၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာ န၊ အဆောက်အအုံ ဦးစီးဌာနသို့ အပ်နှံထားသော တည်ဆောက်ရေး လုပ် ငန်းများအတွက် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
တင်ဒါဖြင့် တည်ဆောက်မည့် စီမံကိန်းလုပ်ငန်းများမှာ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန၏ အရာထမ်းအိမ်ရာ၊ ကျောင်းသား/ကျောင်းသူ အိပ်ဆောင်များနှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေး ဦးစီး ဌာနတို့မှ ဆေးရုံဝန်ထမ်း အိမ်ရာများ၊ ကျေးလက်ကျန်းမာရေး ဌာန၏ ဆေး ရုံဝန်ထမ်း အိမ်ရာများ၊ အဆောက်အအုံများဖြစ်ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဘတ်ဂျက်ဖြင့် ၀န်ကြီးဌာနများမှ ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ အဆောက်အအုံများ ဆောက်လုပ်ရန် လုပ်ငန်းများ အပ်နှံ ရာတွင် ယခင်နှစ်များက PAE ကို ကျပ် ၂၀၀၀၀ ၀န်းကျင်၌သာ ဘတ်ဂျက် ခွင့်ပြုခဲ့သော်လည်း လက်ရှိ ဘဏ္ဍာနှစ်တွင် ကျပ်လေးသောင်းအထက်၊ ကျပ်ရှစ်သောင်းအထက် နှုန်းထားများဖြင့် PAE ခွင့်ပြုထားသည့်အ တွက် ဝေဖန်မှုများ ထွက်ပေါ်နေပြီး အဆိုပါ ဝေဖန်မှုများအတွက် တုံ့ပြန်မှုများ မရှိသေးကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် စီမံကိန်းများအတွက် တင်ဒါများ ခေါ်ယူနေသော်လည်း လက်ရှိကာလတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း တင်ဒါေ ခ်ါယူမှုများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်ဟု ဆိုကာ တင်ဒါေ ခ်ါယူမှုများအတွက် ၀က်ဘ်ဆိုက်ဖြင့် ဆောင်ရွက်ပေးနေပြီး ရန်ကုန်တိုင်းေ ဒသကြီး အစိုးရအဖွဲ့၏ တင်ဒါစနစ်သစ် စတင်မှုတွင် ကနဦး တင်ဒါခေါ်ယူ မှုအဖြစ် ကျပ် ၂၈၃၈ သန်းကျော်သုံးမည့် ဆောက်လုပ်ရေး စီမံကိန်း ငါးခုဖြင့် စတင်မည်ဖြစ်သည်။
Credit: Eleven Media Group