ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် သူဌေးကြီး ၈ ဦးအကြောင်း တစေ့တစောင်း

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် သူဌေးကြီး ၈ ဦးအကြောင်း တစေ့တစောင်း - Property News in Myanmar from iMyanmarHouse.com
2 Aug 2017 11:40 am တွင် တင်ခဲ့သည်
1846 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀၀ အနက် မျိုးရိုးစဉ်ဆက် အမွေရကာချမ်းသာသူမှာ ၂၇ ဦးသာရှိပြီး ကျန် ၇၃ ဦးမှာ ကိုယ့်ဒူးကိုယ်ချွန်ကြွယ်ဝလာသူများဖြစ်ကြောင်း Bloomberg က ဖော်ပြသည်။

အဆိုပါ ကိုယ့်ဒူးကိုယ်ချွန်ဘီလျံနာ ၇၃ ဦးတွင် သင်စီးပွားရေးဘဝကို စတင်ခဲ့စဉ်ကထက် ပိုမိုခက်ခဲစွာရုန်းကန်ခဲ့ကြရသူ မည်မျှရှိပါသနည်း။
ကျွန်ုပ်တို့အနေဖြင့်လည်း ခြုံကြားမှဘုံဖျားသို့ရောက်ရန် ဖြစ်နိုင်ပါသလော။
ကိုယ့်ဒူးကိုယ်ချွန်ချမ်းသာကြွယ်ဝလာသူတို့အကြောင်းကို အဖြစ်အပျက်မည်မျှပင် သာဓကပေးသည်ဖြစ်စေ သင့်အနေဖြင့် တွေးနေနိုင်သည်မှာ အဆိုပါပုဂ္ဂိုလ်များသည် သင်မရခဲ့သော အခွင့်အလမ်းကောင်းများ၊အထူးအခွင့်အရေးများ ရခဲ့သည်ဟု တွေးကောင်းတွေးနေမည်သာ ဖြစ်သည်။

မာ့ခ် ဇပ်ကာဘက်၏ ဖခင်သည် သွားဆရာဝန်တစ်ဦးဖြစ်၏။
သွားဆရာဝန်တစ်ဦးသည် သားဖြစ်သူကို ဘီလျံနာတစ်ဦးဖြစ်လာစေရန် အထောက်အကူဖြစ်နိုင်ဖွယ် မရှိချေ။ကွန်ပြူတာနည်းပညာများနှင့် စပ်လျဉ်း၍ သွားဆရာဝန်တစ်ဦးထံမှ အကူအညီရဖွယ်မရှိ။

ဆာဂေးဘရင်းသည်လည်း ကိုယ့်ဒူးကိုယ်ချွန်တစ်ဦးဖြစ်၏။
သို့ရာတွင် သင်တွေးမည်မှာ သူ၏ဖခင်နှင့်အဘိုး နှစ်ဦးလုံးမှာ သင်္ချာပညာရှင်များဖြစ်သောကြောင့် ဘရင်းကိုသင်္ချာတော်သူ ဖြစ်လာအောင် မြေတောင်မြှောက်ပေးနိုင်သည်ဟု တွေးမည်သာဖြစ်သည်။
သင်၏ဖခင်မှာ ယာဉ်မောင်းတစ်ဦး (သို့မဟုတ်) သင့်တွင် ဖခင်မရှိတော့ဟု ဆိုပါစို့။

သို့ဆိုလျှင် သင့်တွင် ဘီလျံနာဖြစ်လာနိုင်ချေ ရှိပါသေး၏လော။
ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀၀ ကို လေ့လာခဲ့ရာတွင် ၈ ဦးမှာ အလွန်နိမ့်ပါးလှသော ဘဝများမှ လာကြသည်ကို တွေ့ရှိခဲ့သည်။
၎င်းတို့အားလုံး (အထက်ပါ ၈ ဦး) သည် ကောလိပ်မှ ဘွဲ့ဒီဂရီများ လုံးဝရရှိခဲ့ကြခြင်း မရှိ။

ကမ္ဘာပေါ်တွင် သတ္တမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် လာရီအဲလစ်ဆင်သည် ၉ လသားအရွယ်ကပင် မိဘများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး အသက် ၄၈ နှစ်ရောက်သည့်တိုင် မိဘရင်းများနှင့် မတွေ့ခဲ့ရချေ။
အာရှတွင် ဒုတိယမြောက်အချမ်းသာဆုံး၊ ကမ္ဘာပေါ်တွင် နံပါတ် ၁၈ အချမ်းသာဆုံးပုဂ္ဂိုလ် လီကာရှင်းသည် ဖခင်ဖြစ်သူအဆုပ်ရောဂါဖြင့် ကွယ်လွန်သွားပြီးနောက် ကျောင်းထွက်လိုက်ရကာ စက်ရုံတစ်ခုတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ရ၏။

အီတလီတွင် ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ် လီယိုနာဒို ဒယ်လ်ဗက်ချီယို၏ မိဘများမှာ လွန်စွာဆင်းရဲကြ၏။ ဗက်ချီယို
မမွေးဖွားမီ ၅ လခန့်အလိုတွင် ဖခင်ဖြစ်သူကွယ်လွန်သွားခဲ့ရာ
မိခင်ကလည်း ကျွေးမွေးစောင့်ရှောက်နိုင်ခြင်းမရှိသောကြောင့်
မိဘမဲ့ဂေဟာသို့ ပို့ခဲ့သည်။

ဥရောပတွင် အချမ်းသာဆုံး၊ ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အချမ်းသာဆုံးပုဂ္ဂိုလ် အာမန်စီယို အော်တေးဂါးသည် မီးရထားလမ်းလုပ်သား တစ်ဦး၏ သားဖြစ်သည်။
နော်ဝေတွင် မွေးဖွားကာ ဆိုက်ပရပ်စ်နိုင်ငံသား ခံယူထားပြီး လန်ဒန်တွင် နေထိုင်လျက်ရှိသည့် ဂျွန် ဖရက်ဒရစ်ဆန်သည် ကမ္ဘာ့ အကြီးမားဆုံး ရေနံတင်သင်္ဘောအုပ်စုကို ပိုင်ဆိုင်ထားသူဖြစ်၏။ ငယ်စဉ်ကမူ လွန်စွာဆင်းရဲလှပြီး ဖခင်မှာ ဂဟေဆက်သမား တစ်ဦးသာ ဖြစ်သည်။

ကန်ဒေါ်လာ ၃၂ ဒသမ ၂ ဘီလီယံကြွယ်ဝသည်ဟု ဖော့ဘ်မဂ္ဂဇင်းကြီးက ခန့်မှန်းထားသူ၊ စင်္ကာပူရှိ ဒေါ်လာ ၈ ဘီလီယံတန်ကြေးရှိ Marina Bay Sands အပန်းဖြေစခန်းကြီးနှင့် လာ့စ်ဗီးဂပ်ရှိ ဒေါ်လာ ၇ ဘီလီယံကျော်တန်ကြေှးရှိ Las Vegas Sands တို့ အပါအဝင် ကာစီနိုနှင့် ဟိုတယ်များစွာပိုင်ဆိုင်သူ ရှဲလ်ဒန် အဒဲလ်ဆန်သည် ငယ်စဉ်က အလွန်ဆင်းရဲလှ၏။ ဖခင်မှာ အငှားယာဉ်မောင်းတစ်ဦး ဖြစ်သည်။ အသက် ၁၂ နှစ်အရွယ်တွင် ဦးလေးဖြစ်သူထံမှ ဒေါ်လာ ၂၀၀ ချေးယူကာ ဘော့စ်တွန်တွင် သတင်းစာရောင်းခဲ့ရသည်။

ကမ္ဘာ့အကြီးမားဆုံးပရိဘောဂဆိုင်အုပ်စု IKEA ကိုတည်ထောင်ခဲ့ပြီး လက်ရှိအားဖြင့် ကန်ဒေါ်လာ ၄၄ ဒသမ ၉ ဘီလီယံကြွယ်ဝသည်ဟု ဖော့ဘ်မဂ္ဂဇင်းကြီးက ခန့်မှန်းထားသူ အင်ဗာခမ်းပရက်၏ ဖခင်မှာ လယ်သမားတစ်ဦးဖြစ်၏။

ဆယ်လ်မာဟေးယက်၏ ခင်ပွန်း၊ ပြင်သစ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ၊ နာမည်ကျော်ဖက်ရှင်တံဆိပ် Gucci နှင့် ကမ္ဘာကျော်စီးကရက် Yves Saint Laurent တို့ကို ထုတ်လုပ်သူ ဖရန်ဆွာပီနော့၏ ဖခင်သည် သစ်လုပ်သားလွှဆွဲသမားတစ်ဦး ဖြစ်၏။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀၀ အနက် ၁၈ ဦးမှာ တက္ကသိုလ်ဘွဲ့မရခဲ့သူများဖြစ်ပြီး ၃၆ ဦးမှာ ဆင်းရဲနွမ်းပါးသောမိဘများမှ မွေးဖွားလာသူများ ဖြစ်ကြသည်။
ယင်းအနက် မိဘများဆင်းရဲနွမ်းပါးကာ တက္ကသိုလ်မှလည်း ဘွဲ့မရခဲ့သူ ၈ ဦးရှိလေသည်။အဆိုပါ ၈ ဦးမှာ အထက်တွင် ဖော်ပြခဲ့သည့် လာရီအဲလစ်ဆင် ၊ လီကာရှင်း၊ လီယိုနာဒို ဒယ်လ်ဗက်ချီယို၊ အာမန်စီယို အော်တေးဂါး၊ ဂျွန် ဖရက်ဒရစ်ဆန်၊ ရှဲလ်ဒန် အဒဲလ်ဆန်၊ အင်ဗာခမ်းပရက်နှင့် ဖရန်ဆွာပီနော့တို့ ဖြစ်ကြသည်။

ယင်းပုဂ္ဂိုလ် ၈ ဦးတွင် တူညီသော အလေ့အထများရှိကြရာ အောက်ပါအတိုင်းဖြစ်လေသည်။

(က) စီးပွားရေးမကောင်းသည့်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း- (လီကာရှင်း၊ လီယိုနာဒို ဒယ်လ်ဘက်ချီယို၊ အာမန်စီယိုအော်တေးဂါး၊ ဂျွန် ဖရက်ဒရစ်ဆန်၊ ရှဲလ်ဒန် အဒဲလ်ဆန်)
(ခ) အရှုံးပေါ်နေသော လုပ်ငန်းများကို ဝယ်ယူခြင်း- (လီကာရှင်း၊ ဂျွန် ဖရက်ဒရစ်ဆန်၊ ရှဲလ်ဒန် အဒဲလ်ဆန်၊ ဖရန်ဆွာ ပီနော့)
(ဂ) ဝန်ထမ်းများနှင့်အတူ စားသောက်ခြင်း- (လီယိုနာဒို ဒယ်လ်ဘက်ချီယို၊ အာမန်စီယိုအော်တေးဂါး၊ အင်ဗာ ကမ်းပရက်၊)
(ဃ) တစ်ခုတည်းဖြင့် ဘဝပြောင်းသွားနိုင်သော အရောင်းအဝယ်မျိုးရှိခဲ့ခြင်း- (လီယိုနာဒို ဒယ်လ်ဘက်ချီယို၊ ရှဲလ်ဒန် အဒဲလ်ဆန်၊ ဖရန်ဆွာ ပီနော့)
(င) မတူညီသော လုပ်ငန်းနယ်ပယ်များစွာ ကြိုးပမ်းအားထုတ်ဖူးခြင်း- (လီကာရှင်း၊ ရှဲလ်ဒန် အဒဲလ်ဆန်၊ အင်ဗာ ကမ်းပရက်၊ ဖရန်ဆွာ ပီနော့)
အဆိုပါ ၈ ဦးလုံးတွင် တွေ့ရသည့် အလေ့အထသည်ကား “ကြီးမားသည့် စွန့်စားမှုများပြုလုပ်ခဲ့ခြင်း” ပင် ဖြစ်လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် သူဌေးကြီး ၈ ဦးအကြောင်း တစေ့တစောင်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service