သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုတံတား ထပ်ပိုးခင်းခြင်းလုပ်ငန်း ပြီးစီးတော့မည်

သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုတံတား ထပ်ပိုးခင်းခြင်းလုပ်ငန်း ပြီးစီးတော့မည် - Property News in Myanmar from iMyanmarHouse.com
1 Aug 2017 10:26 am တွင် တင်ခဲ့သည်
1387 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်တစ်ခုဖြစ်သော သင်္ဃန်းကျွန်း မြို့နယ်၏ ပြည်ထောင်စုတံတားကြီးပေါ်တွင် တောင်ဒဂုံ၊ မြောက်ဒဂုံမှ လည်းကောင်း၊ သုဝ္ဏနှင့်တာမွေဘက်မှလည်း ကောင်း၊ တောင်ဥက္ကလာပမှလည်းကောင်း ယာဉ်များဖြတ်သန်း သွားလာလျက်ရှိရာ ပြည်ထောင်စုတံတားကြီးပေါ်တွင် ယာဉ် များဖြင့် စည်ကားလျက်ရှိသည်။ ထိုတံတားကြီးနံဘေးတွင် ကားပွဲစားတန်းတစ်ခုရှိပြီး တံတားအောက်၌ ပန်းခြံတစ်ခု ရှိသည်။

တံတား၏တစ်ခြမ်းကို ယာယီပိတ်၍ တံတားအစပ်မှ ချဉ်းကပ်လမ်း တစ်လျှောက် ၁၁၃၅ ပေကို ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)က ကွန်ကရစ်ထပ်ပိုးခင်းခြင်းနှင့် အောက်ခံကတ္တရာကို မြေတူး စက်ဖြင့် ဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။

''တံတားက မိုးတွင်းမှာ အပျက်များလာတယ်။ ဒါကြောင့် ထပ်ပိုးကွန်ကရစ် ခင်းတာပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ (၂ဝ၁၆-၂ဝ၁၇)ဘတ်ဂျက်နဲ့ ခင်းကျင်းတာပါ။ တံတား အစပ် က ချဉ်းကပ်လမ်းကနေ လမ်းဆုံစံပြဈေး ခုံးတံတား အလွန် ၁၁၃၅ ပေထိ ကွန်ကရစ်ထပ်ပိုးခင်းနေ တာပါ။ လမ်း အကျယ်က ၇၂ ပေနဲ့ ထုက ၁၁ လက်မရှိတယ်။ ဇူလိုင် ၁ဝ ရက်က စပြီးဆောင်ရွက်ပါတယ်။

မိုးကလည်းမပြတ် တော့ အခက်အခဲရှိပေမယ့် အမြန်ပြီးစီးအောင် ဆောင်ရွက် နေပါတယ်။ လကုန်ပြီး တစ်ပတ်ဆိုရင် ပြီးစီးဖို့မှန်းထားပါ တယ်။
''လမ်းခင်းကျင်းမှုပြီးတာနဲ့ ခြောက်လမ်းသွားအတွက် မျဉ်းဆွဲခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်မှာပါ။ ဟိုဘက်က သင်္ဃန်းကျွန်း၊ ညာဘက် သံသုမာလမ်းက တောင်ဥက္ကလာပနဲ့ ပြည်ထောင်စုတံတားရဲ့တစ်ဖက်က တောင်ဒဂုံ၊ မြောက်ဒဂုံကို သွားလို့ရပါတယ်။ လူ၊ ယာဉ်စည်ကားတဲ့နေရာ လည်းဖြစ်တဲ့ အတွက် တံတားပေါ် အတက်၊ အဆင်း ယာဉ်တွေသွားလာမှု ချောမွေ့အောင် မိုးရာသီပျက်စီးနေတဲ့နေရာတွေကို ထပ်ပိုး ခင်းကျင်းတာပါ။ ရာသီဥတုကောင်းမွန်ရင် ကောင်းသလို နေ့ဆိုင်း၊ ညဆိုင်းနဲ့ ခင်းနေပါ တယ်''ဟု လုပ်ငန်းခွင်ကြီးကြပ် နေသူ တာဝန်ခံက ပြောသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service