အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအပိုင်း(၁) အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော်မည်

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအပိုင်း(၁) အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
1 Aug 2017 9:35 am တွင် တင်ခဲ့သည်
1176 ကြိမ် ကြည့်ရှု့ပြီး
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း(၁)ကို လာမည့် အောက်တိုဘာ လအတွင်း မြေဧက ၆ဝ ပေါ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ပြောကြားသည်။

အဆိုပါ စီမံကိန်းကို မြေဧက ၂ဝဝဝ ပေါ်တွင် အပိုင်း ခုနစ်ပိုင်းခွဲ၍ ၁ဝ နှစ် စီမံကိန်းအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး စီမံကိန်းအပိုင်း(၁)ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ခွင့်ပြုထားသည့်စီမံကိန်းရုံးများ ဆောက်လုပ်ရန် ဧက ၂ဝ နှင့် စီမံကိန်းဧရိယာမှ ဧက ၄ဝ ပေါ်တွင် အပိုင်း(၁)ဖြင့် စီမံကိန်းဝင်အဆောက် အအုံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီစီမံကိန်းကို စတင်ရေးဆွဲ ကတည်းက ဒေသခံတွေအတွက် ပိုပြီး အကျိုးရှိစေဖို့နဲ့ သဘာဝပတ်ဝန်းကျင် ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက် တာပါ။ စီမံကိန်းနဲ့ပတ်သက်ပြီး အကြံဥာဏ်ရယူပွဲတွေလည်း ပြုလုပ်တဲ့အခါ ဒေသခံတွေရဲ့ ထောက်ခံမှု တွေ၊ သူတို့ရဲ့မြို့ပြဖြစ်ချင်တဲ့ဆန္ဒတွေ သိရှိခဲ့ရပါတယ်။ စီမံကိန်းအပိုင်း (၁)မှာ စီမံကိန်းကာလအတွင်း လက်ရှိအသုံးပြုဖို့ ဆိပ်ကမ်းငယ် တစ်ခုပါမယ်။ နောက်ပိုင်းမှာတော့ ဒီဆိပ်ကမ်းငယ်ကို အဆင့်မြှင့်တင်ပြီး ကုန်းတွင်းကွန်တိန်နာဆိပ်ကမ်းဖြစ်သွားအောင် တည်ဆောက်မယ်။ လူနေအိမ်ခြေ အဆောက်အအုံနဲ့ ဆိုင်ခန်းငယ်တွေပါမယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ကျောင်းတွေ ပါမယ်''ဟု ၄င်းကပြောသည်။

အဆိုပါစီမံကိန်းသည် ဧရာဝတီမြစ်ကို မထိခိုက်စေဘဲ ယှဉ်တွဲ တိုးတက်မှုများဖြစ်စေရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်မှုများ၊ မြေအနေအထားဆန်းစစ်မှုများ၊ ငလျင်ဆန်းစစ်မှုများ၊ မြစ်ကြောင်း ဆိုင်ရာ ရေစီးကြောင်းနှင့် တိုက်စား ပို့ချမှုအခြေအနေများကို ဒေါ်လာ သုံးသန်းခန့် အကုန်ကျခံကာ ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ အကြံပြုချက်များရယူ၍ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ပြီး ၄င်းဆန်းစစ်ချက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအဆင့်ထိ တင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ အမရပူရမြို့နယ်ရဲ့ ရပ်ကွက်ကြီးလေးခုမှာ မိုးတွင်းကာလဆိုရင် လူဦးရေ ၉ဝဝဝ ကျော်ဟာ နှစ်စဉ် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တဲ့အတွက် ဒီဒုက္ခကို ခံစားရပါတယ်။ ဒီရေဆိုးတွေက မန္တလေး လေးမြို့နယ်က စွန့်ပစ်တဲ့ ရေဆိုး၊ ရေပုပ်တွေဖြစ်ပါတယ်။ အခုတော့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ရှိ ရေဆိုးထုတ်စက်ရုံကို အဆင့်မြှင့်တင်ပြီး လှူဒါန်းခဲ့တဲ့အတွက် ဒီဒုက္ခတွေ ခံစားရမှာ မဟုတ်တော့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကလည်း စနစ်တကျလုပ်ဆောင်မှာ သိရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသလို၊ သဘောလည်းတူပါတယ်''ဟု အမရပူရ မြို့နယ် ကျန်တန်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးခင်မောင်စန်းက ပြောသည်။

အဆိုပါ အပိုင်း(၁) စီမံကိန်း မစတင်မီ သြဂုတ်လကုန်ပိုင်းတွင် စီမံကိန်းအနီးရှိ မြို့ပတ်လမ်း တစ်လျှောက်တွင် လက်ရှိလေးလမ်း သွားမှ ခြောက်လမ်းသွားလမ်းမကြီး အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် အကြိုလုပ်ငန်းများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ကုမ္ပဏီက စီမံကိန်း ဧရိယာနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်က ဒေသခံတွေ လူမှုဘဝအဆင့် မြှင့်တင်ရေး CSR ဆိုတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးဖို့လည်း ရှိပါတယ်။ ပထမဆုံး ရေဆိုးစက်ရုံ အဆင့်မြှင့်တင်ပြီး လှူဒါန်းခဲ့ပါတယ်။ ဒီလမ်းမကြီးက Main လမ်းကြီးဖြစ် နေတဲ့အတွက် စီမံကိန်းမစတင်သေး ပေမယ့်လည်း လမ်းပန်းဆက်သွယ် ရေး၊ ကူးသန်းရောင်းဝယ်ရေးတွေ အဆင်ပြေချောမွေ့စေဖို့ ဆောင်ရွက် ပေးတာပါ''ဟု ဦးဇော်ရဲဝင်းက ဆက်လက်ပြောသည်။

ထို့အပြင် ဧရာဝတီမြစ်၏ အဖိုးတန်ရတနာများ ဖြစ်သည့် ဧရာဝတီလင်းပိုင်များကို ထိန်းသိမ်း စောင့်ရှောက်နေသော ဒေသခံ အဖွဲ့အစည်းများကို CSR အစီအစဉ် ရန်ပုံငွေထဲမှ ပုံမှန်ထိန်းသိမ်းစောင့် ရှောက်နိုင်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း ပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းတွင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ မှ ရင်းနှီးမြှုပ်နှံခြင်း မရှိသော်လည်း စီမံကိန်းဆောင်ရွက်ရန် စာချုပ် ချုပ်ဆိုစဉ်ကတည်းက လုပ်ငန်း၏ အကျိုးအမြတ်ထဲမှ ၂၅ ရာခိုင်နှုန်း အကျိုးအမြတ်အဖြစ် လမ်းမကြီးများ၊ တံတားများ၊ ပန်းခြံများ၊ ရေသန့်စင် ထုတ်သည့် စနစ်များ၊ အများနှင့်ဆိုင် သည့် အဆောက်အအုံများ၊ ဆေးပေး ခန်း၊ ဆေးရုံ၊ အုပ်ချုပ်ရေးမှူးရုံး၊ အားကစားရုံ၊ စာကြည့်တိုက်၊ အသက်မွေးဝမ်းကျောင်းပညာသင် ကျောင်းနှင့် ဝန်ထမ်း အိမ်ရာပေါင်း ၁၂ဝဝ ကို တည်ဆောက်ပေးမည်ဖြစ် ကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service