စိန်နှင့်မြကို အထူးကုန်စည်ခွန်၊ ရွှေစင်ရွှေတုံးများကို ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေး လွှတ်တော်သဘောတူ

စိန်နှင့်မြကို အထူးကုန်စည်ခွန်၊ ရွှေစင်ရွှေတုံးများကို ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေး လွှတ်တော်သဘောတူ - Property News in Myanmar from iMyanmarHouse.com
10 Aug 2017 9:30 am တွင် တင်ခဲ့သည်
1970 ကြိမ် ကြည့်ရှု့ပြီး
စိန်နှင့်မြကို အထူးကုန်စည်ခွန်၊ ရွှေစင် ရွှေတုံး များကို ကုန်သွယ်လုပ်ငန်းခွန် ကင်း လွတ်ခွင့်ပြုရန် တင်ပြခြင်းမှာ တစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့ အကျိုးအ တွက် မဟုတ်ဘဲ အများပြည်သူအကျိုး အတွက်ဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက ပြောသည်။

သြဂုတ် ၈ ရက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအ ဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ သော ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏အခွန်ကောက်ဥပဒေပါ ကုန်စည်ခွန် အချို့အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်ခွန်များ ကင်းလွတ်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်သို့ တင်ပြ ချက်ကို ကိုယ်စားလှယ်များ ဆွေးနွေး ချက်အပေါ် ဒုတိယဝန်ကြီးက ပြန် လည် ရှင်းလင်းရာ ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

""အခွန်ကင်းလွတ်ခွင့် ပြုခြင်းမှာ တိုက်ရိုက် အခွန်ကင်းလွတ်ခွင့် ပြုခြင်း နှင့် သွယ်ဝိုက်ခွန် ကင်းလွတ်ခွင့်ပြုခြင်း ရှိပါတယ်။
တိုက်ရိုက် အခွန်ကင်းလွတ် ခွင့် ပြုခြင်းကတော့ ကင်းလွတ်ခွင့် ရရှိတဲ့ တစ်ဦးတစ်ယောက်၊ တစ်စု၊ တစ်ဖွဲ့အတွက်သာ တိုက်ရိုက် အကျိုး သက်ရောက်မှာ ဖြစ်သော်လည်း သွယ် ၀ိုက်ခွန် ကင်းလွတ်ခွင့် ပြုခြင်းကတော့ ရောင်းဝယ်၊ ထုတ်လုပ်၊ တင်သွင်းသူ များသာမက သုံးစွဲသူ အများပြည်သူ အပေါ်မှာလည်း အကျိုးသက်ရောက် စေမှာ ဖြစ်ပါတယ်။
ထို့အပြင် တိုက် ရိုက်ခွန် ကင်းလွတ်ခွင့် ပြုခြင်းကြောင့် ဖြစ်စေ၊ သွယ်ဝိုက်ခွန် ကင်းလွတ်ခွင့် ပြုခြင်းကြောင့်ဖြစ်စေ ကုန်စည်စီးဆင်း ရာ လုပ်ငန်းတစ်လျှောက် ဆက်စပ် နေသူများနဲ့ အမှီပြုနေသူများကိုလည်း အကျိုးသက်ရောက်မှု ရရှိစေမှာ ဖြစ် ပါတယ်။
သို့ဖြစ်၍ အထူးကုန်စည်များ ဖြစ်တဲ့ စိန်နဲ့မြအပေါ်မှာ အထူးကုန် စည်ခွန် ကင်းလွတ်ခွင့်၊ ရွှေစင်ရွှေတုံး များအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရန် တင်ပြခြင်းဟာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့အ ကျိုးအတွက် မဟုတ်ဘဲနဲ့ သုံးစွဲသူ၊ ရောင်းဝယ်ဖောက်ကားသူများ၊ ဈေး နှုန်းတည်ငြိမ်စွာဖြင့် ရောင်းဝယ်နိုင် ရေး၊ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း များဖြစ်ပေါ်လာရေး စသည့်အများ ပြည်သူအကျိုးကို ရည်မျှော်ပြီး ကင်း လွတ်ခွင့်ပြုရန် တင်ပြခြင်းဖြစ်ပါတယ်"" ဟု ဒုတိယဝန်ကြီးက ပြောသည်။

စိန်နှင့်မြကို အထူးကုန်စည်ခွန် ကင်းလွတ်ခွင့် ၁၀ ရာခိုင်နှုန်းပေးလိုက် သော်လည်း ကျန်အကောက်ခွန် ၃၀ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ငါး ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ကြောင်း ရောင်းချမှုအပေါ် ဝင်ငွေလည်း ပေး ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အခွန်နှုန်း သက်သာတဲ့အခါမှာ တရားဝင် တင်သွင်းလာပါက ပြည် တွင်း၌ ကျောက်မျက် အချောထည် လုပ်ငန်း၊ လက်ခစားလုပ်ငန်းများ ဖွံ့ ဖြိုးလာနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှပ်နှံ မှု ပိုမိုဝင်ရောက်လာနိုင်ခြင်း၊ အကြမ်း ထည်များ ပြည်တွင်းသို့ တင်သွင်းပြီး အချောထည် ထုတ်လုပ်နိုင်ခြင်းများရရှိ စေမည်ဟု ဒုတိယဝန်ကြီးကပြောသည်။

နိုင်ငံတကာတွင် ငွေကြေးတန် ဖိုး အတက်အကျမတည်ငြိမ်ဘဲ ငွေ ကြေးတန်ဖိုး ကျဆင်းခြင်းကြောင့် ဆုံး ရှုံးနိုင်ခြေများကို ကာကွယ်ရန် ရွှေစင် ရွှေတုံးများကို ဝယ်ယူ စုဆောင်းလေ့ ရှိကာ လိုအပ်ချိန်တွင် ငွေပြန်ဖော်နိုင် ပြီး ရင်းနှီးမြှုပ်နှံသူများ အားထားသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က ရွှေစင်၊ ရွှေတုံး များကို အာမခံထားပြီး ငွေချေးခွင့် ပြုထားကြောင်း သိရသည်။

""ရွှေစင်ရွှေတုံးများအပေါ် ကုန် သွယ်လုပ်ငန်းခွန် ကောက်ခံမည်ဆို ပါက ရွှေတစ်ကျပ်သား ဝယ်ယူသူ သည် တန်ဖိုးကျပ် ကိုးသိန်း၊ ကုန် သွယ်လုပ်ငန်းခွင် ငါးရာခိုင်နှုန်း အ ဖြစ် ကျပ်လေးသောင်းခွဲ ပေါင်း ကျပ် ၉၄၅၀၀၀ ပေးရမည်ဖြစ်ကာ ပြန်လည် ရောင်းချရာတွင် ကုန်သွယ်လုပ်ငန်း ခွန်ကို ထည့်မတွက်တော့ဘဲ ရွှေဈေး အတက်အကျ ပြောင်းလဲမှုမရှိပါက ရွှေတန်ဖိုး ကျပ် ၉၀၀၀၀၀ သာ ပြန် လည်ရရှိမည်ဖြစ်သဖြင့်အရှုံးပေါ်မည်""ဟု ဒုတိယဝန်ကြီးက ပြောသည်။

ယင်းသို့ဖြစ်ပါက ရွှေစင်ရွှေတုံး အစား အခြားရင်းနှီးမြှုပ်နှံမှု နယ်ပယ် တွင် ပိုမိုရင်းနှီးမြှုပ်နှံ စုဆောင်းပါက ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီး မြင့်မှုကို ဖြစ်ပေါ်စေပြီး ငွေကြေးဈေး ကွက်အပေါ်တွင် ရိုက်ခတ်မှုဖြစ်လာ နိုင်ကြောင်း သိရသည်။

ထို့ကြောင့် ရွှေစင်ရွှေတုံးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုခြင်းဖြင့် ငွေကြေးစီးဆင်းမှု မမှန် သောကိစ္စများ၊ အိမ်ခြံမြေ ဈေးကွက် အတွင်း ဝင်ရောက်ဈေးကစားမှုကြောင့် အိမ်ခြံမြေ ဈေးကြီးမြင့်မှုကို အထိုက် အလျောက် ကာကွယ်ပေးနိုင်မည်ဟု ဒုတိယဝန်ကြီးက ထပ်လောင်းပြော ကြားသည်။

ယင်းသို့ ရှင်းလင်းမှုအပြီး အဆို ပါတင်သွင်းမှုအပေါ် လျှို့ဝှက်စက် ခလုတ်သုံး မဲခွဲဆုံးဖြတ်ရာ ထောက် ခံမဲ ၃၆၁ မဲ၊ ကန့်ကွက်မဲ ၁၈၁ မဲ၊ ကြားနေမဲ တစ်မဲ ရရှိကာ ထောက်ခံ မဲ များသဖြင့် စိန်နှင့်မြကို အထူးကုန် စည်ခွန်၊ ရွှေစင်ရွှေတုံးကို ကုန်သွယ် လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည် အဖြစ် သတ်မှတ်ရန်ကို လွှတ်တော် က သဘောတူ အတည်ပြုကြောင်း လွှတ်တော်နာယကမှ ကြေညာခဲ့သည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service