အပြောကောင်းသူ စကား ယုံမိမှား၊ ကျူးကျော်သူတွေ ဖြစ်လို့သွား

အပြောကောင်းသူ စကား ယုံမိမှား၊ ကျူးကျော်သူတွေ ဖြစ်လို့သွား - Property News in Myanmar from iMyanmarHouse.com
31 Jul 2017 11:09 am တွင် တင်ခဲ့သည်
1098 ကြိမ် ကြည့်ရှု့ပြီး
"ငှက်မသိလို့ ဆက်ရက်၊ ဂျိုး ထင်" "အချက်မသိလို့ သားမတ်၊ သူခိုးထင်" ဆိုသကဲ့သို့အိမ်ခြံမြေများ ရောင်းဝယ်ကြရာတွင်လည်း မြေအကြောင်း သေချာလေ့လာပြီး ဝယ်ယူကြသူ အလွန် နည်းလှသည်။ ရိုးရိုးသားသား ဝယ်ယူ လိုကြသူများမှာ မြေရာဇဝင်အကြောင်း နားမလည်ကြသဖြင့် အိမ်ခြံမြေ ပွဲစားများ၏ လှည့်စားမှုအောက်တွင် ဒုက္ခလှလှ ရောက်ကြရ သည်ကို တွေ့ရ သည်။

အတည်တကျ နေလိုသူနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံသူ

မကြာသေးမီ ရက်ပိုင်းအတွင်းက လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီးဘေးမှ စီမံကိန်းမြေနေရာအတွင်း ကျူးကျော်ဝင်ရောက် ဆောက်လုပ်ထားတဲ့ အမြောက်အမြားကို သက်ဆိုင်ရာမှ လာရောက်ဖယ်ရှားနေသည် ကို တွေ့ ရသည်။ ယင်းသို့ ဖယ်ရှားခံရသူများ၏ အကြောင်းတစ်စေ့တစ်စောင်း လေ့ လာကြည့်ရာတွင် အမြတ်ရလို၍ လာရောက်ရင်းနှီးမြှုပ်နှံသူများနှင့် အမှန် တကယ် အိုးပိုင်အိမ်ပိုင်မရှိ၍ အတည်တကျ နေလိုသူများ ထူး၍ နှစ် မျိုး တွေ့ ရသည်။

ကံစမ်းသူနှင့် ကံဆိုးသူ

အမြတ်ရလို၍ ရင်းနှီးမြှုပ်နှံသူများသည် ကံစမ်းသည့်သဘောဖြစ်သော်လည်း အတည်တကျနေလို၍ အိမ်ဆောက်နေထိုင်သူများမှာ မြေအကြောင်း နား မလည်ကြသူများ ဖြစ်သည်။ ထိုသူများမှာ သူများ ယောင်လို့ယောင်၊ အမောင် တောင်မှန်းမြောက်မှန်း မသိ ဆိုသူများ စာရင်းဝင်နေသည်ဟု ဆိုလိုက်ချင်သည်။မြင်းစီးလို့မှ အထီးမှန်း အမမှန်း မခွဲခြား မကြည့်သူများ ပင် ဖြစ်သည်။

အမှန်တကယ်ဆိုရလျှင် နိုင်ငံတော်အစိုးရမှ စီမံကိန်း မြေနေရာ သတ်မှတ် ထားသော စီမံကိန်းမြေများမှာ နိုင်ငံတော်မှ အလိုရှိသည့်အချိန်တွင် ဖယ် ရှားခံရမှာ သေချာသည်။ လိုအပ်လျှင် အားလုံး ဖယ်ရှားခံရမည်။

နှစ်ထပ်ရှိလို့ မှတ်မိသွားပြီ ထင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီး၏ မိုင်တိုင် အမှတ်-၃ မိုင်မှ ၅ မိုင် ၂ ဖာလုံကြားရှိ စီးပွားဖြစ် ကျူးကျော်တဲများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်များဖြင့် ဇွန် ၁၂ ရက်နေ့မှစ၍ ရှင်းလင်းနေကြောင်း သိရပါသည်။ အဆိုပါ အမြန်လမ်းမကြီးဘေး ရှိ မြေေ နရာသည် ယခင်က စိုက်ပျိုးရေး၊ စီမံကိန်း ဆောင်ရွက်သော နေရာဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကလည်း ယခုကဲ့သို့ ရှင်းလင်းခဲ့ကြောင်း သိရ သည်။

လိမ်ရောင်းသူများစကား၊ ယုံမိမှား ကျူးကျော်သူတွေ ဖြစ်လို့သွား

အဆိုပါ စီးပွားဖြစ် ကျူးကျော်မှုများတွင် အမှန်တကယ် နေထိုင်သူ အနည်း ငယ်သာ ရှိပြီး မြေကွက်အတွင်း၌ တဲငယ်များထိုး၍ တစ်ဆင့်ပြန်လည် ရောင်း ချသူများသည် အများပြည်သူများကို ပုံစံမျိုးစုံဖြင့် စည်းရုံး၍ သက်သာေ သာ ဈေးနှုန်းဖြင့် ရောင်းချသွားကြသည်။

ပျောက်သောသူ ရှာလျှင် မတွေ့ရန် ပုန်းအောင်းနေကြပြီ

နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရပိုင်မြေများအား "မြို့ပြသာယာလှပေ ရး" ဖော်ဆောင်ရန်အတွက် ယခုကဲ့သို့ ဒုတိယအကြိမ် ပြန်လည် ရှင်းလင်း ဖယ်ရှာရာ၌ ဝယ်ယူထားသူများမှာ နစ်နာဆုံးရှုံးကြရသည်။ တစ်ချိန်က အာမ ခံဖြင့် ရောင်းချခြဲ့သောသူများသည် ယခုအချိန်တွင် ကြက်ပျောက်၊ ငှက်ေ ပျာက်၊ ခြေရာ ဖျောက်သွားကြပြီ ဖြစ်သည်။ ဝယ်ယူထားသူများ အနေဖြင့် ယင်းတို့၏ နစ်နာမှုများကို တရားစွဲဆိုရန် ဆန္ဒရှိကြသော်လည်း ရောင်းချ သူများကို ရှာဖွေရန်မှာ ခက်ခဲနေသည်ဟု သိရသည်။

လူနေလျှင် မြေကွက်အစား ပြန်ရမည်အထင်နဲ့ တဲပေါ်မှာ လူငှားထား

ကျူးကျော်တဲများကို ရှင်းလင်းရာတွင် အမှန်တကယ် နေထိုင်သူ အနည်း ငယ်သာ ရှိပြီး တစ်ဆင့်ပြန်လည် ရောင်းချရန်အတွက် ဝယ်ယူထားသည့် တဲအလွတ်များကို အများဆုံး တွေ့ရသည်။ အမြန်လမ်းမကြီး၏ လက်ဝဲဘက် တွင် အိမ်ခြေ ၁၆၀၀၀ (တစ်သောင်း ခြောက်ထောင်) ကျော် တဲများ ရှိသည် ဟု သိရသည်။ ဝယ်ယူထားသူအချို့မှာ လူမနေလျှင် ပြန်လည်သိမ်းယူမည်ကို စိုးရိမ်သောကြောင့် ကိုယ်တိုင်လာရောက် နေထိုင်ခြင်း၊ လူငှားထားကြခြင်း များလည်း ရှိသည်ဟု သိရသည်။

မသိလျှင် မေးပါ၊ မစင်လျှင် ဆေးပါ

အထက်ပါ သာဓကကို ထောက်ရှု၍ ရန်ကုန်မြို့နေရာ အနှံ့အပြားရှိ နိုင်ငံေ တ်ာပိုင် အစိုးရစီမံကိန်းမြေနေရာများပေါ်၌ ဘုမသိ၊ ဘမသိ အဆင့်ဆင့် ဝယ်ယူနေထိုင်သူများအနေဖြင့်လည်း လှည်းကူးမြို့နယ်ကဲ့သို့ ဖယ်ရှားခံရနိုင် သည့်အတွက် အခိုင်အမာ အိမ်ဆောက်လုပ်နေထိုင်ခြင်း၊ နောက်ထပ် တိုးချဲ့ပြီး ဝယ်ယူခြင်းများ မပြုလုပ်ကြရန် အထူး သတိပေးလိုပါသည်။

ညောင်သီးလည်းစား လေးသံလည်း နားထောင်ပါ

လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီးဘေးရှိ တဲများကို ဖယ်ရှားသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျူးကျော်နေထိုင်သူများကို လည်း နိုင် ငံတော်အစိုးရမှ ဖယ်ရှားလာမည်ဆိုပါက၊ "ကံဆိုးမ သွားရာ၊ မိုးလိုက်လို့ ရွာ" သည့်ကိန်းနှင့် ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် ညောင်သီးလည်းစား၊ လေးသံ လည်း နားထောင်စေချင်ပါသည်။

ထို့ကြောင့် စာဖတ်သူများအနေဖြင့် အိမ်ခြံမြေကွက် ဝယ်ယူတော့မည် ဆုံးဖြတ်ချက် ချပြီးလျှင် အစိုးရပိုင်မြေ၊ ပုဂ္ဂလိဂပိုင်မြေ၊ လယ်မြေဥယျာဉ်ခြံမြေ စသည်ဖြင့် တိတိကျကျ သိနိုင်ရန် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးတို့ တွင် သွားရောက်စုံစမ်းပြီးမှာ ဝယ်ယူသင့်ကြောင်း အကြံပေး တင်ပြလိုက်ပါသည်။

"သူများစကား နားမယောင်ကြပါနဲ့" "မေးပါများ စကားရကြပါစေ"

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service