ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် (CLMV) နိုင်ငံတွေမှာ လိုအပ်ချက်ကြီးမားနေဆဲဖြစ်တဲ့ အခြေခံအဆောက်အအုံနဲ့ လူသုံးကုန်ပစ္စည်းထုတ်လုပ်ငန်းတွေမှာ သွားရောက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့ ပြည်တွင်းကလုပ်ငန်းရှင်တွေကို ထိုင်းအစိုးရက တိုက်တွန်းနေလျက်ရှိကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အထက်ပါ နိုင်ငံလေးနိုင်ငံမှာဆိုရင် non-technology လုပ်ငန်းတွေမှာ သိသိသာသာပဲ လိုအပ်ချက်ဆက်လက်ကြီးမားနေတဲ့အချက်ကို အခွင့်ကောင်းယူနိုင်ဖို့ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေကို တွန်းအားပေးနေရတာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိ
သူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း ထိုင်းနိုင်ငံအနေနဲ့ နည်းပညာမြင့် high-technology ဆိုင်ရာနဲ့ တီထွင်ဆန်းသစ်မှုတွေ ပါဝင်တဲ့
လုပ်ငန်းတွေဘက်မှာပဲ အာရုံစိုက်လုပ်ကိုင်နေလျက်ရှိပေမယ့် အိမ်နီးချင်း CLMV လေးနိုင်ငံကတော့ အခြေခံအဆောက်အ
အုံနဲ့ အသုံးဝင်လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းလုပ်ငန်းတွေထဲမှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ ရဖို့ ကြိုးစားနေလျက်ရှိကြောင်း ထိုင်းလယ်ယာ
စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ သမ၀ါယမ ဘဏ် BAAC က မူဝါဒနဲ့ မဟာဗျူဟာရေးရာ ဌာန ဒုဥက္ကဌ Narong Sawanpopan က ပြောပါတယ်။
" CLMV နိုင်ငံတွေက ထွန်းသစ်စ ဈေးကွက်တွေဖြစ်ပါတယ်၊ သူတို့ဆီမှာက နည်းပညာအရ အရမ်းအဆင့်မြင့်နေရမယ့်
ထုတ်ကုန်တွေ ၀ယ်လိုအားသိပ်မကြီးသေးပါဘူး၊ အဲဒီအစား အဆင့်မြင့်နည်းပညာမသုံးရတဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုတို့ပဲလိုအပ်ချက်ကြီးမားနေတာဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။
အလားတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အထက်ပါ နိုင်ငံလေးနိုင်ငံမှာရှိနေတဲ့ အထူးစီးပွားရေးဇုန် SEZs တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေကို အလေးထားလုပ်ဆောင်သွားသင့်ကြောင်းလည်း Mr Narong က အကြံပြုပြောကြားသွားပါတယ်။
Credit: SFJ Strategy First