မြေဝယ်မယ်ဆိုရင် မျက်စိကိုဖွင့် နားကိုစွင့်

မြေဝယ်မယ်ဆိုရင် မျက်စိကိုဖွင့် နားကိုစွင့် - Property News in Myanmar from iMyanmarHouse.com
2 Aug 2017 11:08 am တွင် တင်ခဲ့သည်
1512 ကြိမ် ကြည့်ရှု့ပြီး
လူရယ်လို့ ဖြစ်လာရင် "ကျောတစ်ခင်းစာ" နေရာ တစ်နေရာကလည်း မရှိလို့ မဖြစ်ဘူးလေ။ တစ်နေကုန် စားဖို့ရှာရတယ်။ ဝတ်ဖို့ ရှာရတယ်။ ပင်ပမ်းသမျှ အတိုးချပြီး အနားယူဖို့အတွက် နေအိမ်က မရှိလို့ မဖြစ်ပြန်ဘူး။ ဒါကြောင့် အပြင်ပမ်းခံ စုထားသမျှ ငွေများနှင့် မြေကွက်ရှာပြီး ဝယ်ယူနေထိုင်ကြရတယ်။

ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရမယ်

အဲ့ဒီလို နေဖို့အတွက် မြေနေရာ ရှာပြီး ဝယ်ယူတဲ့နေရာမျာ အခြားသူတွေလို့ မြို့လယ်ခေါင်မှာ အကွက်အကွင်းကျကျ ဈေးနားနီးနီး ကျောင်းနားနီးနီး၊ ဘုရားနားနီးနီးမှာ လူတိုင်း နေချင်ကြတာပေါ့။ ဒါပေမယ့် ကိုယ်အကြောင်း ကိုယ်သိ ကိုယ့်ဝင်ငွေ ထွက်ငွေနဲ့ ညှိပြီး သင့်တော်မယ့် မြေနေရာ ရှာကြရေ တာ့တာပေါ့။

ဒီလို ခံစားချက်ရှိနေသူတို့ကိုမှ "ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရ မယ်"တဲ့ ဆိုရိုးစကားတွေ ရှိခဲ့တာကြောင့် သီချင်းတစ်ပုဒ်က အားပေးနေ သယောင်ယောင်။ အဲ့ဒါကြောင့်လည်း ကိုယ်စွမ်းနိုင်သမျှ အသပြာငွေေ ကြးေ လးနဲ့ မြို့အထွက်မှာဖြစ်စေ၊ မြို့အပြင်မှာဖြစ်စေ မြို့နဲ့မနီးမဝေးမှာဖြစ်စေ၊ အချိုအချောင် မြေနေရာလေးတွေလို ဝယ်ယူနေထိုင်ကြသူတွေလည်း ရှိကြ ပါတယ်။

ကတိမတည် သစ္စာမရှိ၊ လိမ်လည်သူတွေကို သတိရှိရှိ စောင့်၍ကြည့်

ခြေနိုင် လက်နိုင် ငွေကလေးနဲ့ ဝယ်ထားတဲ့ မြေကွက် ဝယ်နေပေမယ့် "မြင်း စီးလို့၊ အထီးမှန်း အမမှန်း မသိ" ဆိုသလိုပဲ မိမိဝယ်ယူနေထိုင်တဲ့ မြေကွက် ကို ရောင်းသူရှိလို့သာ ဝယ်လိုက်ရတယ်။ ဝယ်ယူလိုက်တဲ့ မြေက လယ်ယြာေ မလား၊ ယာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ အစိုးရပိုင်မြေလား၊ တိတိကျကျ မသိသူက များကြတယ်။

အဲ့ဒီလို ရိုးသားတဲ့ သူတွေကို အခွင့်ကောင်းယူပြီး သူတို့ပိုင်မြေဟုဆိုကာ အတည်ပေါက်နဲ့ လိမ်လည်ပြောဆို ရောင်းချပြီး ကိုယ်ရောင်ဖျောက်သွားတဲ့ လူတွေကလည်း လောကမှာ ရှိနေကြတယ် "ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော" ဆိုတဲ့ လူ့အတ္တတွေကြောင့်လည်း ရိုးသားတဲ့ သူတွေဟာ ဘုမသိ ဘမသိနဲ့ သူတစ်ပိုင် မြေထဲ ဝင်ရောက်နေထိုင်တဲ့ ကျူးကျော်သူတွေ ဖြစ် သွားကြပြီ၊ တရားစွဲခံနေကြရသူတွေလည်း ရှိနေတာကို တွေ့ရတယ်။

မြေဝယ်ရင် မြေရာဇဝင် သိဖို့လိုအပ်

သာဓကတစ်ခုကို လေ့လာကြည့်ရင် ပဲခူးမြို့နယ် သာယာကုန်းကျေးရွာ အုပ်စုမှာ ရှိတဲ့ ကွင်းအမှတ်(၁၁၉၃)၊ ဝင်းဘော်ဒက်ကွင်း၊ ဦးပိုင်အမှတ်(၃၉) ဟာ ဥယျာဉ်ခြံမြေ အမျိုးအစားဖြစ်ပြီး မြေဧရိယာ (၄.၃၀)ဧက ကျယ်ဝန်း တယ်လို့ သိရပါတယ်။ အဲ့ဒီမြေအားလုံးကို ဦးအေးလှိုင်က လွန်ခဲ့သော နှစ်ေ ပါင်း (၃၀)တည်းက အမည်ပေါက် ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဥစ္စာရင်းမှန်လို့ ပြန်ရ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရ

အဲ့ဒီဥယျာဉ်ခြံမြေကွက်ကြီးကို ၁၉၆၄ ခုနှစ်ခန့်မှာတော့ စစ်မြေပြင် အင်ဂျင် နီယာတပ်ရင်း(၉၀၆)က နိုင်ငံတော်လိုအပ်ချက်အရ သိမ်းယူသွားခဲ့တယ်လို့ သိရပါတယ်။ အနှစ်(၂၀)ခန့်အကြာ ၂၀၁၄ ခုနှစ်မှာတော့ အဲ့ဒီစစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းက ဥယျာဉ်ခြံမြေ ပိုင်ရှင် ဦးအေးနိုင်က ပြန်လည် ပေး အပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါတွင်မက ပုံစံ-၇ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်နဲ့ မြေစာရင်းပုံစံ(၁၀၅)မြေပုံတို့ကိုပါ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက ထုတ်ပေးခဲ့ပြန်ပါတယ်။ ဒါကြောင့် အဲ့ဒီမြေ(၄.၃၀)ဧက အားလုံးက ဦးအေးနိုင် အမည်ပေါက်ပြန်ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲ့ဒီဥယျာဉ်ခြံမြေ (၄)ဧကခွဲ မြေကွက်လွတ်ကြီးက ၁၉၉၀ ခုနှစ်မှာ ပဲခူးမြို့နယ် လသာအေး မြို့ကွက်သစ် ဖော်ထုတ်တဲ့ လသာအေးကျေးရွာ ရထားပိုင်မြေကွက်ကြီး ဖြစ်တယ်လို့ ယုံကြည်တဲ့သူတွေက ဝယ်ယူနေထိုင် လာခဲ့ကြတဲ့ သူတွေ ရှိနေခဲ့တယ်။ အချို့သော သူများကလည်း သာသနာေ တ်ာကို ကြည်ညိုလွန်းသဖြင့် ကျောင်းဆောက်ရန်အတွက်ဖြစ်စေ၊ ရိပ်သာဖွင့် ရန်အတွက်ဖြစ်စေ မြေကွက်တွေ ဝယ်ယူပြီး သာသနာမြေအဖြစ် လှူဒါန်း ထားကြတယ်လို့ သိရပြန်ပါတယ်။

အိမ်ခြံမြေ အဝယ်မှား၊ ကျူးကျော်သူလို့ စွပ်စွဲထား

ဟော..အခုတော့ ရ.ဝ.တ ပိုင်လို့ ယုံကြည့်ပြီး ဝယ်ယူနေထိုင်ခဲ့တဲ့သူတွေ ပိုင်ရှင်အစစ်အမှန်ပေါ်လာပြီဆိုတာလည်း သိလာကြတော့ မရှူနိုင် မ ကယ်နိုင်ဖြစ် ဖြစ်ကုန်ကြတော့တာပေါ့။ မူလ လယ်ပိုင်ရှင်ဆိုသူကလည်း ဒီအတိုင်း လက်ပိုက်ပြီး ကြည့်နေတာမဟုတ်ပါဘူး။ ဥယျာဉ်ခြံမြေအတွင်း ဝင်ရောက် ကျူးကျော်နေသူများနှင့် အိမ်အဆောက်အဦးများအား ဖယ်ရှာ ထွက်ခွာပြီး လက်ရောက်ရလိုမှုနဲ့ တရားစွဲခံနေကြရပြီလို့ သိရပါတယ်။

ဘယ်သူပိုင်လို့ ဘယ်သူနိုင်တယ်၊ ဘယ်သူမှန်လို့ ဘယ်သူမှားမယ် ဆိုတာ ကတော့ တရားရုံးရဲ့ အဆုံးအဖြတ်ခံယူရတော့မှာပေါ့။ ဒီနေရာမှာ ပြော ချင် တာကတော့ အဲ့ဒီမြေကွက်ပေါ်မှာ ကျူးကျော်သူတွေလို့ အစွပ်စွဲခံနေရ သူေ တွဟာ သူတို့ဘက်က ကြည့်ရင် ကျူးကျော်နေထိုင်ပြီး ဝယ်ယူနေထိုင် ကြသူေ တွ ဖြစ်တယ်လို့ သူတို့ဘက်ကလည်း ဝယ်ယူထားတဲ့ စာချုပ်စာတမ်းအေ ထာက်အထားတွေတော့ ပြကြမှာပဲ။

မေးပါများ စကားရ၊ စုံစမ်းနိုင်မှ သတင်းတိကျ

ထို့အတူဘဲ လက်ရှိ ဥယျာဉ်ခြံမြေ အမည်ပေါက်သူကလည်း သူပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းတွေ တင်ပြမှပဲ ဒါပေမယ့် စာရင်းစစ်တော့ အမြစ်မြေက ဆိုသလို ဒီလို လူနေရပ်ကွက်မဟုတ်တဲ့ မြေကွက် ကျယ်ကြီး ကို နိုင်ငံတော်အစိုးရ(ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)က တရားဝင် အကွက်ရိုက်ပြီး ချထားပေးခြင်းဟုတ်မဟုတ် သေချာစုံစမ်းစစ်ဆေးပြီးမှ ဝယ်ဖို့ ဆုံးဖြတ်သင့်ပါတယ်။

ယခုတော့ မစူးစမ်းမဆင်ခြင်ဘဲ မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတဲ့ "သူများစကားနဲ့လမ်း မဆုံးစေနဲ့" ဆိုတဲ့ ဩဝါဒကို မျက်ကွက်ပြုကာ တစ်ဆင့် စကားတွေ ယုံမှားပြီး ဝယ်ယူနေထိုင်ကြတဲ့အတွက် အခုလို ပြေးစ ရာမြေ မရှိ ပေးစရာငွေမရှိ ကိန်းဆိုက်ကုန်ကြတာပေါ့။ ဒါဟာ "ဘယ်သူပြုပြု မိမိမှု"ပဲလေ။ ဒါကြောင့် အိမ်ခြံမြေများ ဝယ်ယူကြတော့မယ်ဆိုရင် ကိုယ် ဝယ်ယူနေထိုင်မယ့် မြေဟာ လူနေထိုင်ခွင့်ရှိတဲ့ မြေမျိုးလား၊ ပုဂ္ဂလိက ပိုင်မြေလား၊ အစိုးရပိုင်မြေလား စသည်ဖြင့် ခွဲခွဲခြားခြား ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဒါမှမဟုတ် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ယခင် ကြေး တိုင်နှင့် မြေစာရင်း ဦးစီး ဌာန) တို့မှာ မေးမြန်းစုံစမ်းပြီးမှ ဝယ်ယူကြပါလို့သာ တိုက်တွန်းနှိုးဆော် လိုက်ရပါတော့တယ်။

"မိလိန္ဒ" နဲ့ "ရှင်နာဂသိန်း" တို့ထုံး နှလုံးမူနိုင်ကြပါစေ

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service