စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားဇုန် (၆) ဇုန် သတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားဇုန် (၆) ဇုန် သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
3 Aug 2017 9:51 am တွင် တင်ခဲ့သည်
2693 ကြိမ် ကြည့်ရှု့ပြီး
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းတွင် အစိုးရအဖွဲ့၊ ပုဂ္ဂလိက ကဏ္ဍနှင့်သက်ဆိုင်ရာ အဖွဲ့ အစည်းများပူးပေါင်း၍ ခရီးသွားဇုန် (၆) ဇုန်ကိုသတ်မှတ်ဖော်ဆောင်လျက်ရှိကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနက သြဂုတ် ၂ ရက်က သတင်းထုတ်ပြန်လိုက်သည်။

ယခုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခရီးဇုန် (၆) ဇုန်မှာ စစ်ကိုင်းဇုန်၊မုံရွာဇုန်၊ရွှေဘိုဇုန်၊ကသာဇုန်၊ကလေးဇုန်၊ခန္တီးဇုန်တို့ ဖြစ်ကြကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကိုင်းဇုန်တွင် စစ်ကိုင်းတောင်၊ မင်းကွန်း ပုထိုးတော်ကြီး၊ ကနောင်မင်း သားကြီး၏ သံရည်ကြိုစက်ရုံ၊ကုန်းဘောင်ခေတ် အစေခံခံတပ်၊ ရာဇ မဏိ ဇူဌာကောင်းမှုစေတီတော်၊ အဏုဇီဝစိမ်းပြာရေညှိ ထုတ်လုပ်ရာ ရေခါးအင်း ၊ရွာထောင်ရှိ ငွေထည်လက်မှုပညာလုပ်ငန်း၊ ဧရာဝတီမြစ် အတွင်း အပျော် စီး သင်္ဘောခရီးစဉ်များပါဝင်ပြီးမုံရွာဇုန်တွင် ကျောက္ကာရွှေဂူနီဘုရားနှင့် ယွန်းထည်လုပ်ငန်း ၊ မိုးညှင်း သမ္ဗုဒ္ဒေဘုရားနှင့် ဗောဓိတစ်ထောင်ရှိ ကမ္ဘာ့အမြင့်ဆုံးရပ်တော်မူ ဘုရား၊ ဘုတလင်နယ်ရှိ ညောင်ကန် ကြေးခေတ်ပြကွက်များ ၊ညောင်ရမ်းခေတ် ကျောက်ထွင်းဇာတ်နိပါတ်များနှင့် စိမ်းပြာရေညှိထုတ် တွင်းတောင် ၊ယင်းမာ ပင်နယ်ရှိ ဖိုလ်ဝင်တောင်၊ အလောင်း တော်ကဿဖ အမျိုးသား ဥယျာဉ်၊ ကနီနယ်ရှိ မီးတောင်ဟောင်းနေရာများဖြစ်သော တွင်းမတွင်း နှင့်တောင်ပျောက်တွင်းတို့ ပါဝင်ကြကြောင်း သိရသည်။

ရွှေဘိုဇုန်တွင်မူ အလောင်းမင်းတရားကြီးဦးအောင်ဇေယျ၏နန်းတော်၊ ပြဿဒ်၊ မြေမြို့ရိုးနဲ့ကျုံးများ၊ ဘုရားစေတီများ၊ရွှေဘိုမြို့၊ ဧရာဝတီမြစ် ကမ်းနံဘေး၊ ကျောက်မြောင်းမြို့၊ နွယ်ငြိမ်းအရပ်ရှိ စဥ့်အိုး၊ စဥ့်ထည် လုပ်ငန်းများ ဝက်လက်နယ်ရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဟံလင်းပျူမြို့ဟောင်းနှင့် ရေပူ/ ရေအေးစမ်းများရှိမ်းမကားရှိ ရွှေသမင်တော၊ကန့်ဘလူနယ်ရှိ အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းများ၊ ချပ်သင်းရွှေသမင် ဘေးမဲ့ တော နှင့် ဘူမိထူးခြားနယ်မြေဖြစ်သောဇင်းတောင် လင်းနို့ဂူတို့ပါဝင်ကြောင်း၊ကသာဇုန်အတွင်း တွင်ဂျော့အိုဝဲလ်နှင့်အင်္ဂလိပ်အရေးပိုင်တို့၏ကိုလိုနီခေတ်အိမ် ၁၂ လုံး၊ နတ်ပေါက် ဆင်စခန်း၊ ဖက်ဆွတ် သစ်တော စခန်းအင်းတော်နယ်မှာ ဂျပန်မြေအောက် ဆေးရုံ၊ ဗိုလ်ချုပ်ဝင်းဂိတ်၏ချင်းဒစ်တပ်ရှိရာ မော်လူး White City ခံတပ်၊ အင်းတော် အင်းလေး အိုင်နှင့် ကျောက်စိမ်းတွင်းများ ၊မန်လည်ဆရာတော်ဘုရားကြီး၏ ကျောင်းတော် ရာနှင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်၊ ဗန်းမောက်နယ်ရှိ ဇလုံတောင်တော်နှင့် ဗန်းမောက်နှင့် ကောလင်းမြို့တို့ရှိ ကျွန်းသစ်ပင်များကို လေ့လာ နိုင်မည် ဖြစ်ကြောင်း သိရသည်။

ကလေးဇုန်သည် ချင်းပြည်နယ် ခရီးသွား လုပ်ငန်း များနှင့် ဆက်စပ်နေပြီး ရာဇဂြိုလ်ဆည်နှင့် အိန္ဒိယနယ်စပ် တမူးမြို့သို့ သွားရောက် လည်ပတ်နိုင်ကာ ပြောင်ဘုတ်လမ်းမှတဆင့် ကဘော်ချိုင့်ဝှမ်း လွင်ပြင်ကြီးကို ကြည့်ရှုနိုင်ကြောင်း၊ လက်ဆေးကန်နှင့် ပျားစွဲဆင်စခန်း၊ မော် လိုက်မြို့ရှိ မြန်မာနိုင်ငံ၏ ပထမဦးဆုံးဂေါက်ကွင်းနှင့် ကိုလိုနီ အဆောက်အဦးများ ၊ကလေးဝနယ်ရှိ ကျောက်မီးသွေးတွင်းများ၊ မဟာ မြိုင်တောကိုဖြတ်၍ ရွှေဘို မြို့(သို့) မုံရွာမြို့သို့ သွားရောက်နိုင်မည် ဖြစ်ကြောင်းသိရသည်။

ခန္တီးဇုန်အတွင်းရှိ နန်စီဗွန်ကျေးရွာအနီးတွင် ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေ တည်ရှိကြောင်း၊ယင်းအပြင်နာဂဒေသဖြစ်သည့် လဟယ်မြို့နှင့် နန်း ယွန်းမြို့များသို့ သွားလာနိုင်ပြီး နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင် Lake of No Return ရေကန်နှင့် ဒေါ်ခင်ကြည် ရိပ်သာတို့ကို လည်ပတ်နိုင်မည့်အပြင်ထမံသီဘေးမဲ့တောနှင့် ရှားပါးတိရိစ္ဆာန်များကို လေ့လာနိုင်ကာ၎င်းမှ နာဂဒေသလေရှီးမြို့သို့ သွားရောက်လည်ပတ်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service