သို့ တင်ပြပြီး စီမံကိန်း ပုံစံ အတည်ပြုချက်နှင့် ခွင့်ပြုချက်ရယူခြင်း၊ အစိုးရ၏ သဘောတူညီချက်ဖြင့် စီမံ ကိန်းအဆင့်အလိုက် အကောင်အထည်ဖော်ခြင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးခြင်း စသည့်လုပ်ငန်းစဉ်များဖြင့်ေ ဆာင်ရွက်လျက်ရှိကြောင်း ဦးကျော်လင်းကဆိုသည်။

ထို့အတူ အမျိုးသားနယ်မြေဒေသ ဖွံ့ဖြိုးရေးစီမံကိန်းမူဘောင်နှင့်အညီ မြန် မာနိုင်ငံ မြို့ပြစနစ်ထူထောင်ခြင်းနှင့် မြို့ပြစီမံကိန်းများ စနစ်တကျ စဉ်ဆက် မပြတ် ရေးဆွဲဆောင်ရွက်သွားနိုင်ရန် JICA၊ KOICA၊ UN-Habitat စသည့်
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ ၀န်ကြီးက ဆက်လက်ပြောကြားသည်။

မြို့ပြ၊ ကျေးလက်စီမံကိန်းများသည် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး စ်ီမံကိန်းများဖြစ် သည့်အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်မှု ရရှိေ စရေး ဒေသန္တရဖွံ့ဖြိုးရေး စီမံကိန်းများကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာ စွာ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ချပြဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးကျော်လင်းက ဆိုသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service