မြို့ကွက်သစ် အရှေ့တောင်ဘက်ဧရိယာများတွင် ဝယ်ယူရန်အချိန်ကောင်းဖြစ်နေဟု အကျိုးဆောင်တချို့ပြော

မြို့ကွက်သစ် အရှေ့တောင်ဘက်ဧရိယာများတွင် ဝယ်ယူရန်အချိန်ကောင်းဖြစ်နေဟု အကျိုးဆောင်တချို့ပြော - Property News in Myanmar from iMyanmarHouse.com
10 Aug 2017 9:29 am တွင် တင်ခဲ့သည်
1329 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိအချိန်မှာ အရောင်းအဝယ် ငြိမ်သက်နေပေမဲ့ အိမ်မြေဝယ်ယူဖို့စိတ်ကူးရှိသူတွေအတွက် မြို့ကွက်သစ် အရှေ့တောင်ဘက်ဧရိယာတွေမှာ အခွင့်အရေးကောင်းတွေ ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

အရောင်းအဝယ် ငြိမ်သက်နေတာဟာ တစ်ဖက်မှာအခွင့်အရေးကောင်းတွေ ရှိနေတယ်လို့ တချို့က သုံးသပ်ကြပါတယ်။ အရောင်းအဝယ်ငြိမ်သက်ခြင်းရဲ့ အကျိုးဆက်အဖြစ် အိမ်မြေရောင်းချလိုသူ တချို့ဟာ ကိုယ့်ပိုင်ဆိုင်မှုကို အရင် က ရှိခဲ့တဲ့ အမြင့်ဈေးနှုန်းတွေကနေ နိမ့်ဆင်းခေါ်လာတာတွေရှိပြီး အလားအ လာ ကောင်းတာတွေကို သင့်တင့်တဲ့ နှုန်းထားနဲ့ ညှိနှိုင်း ဝယ်ယူနိုင်တဲ့ အခွင့် အရေးတွေ ရှိလာကြောင်း အကျိုးဆောင်တချို့က ပြောပါတယ်။

လက်ရှိအနေအထားအရ မြေကွက်ကို ကိုယ်တတ်နိုင်တဲ့ ငွေပမာဏနဲ့ ဝယ် ယူလိုသူတွေ အနေနဲ့လည်း မြို့ကွက်သစ်အရှေ့ပိုင်းဧရိယာတွေမှာ ကျပ် သိန်း ၂ဝဝ ကနေ ကျပ်သိန်း ၄ဝဝ အတွင်း ဈေးနှုန်းရှိတဲ့ မြေကွက်တွေကို ဝယ်ယူနေထိုင်မှု များပြားလာပါတယ်။ ငွေကို ကျပ်သိန်း ၂ဝဝ လောက်သုံး ရင် မြေကွက်အကျယ် ၁၅ ပေ၊ ပေ ၄ဝ လောက်ပဲရနိုင်ပေမဲ့ အဆောက်အအုံ ကို နှစ်ထပ်လောက် သပ်သပ်ရပ်ရပ် ဆောက်လုပ်လိုက်ရင် သင့်တင့်တဲ့ မိသားစုဝင်ဦးရေအတွက် ကောင်းကောင်း နေထိုင်လို့ ဖြစ်နေပါတယ်။ ဒါဟာ တစ်ဖက်က ကြည့်ရင် အငှားဈေးနှုန်းတွေ မြင့်နေတဲ့မြို့တွင်းမှာ အိမ်ငှားနေ တာ ထက်စာရင် အများကြီး တာသွားတယ်လို့ အိမ်မြေအကျိုးဆောင် တချို့ က သုံးသပ်ပြပါတယ်။

မြို့သစ်ဧရိယာထဲမှာ အရှေ့နဲ့ အနောက်မှာ ၅၅ လမ်းကနေ ၄၅ လမ်း ဧရိ ယာ အတွင်း၊ တောင်နဲ့ မြောက်မှာ မနော်ဟရီလမ်းကနေ မင်းကြီးရန်နောင် လမ်းအတွင်း နေရာတွေမှာ အထက်ကလို မြေကွက်ပေကျဉ်းတွေကို ဝယ် ယူဖို့ မေးမြန်းစုံစမ်းတာ များလာပါတယ်။ ဒီအထဲမှာမှ ငွေကို ကျပ်သိန်း ၅ဝဝ ပတ်ချာလည်အထိ သုံးနိုင်တဲ့ သူတွေအတွက်ကတော့ ဝယ်ယူမယ်ဆိုရင် တကယ့် အချိန်ကောင်းလို့ ပြောလို့ ရပါတယ်။

တချို့လမ်းပေါ်တင် မြေကွက်တွေက ကျပ်သိန်း ၁,ဝဝဝ လောက်အ ထိ ဈေးခေါ်တာတွေ ရှိနေပေမဲ့ အချိန်ပေးပြီး သေချာရှာရင် ကျပ်သိန်း ၅ဝဝ ဝန်းကျင်နဲ့ ရောင်းချင်နေတာတွေလည်း တွေ့နိုင်ပါတယ်။ အိမ်ခြံမြေအ ကျိုးဆောင်တချို့ကတော့ မိန်းလမ်းပေါ်တင်ပြီး ပေ ၃ဝ၊ ပေ ၄ဝ အ ကျယ်ြေ မကို ကျပ်သိန်း ၄ဝဝခေါ်နေတာတွေ ရှိကြောင်း ပြောပါတယ်။ မိန်းလမ်းပေါ် တင်ဆိုတာဟာ အိမ်မြေအကွက်အကွင်းအရ အားသာချက်ကြီးမား ပြီး ရှေ့ အလားအလာကောင်းလည်း ရှိနေပါတယ်။

မြို့ကွက်သစ်ဧရိယာအများစုဟာ လူနေထိုင်မှု အနည်းနဲ့အများ ရှိနေကြပြီဖြစ် ပါတယ်။ လမ်းပန်းဆက်သွယ်ရေးက လွယ်ကူကောင်းမွန်နေပြီး ရေ၊ မီးက လည်း ရဖို့ လွယ်ကူပါတယ်။ ဒါဟာ ကြီးမားတဲ့ အားသာချက်ဖြစ်နေ ပြီးေ ဈးနှုန်း အနေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြို့တွင်းပိုင်းနဲ့ အဆများစွာကွာ ဟနေ တာကြောင့် မြို့ကွက်သစ်မှာ နေထိုင်ဖို့ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်စေ အချိန်ေ စာနိုင်သမျှ စောပြီး ဝယ်ယူထားခြင်းဟာ မမှားနိုင်ဘူးလို့ အကျိုးဆောင်အများ စုက သုံးသပ်ကြပါတယ်။

Credit: Myanamr Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service