ရန်ကုန်နဲ့ မန္တလေး အိမ်ခြံမြေဈေးကွက် ပြန်ကောင်းလာ

ရန်ကုန်နဲ့ မန္တလေး အိမ်ခြံမြေဈေးကွက် ပြန်ကောင်းလာ - Property News in Myanmar from iMyanmarHouse.com
8 Aug 2017 12:35 pm တွင် တင်ခဲ့သည်
2326 ကြိမ် ကြည့်ရှု့ပြီး
အရောင်းအဝယ် ရပ်တန့်လုနီးပါးဖြစ်ခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေဈေးကွက်နဲ့ မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် ပြန်ကောင်း လာတယ် လို့ တွေ့ရပါတယ်။

“ရန်ကုန် အိမ်ခြံမြေ ဈေးကွက်ဟာ ရပ်တန့်လုနီးပါး အရောင်းအဝယ် ကျဆင်း ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကစပြီးတော့ အရောင်းအဝယ်တွေ ပြန်ြ ဖစ်လာတာကို တွေ့ရတယ်”လို့ အိမ်ခြံမြေအကျိုးဆောင် ကိုသူရက ပြောပါ တယ်။

ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် မြင့်တက်လာတာ က ရွှေေ ဈး မြင့်တက်လာတာ၊ အစိုးရက ဘတ်ဂျက်တွေ တချို့စီမံကိန်းတွေအတွက် ချထားပေးတာတွေကြောင့် ဈေးကွက်အတွင်းကို ငွေကြေးဝင်ရောက်လာတဲ့အတွက် အရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာတာဖြစ်တယ်လို့ သိရပါတယ်။

အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက “အရောင်းအဝယ် ပြန်ကောင်းလာတယ်ဆိုပေမယ့် ဈေးနှုန်းကတော့ အရင်ခေါ်ဈေးမရသေးပါဘူး၊ မူလခေါ်ဈေးထက် လျှော့ရောင်းတဲ့ အိမ်ခြံမြေတွေ အရောင်းအဝယ်တွေ ဖြစ်လာတယ်။ ဈေးလျှော့ပြီး ရောင်းနေတဲ့ ကန်ထရိုက်တိုက်တွေလဲ အရောင်းအဝယ် ဖြစ်နေတယ်၊ ဆောက်လုပ်ဆဲ ကွန်ဒိုတွေကလဲ လျှော့ဈေးနဲ့ ရောင်းချတာတွေ၊ အရစ်ကျ ရောင်းချတာတွေအတွက် အရောင်းအဝယ်ဖြစ်လာတယ်” လို့ ပြောပါတယ်။

မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာလည်း တန်ဖိုးမြင့်တဲ့ အိမ်ခြံမြေတွေ အရောင်းအဝယ်မဖြစ်သလောက် နည်းပါးပေမယ့် သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြား အိမ်ခြံမြေတွေကတော့ ပြန်လုပ်ဖြစ်လာတယ်လို့ သိရပါတယ်။

မန္တလေးအိမ်ခြံမြေ ဈေးကွက်အရောင်းအဝယ်အေးနေတာက ၂၀၁၄ ခုနှစ်က စခဲ့ပြီး နောက်ပိုင်းမှာ အမှန်တကယ် ဝယ်ယူမယ့်သူတွေ ဝယ်ယူလာတာေ ကြာင့် ကျပ်သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြား အိမ်ခြံမြေ အရောင်းအဝယ်ေ တွ ပြန်ဖြစ်ထွန်းလာတာပါ။

မန္တလေး အိမ်ခြံမြေ ဈေးကွက်က အရောင်းအဝယ်ပုံစံ ပြောင်းလဲလာပြီး ဝယ်ရောင်းထက် ဝယ်ယူနေထိုင်ဖို့ ဝယ်ယူသူ များပြားလာတယ်လို့ သိရပါ တယ်။

“သိန်း ၁၀၀၀ အောက်မြေကွက်တွေက အိမ်ခြံမြေအရောင်းအဝယ်ဖြစ် လာတယ်၊ အရင်တုန်းက အမြင့်ဈေးတွေနဲ့ ကိုင်ထားတဲ့ အိမ်ခြံမြေတွေလဲ ဒီနှစ်ထဲမှာ ညှိနှိုင်းဈေးနဲ့ ရောင်းချလာကြတယ်ဆိုတော့ အရင်ကထက်တော့ အရောင်းအဝယ် ပိုဖြစ်လာတယ်၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီး တံခွန်မြို့နယ်တွေက အိမ်ခြံမြေတွေကို စိတ်ဝင်စားမှု များပါတယ်။ အရောင်း အဝယ်ဈေးကွက်မှာက ဝယ်ရောင်း ရင်းနှီးမြှုပ်နှံမှုထက် နေဖို့ ဝယ်ယူသူေ တွများတယ်” လို့ မန္တလေး အိမ်ခြံမြေ အကျိုးဆော င်တစ်ဦးက ပြောပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service