နိုင်ငံစီးပွားရေးနှေးကွေးခဲ့ပေမယ့် ယမန်နှစ်က စင်ကာပူ သူဌေးတွေရဲ့ ကြွယ်ဝမှု သိသိသာသာ ကြီးထွားခဲ့ဟု Forbes ဖွင့်ဟ

နိုင်ငံစီးပွားရေးနှေးကွေးခဲ့ပေမယ့် ယမန်နှစ်က စင်ကာပူ သူဌေးတွေရဲ့ ကြွယ်ဝမှု သိသိသာသာ ကြီးထွားခဲ့ဟု Forbes ဖွင့်ဟ - Property News in Myanmar from iMyanmarHouse.com
31 Jul 2017 10:33 am တွင် တင်ခဲ့သည်
1012 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့တဲ့ နှစ်အတွင်း နိုင်ငံစီးပွားရေးတိုးတက်မှုပိုင်းမှာ နှေးကွေး
မှုတွေ ရှိခဲ့လင့်ကစား စင်ကာပူမှာ ရှိနေတဲ့ လူချမ်းသာသူဌေးကြီးတွေရဲ့
ပိုင်ဆိုင်ကြွယ်ဝမှုတန်ဖိုးကတော့ သိသိသာသာ ပိုမိုကြီးထွား
လာခဲ့တာကို တွေ့ရတယ်ဆိုပြီး Forbes မဂ္ဂဇင်းက
ထုတ်ဖော်ပါတယ်။

ဇူလိုင် ၂၇ ရက်က Forbes Asia ရဲ့ ထုတ်ပြန်ချက်အရ စင်ကာပူမှာရှိတဲ့
လူချမ်းသာပုဂ္ဂိုလ် ၅၀ ဦးရဲ့ စုစုပေါင်း ကြွယ်ဝမှုတန်ဖိုးဟာ လက်ရှိ
အချိန်မှာဆိုရင် အမေရိကန် ဒေါ်လာ ၁၀၄ ဒသမ ၆ ဘီလီယံထိရှိနေပြီ
ဖြစ်ကာ ယခင်အစောပိုင်းတစ်နှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင်
၁၁ ရာခိုင်နှုန်းထိတောင် တိုးတက်ကြီးထွားလာတာဖြစ်တယ်လို့
ဆိုပါတယ်။

နိုင်ငံရဲ့ လူချမ်းသာ ၅၀ ဦးအနက်က သုံးပုံ ပုံ နှစ်ပုံလောက်ရဲ့
အနည်းဆုံးကြွယ်ဝမှုတန်ဖိုးဟာ ယခင်အစောပိုင်းတစ်နှစ်က ဒေါ်လာ
၄၅၅ သန်းကနေ တက်လာခဲ့ပြီး ဒေါ်လာ သန်း ၅၄၀ ထိ ရှိလာခဲ့
တယ်ဆိုပြီး Forbes Asia က ဖွင့်ထုတ်ပါတယ်။

အိမ်ခြံမြေလုပ်ငန်းကြီး Far East Organisation ကို ထိန်းချုပ်ထားတဲ့ Robert နဲ့ Philip Ng တို့ဟာဆိုရင် နိုင်ငံမှာအချမ်းသာဆုံးအဖြစ်
ရှစ်နှစ်ဆက်တိုက် ရယူထားနိုင်ခဲ့ပြီး အစောပိုင်းတစ်နှစ် ကြွယ်ဝမှု
တန်ဖိုး ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံကနေ ဒေါ်လာ ၉ ဒသမ ၎
ဘီလီယံထိတောင် တက်လာခဲ့ကြပါတယ်။

အလားတူ Facebook ပူးတွဲတည်ထောင်သူ Eduardo Saverin
ကလည်း ယခင်တစ်နှစ်ကထက် အဆင့်တစ်ဆင့်တက်လာခဲ့ပြီး
ယခုအခါ စင်ကာပူနေထိုင်တဲ့ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်
ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နာမည်ကျော် လူမှုမီဒီယာကုမ္ပဏီရဲ့
ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ၎င်းဟာ ယခင်တစ်နှစ်က သုံးပုံပုံတစ်ပုံနီးပါး
aတာင် တက်လာခဲ့ပြီး ယခုအခါမှာတော့ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ
၉ ဒသမ ၃ ဘီလီယံထိ ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service