ဗဟိုဘဏ် ဒုဥက္ကဋ္ဌများ အပြောင်းအလဲနှင့် မြန်မာ့ငွေကြေးမူဝါဒ

ဗဟိုဘဏ် ဒုဥက္ကဋ္ဌများ အပြောင်းအလဲနှင့် မြန်မာ့ငွေကြေးမူဝါဒ - Property News in Myanmar from iMyanmarHouse.com
31 Jul 2017 10:11 am တွင် တင်ခဲ့သည်
891 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သက်တမ်းပြည့် ဒုတိယဥက္ကဋ္ဌ ရာထူးနေရာ များအတွက် တာဝန်ထမ်းဆောင်စေလိုသူများကို နိုင်ငံတော်သမ္မတက အ ဆိုပြုလိုက်ပြီဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုရန်သာ ကျန်သည်။ အဆိုပြု ခံရသူ များအနက် တာဝန်ထမ်းဆောင်ဆဲ ဒုတိယဥက္ကဋ္ဌတစ်ဦးသာ ပြန်လည် ပါဝင် သည်။ ထို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဘုတ်အဖွဲ့တွင် အဖွဲ့ဝင် များသည် အပြောင်းအလဲရှိလာ တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် လက်ရှိကာလတွင် စီးပွားရေးလုပ်ကိုင်ရန် အတွက် ငွေေ ရးကြေးရေးဆိုင်ရာ ထောက်ပံ့မှုအားနည်းချက်များရှိနေဆဲဟု ဝေဖန်မှုများရှိနေပြီး ဘဏ်ချေးငွေအပေါ်တွင် သတ်မှတ်ထားသည့် အတိုးနှုန်းမြင့်မားေ နခြင်း၊ ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်းအရ ဘဏ်အပ်ငွေအတိုးနှုန်းကိုေ လျှာ့ချရန် ခက်ခဲနေခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထား သတ်မှတ်ရာတွင် ကျပ်ငွေတန်ဖိုးများစွာ ကျဆင်းနေခြင်း စသောအချက်များက စီးပွားရေး
လုပ်ငန်းရှင်များအတွက် သိသာလွန်းသည့် အခက်အခဲ များဖြစ်နေစေသည်ဟု လုပ်ငန်းရှင်များက ထောက်ပြပြောနေကြသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်ရန် လိုအပ်ချက်တွင် ငွေရေးကြေးေ ရးဆိုင်ရာ ဝန်ဆောင်မှုရယူခွင့် နည်းပါးနေဆဲအချက်က လုပ်ငန်းများ တိုး တက်ရေးအတွက် အတားအဆီးတစ်ရပ်အဖြစ် ရှိနေသည်။ ထို့အတူ အေ သးစားနှင့် အလတ်စားလုပ်ငန်းများတိုးတက်ရေးအတွက် နိုင်ငံတော်မှ မူဝါဒ ချမှတ်ဆောင်ရွက်နေသော်လည်း ငွေရေးကြေးရေးဆိုင်ရာ ပံ့ပိုးမှု အပိုင်းတွင် ထိရောက်မှု ရှိမလာနေသေးခြင်းကလည်း ထောက်ပြစရာအချက်အဖြစ် လုပ်ငန်းရှင်များက ပြောနေကြလျက်ရှိသည်။

ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ငွေရေးကြေးရေးဝန်ဆောင်မှု အားနည်းနေဆဲဖြစ်သည်။ ၄င်းလိုအပ်ချက်များသည် ဘဏ်လုပ်ငန်းများက သာ ဆောင်ရွက်ပေးနိုင်သည့် အချက်များလည်းဖြစ်သည်။ သို့ရာတွင် ပြည် တွင်း ဘဏ်များက ဆောင်ရွက်ပေးနိုင်မှု အားနည်းနေဆဲဖြစ်သည်။

ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ရရှိထားသည့် နိုင်ငံခြားဘဏ် ၁၉ ဘဏ်အေ နဖြင့် လည်း စီးပွားရေးလုပ်ငန်းရှင်များသို့ တိုက်ရိုက်ငွေကြေးပံ့ပိုးပေးသည့် ဝန်ေ ဆာင်မှုကို ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

နိုင်ငံတစ်နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍကောင်းမွန်မှုသည် ၄င်းနိုင်ငံ၏ ငွေေ ရးကြေးရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်သည့် ဗဟိုဘဏ်က အဓိကအကျဆုံး အဖွဲ့ အစည်းတစ်ခုလည်းဖြစ်သည်။ ထိုအရေးပါလှသော အဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာအဖွဲ့ဝင် အပြောင်းအလဲသည်လည်း လိုအပ် ချက်များစွာရှိနေသည့် ငွေရေးကြေးရေးကဏ္ဍ ကောင်းမွန်လာရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လာပြီဖြစ်သည်။

''ငွေရေးကြေးရေးကဏ္ဍ ကောင်းမွန်ဖို့ဆိုတာက ဗဟိုဘဏ်ရဲ့ မူဝါဒပိုင်းက သာ အဓိကဖြစ်တယ်။ မူဝါဒပိုင်းက ဒီအတိုင်းပဲ ဆက်ပြီးရှိနေရင်တော့ လြူေ ပာင်းလဲလည်း ဘာမှအလုပ်မဖြစ်ဘူး။ အဖွဲ့ဝင်သစ်တွေက ရှိနေတဲ့ ကောင်း မွန်တဲ့မူဝါဒကို သေသေချာချာ အကောင်အထည်ဖော် လုပ်ကိုင်ဖို့ မျှော်လင့် ရတဲ့ အခြေအနေပဲ ရှိနေသေးတယ်''ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအရ ဘုတ်အဖွဲ့ဝင်ရာထူးများအနက် ဥက္ကဋ္ဌရာထူးနေရာသည် ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ပါရှိသည်။ ထို့အတွက် ဥက္ကဋ္ဌရာထူး တာဝန်ယူထားသည့် ဦးကျော်ကျော်မောင်သည် ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လအထိ တာဝန်ထမ်းဆောင်ရန် သက်တမ်း ကျန်ရှိနေေ သးသည်။

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း ဘဏ်လုပ် ငန်းများ ၏ အတိုးနှုန်းကို အပ်ငွေအတွက် အနည်းဆုံး ရှစ်ရာခိုင်နှုန်းနှင့် ချေးငွေ အ တွက် အများဆုံး ၁၃ ရာခိုင်နှုန်းအတွင်း လုပ်ကိုင်ကြရန် သတ်မှတ်ထားသည်။ ထို့အတွက် ပြည်တွင်းဘဏ်လုပ်ငန်းများသည် အပ်ငွေအတွက် အပ်ငွေအမျိုး အစားပေါ်မူတည်၍ အတိုးရှစ်ရာခိုင်နှုန်းမှ အတိုး ၁၂ ရာခိုင်နှုန်းအ ထိေ ပးခြင်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ချေးငွေများကိုလည်း သာမန်ချေးငွေ ကို အတိုး ၁၃ ရာခိုင်နှုန်းနှင့် အသေးစားနှင့် အလတ်စား ချေးငွေများကို ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးဖြင့် ဆောင်ရွက်နေလျက်ရှိသည်။

၎င်းချေးငွေ အတိုးနှုန်းပမာဏသည် စီးပွားရေးလုပ်ငန်းများအတွက် များပြား လွန်းသည့် ပမာဏဖြစ်နေခြင်းကြောင့် လုပ်သာကိုင်သာ အခြေအနေ တစ် ရပ်မရှိကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။ မြင့်မားသော အတိုးနှု န်းများဖြင့် ရင်ဆိုင်နေရသည့် ပြည်တွင်းလုပ်ငန်းများသည် အတိုးနှုန်းသက် သာစွာ ပံ့ပိုးမှုရရှိပြီး ချေးငွေလွယ်ကူသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ယှဉ်ပြိုင်ရန် အခက်အခဲများစွာရှိသည်ဟုလည်း ထောက်ပြကြသည်။

သို့အတွက် ယခုပြောင်းလဲမှုဖြစ်လာမည့် ဗဟိုဘဏ်၏ဘုတ်အဖွဲ့ဝင် အြေ ပာင်းအလဲသည် ပြည်တွင်းငွေရေးကြေးကဏ္ဍကို ကိုင်တွယ်နိုင်စေလိုသည့် ဆန္ဒရှိကြောင်း စီးပွားရေးပညာရှင်များနှင့် စီးပွာရေးလုပ်ငန်းရှင်များ က ပြော သည်။

''စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖို့ဆိုတာက လိုအပ်ချက်တွေ အများကြီး ရှိတယ်။ လျှပ်စစ်မီးရဖို့၊ သယ်ယူပို့ဆောင်ရေးလွယ်ကူဖို့၊ ဆိပ်ကမ်းနဲ့ သိုလှောင်မှုစနစ်တွေ ကောင်းမွန်ဖို့ အဲဒါတွေလည်းလိုအပ်တယ်။ ဒါပေမဲ့ တကယ့်တကယ် အရေးကြီးဆုံးက ငွေရေးကြေးရေး အရင်းအမြစ်ရရှိဖို့က အရေးကြီးဆုံးလိုအပ်ချက်ဖြစ်တယ်။ အဲဒါ မရနိုင်ဘဲနဲ့ ဘယ်လုပ်ငန်းကမှ ကြီးကြီးမားမား ရှင်သန်နိုင်ဖို့ မလွယ်ဘူး။ အဲဒီအတွက် ဗဟိုဘဏ်ရဲ့ မူဝါဒက အရေးကြီးတယ်။ ဗဟိုဘဏ်အနေနဲ့ ငွေရေးကြေးရေးပံ့ပိုးမှု လွယ်ကူစေဖို့ အတွက် မူတွေလုပ်ပေးဖို့ လိုအပ်တယ်''ဟု ဘဏ်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေး ဒေါက်တာ ဂျော့စိုးဝင်းက ပြောသည်။

ပည်တွင်းဘဏ်များသည် ပြည်တွင်းငွေကြေး ဖောင်းပွမှုနှုန်းအရ အပ်ငွေအတိုးနှုန်းနှင့် ချေးငွေအတိုးနှုန်းကို ချိန်ဆလုပ်ဆောင်နေရခြင်ြး ဖစ်သည်။ တစ်ဖက်တွင် မြန်မာနိုင်ငံ၏ တစ်နှစ်တာပျမ်းမျှ ငွေကြေးေ ဖာင်းပွမှုသည် ရှစ်ရာခိုင်နှုန်းခန့် နှစ်စဉ်ရှိနေခြင်းကြောင့် ဘဏ်အပ်ငွေ အတိုးနှုန်းကို လျှော့ချရန် ခက်ခဲလျက်ရှိသည်

ယခုလက်ရှိ မြန်မာနိုင်ငံ၏ တစ်နှစ်တာ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းကို ၅ ဒသမ ၉၆ ရာခိုင်နှုန်းဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်ထုတ်ပြန် ထားသည်။

ပြည်တွင်း၌ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်လုပ်ငန်းများသည် ပြည်တွင်းမှလုပ်ငန်းရှင်များကို တိုက်ရိုက်ငွေချေးလိုသည့် ဆန္ဒများရှိနေကြသော်လည်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်လုပ်ငန်းများကို တိုက်ရိုက်ချေးငွေ လုပ်ကိုင်ခွင့် ပေးမထားဘဲ ပြည်တွင်း ဘဏ်များကို ကြားခံအဖြစ် ဆောင် ရွက်ထားစေသည်။ ပြည်တွင်းဘဏ်များက အာမခံချက်ပေးသည့် လုပ်ငန်းများ ကို ပြည်တွင်းဘဏ်များမှတစ်ဆင့် နိုင်ငံခြားဘဏ်များက ငွေချေးခွင့်ရှိသည့်စနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်းဘဏ်များက ကြားခံ ဝန်ဆောင်မှုပေးရခြင်း၊ အာမခံပေးရခြင်းအတွက် ဆုံးရှုံးနိုင်ခြေတာဝန်ယူ ရခြင်းများကြောင့် ဝန်ဆောင်မှုစရိတ်ကို ရယူနေကြလျက် ရှိသည်။

လက်ရှိတွင် နိုင်ငံခြားဘဏ်များအပြင် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA၊ ဂျာမနီနိုင်ငံမှ KfW ကဲ့သို့သော အဖွဲ့စည်းများက ပြည်တွင်းလုပ်ငန်းရှင်များကို အတိုး ငါးရာခိုင်နှုန်းခန့် ချေးငွေများ ဆောင်ရွက်ပေးနေလျက် ရှိသည်။ သို့ရာတွင် ကြားခံပြည်တွင်း ဘဏ်များက အာမခံ ဆောင်ရွက်ပေးမှုမှ တစ်ဆင့် စီးပွားရေးလုပ်ငန်းများကို အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအကြားယူ၍ ချေးငွေအဖြစ် ဝန်ဆောင်မှု ပြန်ပေးကြသည်။

''အခု မြန်မာနိုင်ငံမှာ ပြည်တွင်းဘဏ် ၂၄ ဘဏ် ရှိတယ်။ အဲဒီဘဏ်အားလုံးပေါင်းက ထုတ်ချေးပေးထားတဲ့ ငွေပမာဏက ကန်ဒေါ်လာ ၁၃ ဘီလျံ လောက်ပဲရှိတယ်။ စင်ကာပူနိုင်ငံက DBS ဆိုတဲ့ ဘဏ်တစ်ခုတည်းရဲ့ ထုတ်ချေးငွေက ကန်ဒေါ်လာ ဘီလျံ ၁၂ဝ ရှိတယ်။ ဆိုတော့ကိုယ်တွေဘဏ် အားလုံးပေါင်းကချေးငွေက အဲဒီဘဏ် တစ်ခုတည်းနဲ့ ယှဉ်ရင်တောင် အဆပေါင်းများစွာ နည်းနေသေးတယ်။ အခု ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားဘဏ်တွေက လုပ်ငန်းရှင်တွေကို ချေးချင်တယ်။ ပြည်တွင်းဘဏ်တွေကလည်း အာမခံပေးဖို့ရှိတယ်။ ဒါပေမဲ့ ဗဟိုဘဏ်က ပြည်တွင်းဘဏ်တွေရဲ့ မတည်ရင်းနှီးငွေ ပမာဏရဲ့ လေးပုံတစ်ပုံကိုပဲ ချေးရမယ်ဆိုတာမျိုးတွေနဲ့ စည်းကမ်းသတ်မှတ်ထားတယ်။ ပြည်တွင်း ဘဏ်တွေရဲ့ မတည် ရင်းနှီးငွေက လည်း ဘာမှ ပြောပလောက်တဲ့ ပမာဏမဟုတ်ဘူး။ အဲဒီတော့ အလုပ်မဖြစ် ဘူး။ ဆိုတော့ ဗဟိုဘဏ် ကိုယ်တိုင်က ပြည်တွင်းစီးပွားရေး တိုးတက်ဖို့ ဆိုတဲ့ နေရာမှာလည်း လိုက်ပါလုပ်ဆောင်ပေးဖို့ လိုအပ်တယ်''ဟု ဦးဂျော့ စိုးဝင်းက ပြောသည်။

''နိုင်ငံတကာဘဏ်တွေကို တိုက်ရိုက်လုပ်ခွင့်မပေးဘဲ ပြည်တွင်းဘဏ်တွေနဲ့ မိတ်ဖက်အဖြစ် ပူးတွဲလုပ်ခွင့် ပေးထားသရွေ့ကတော့ လုပ်ငန်းရှင်တွေ ဘာမှ မျှော်လင့်နေစရာမရှိဘူး''ဟု ပို့ကုန်လုပ်ငန်းရှင် ဦးနေလင်းဇင် က မြန်မာတိုင်း(မ်)ကို ဇူလိုင်လဆန်းကပြောထားဖူးသည်။

ထို့အတူ စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်သွယ်မှုကဏ္ဍ ဆောင်ရွက်ရာ တွင်လည်း ဘဏ်ဝန်ဆောင်မှုကို ရရှိနိုင်မှု အားနည်းသည်။ နိုင်ငံတကာတွင် လုပ်ငန်းရှင်များသည် ပို့ကုန်လုပ်ဆောင်ရာတွင် ဘဏ်အာမခံချက်စာရွက် (Letter of Credit L.C) ပြနိုင်ပါက ဘဏ်လုပ်ငန်းများ ချေးငွေရယူနိုင်ခွင့်၊ ကုန်ပစ္စည်း သိုလှောင်ရုံများရှိ ကုန်ပစ္စည်းများသိုလှောင်ထားမှု အထောက် အထား ပြသနိုင်ပါက ကြိုတင်ငွေချေးယူမှုများ လုပ်နိုင်သော်လည်း မြန်မာနို င်ငံတွင် ၄င်းစနစ်များ ဝန်ဆောင်မှု ရယူနိုင်ခြင်း မရှိသေးပေ။

ထို့ကဲ့သို့သော ကုန်သွယ်မှုဆိုင်ရာ ဘဏ်ဝန်ဆောင်မှု အားနည်းခြင်းေ ကြာင့် ပြည်တွင်း လုပ်ငန်းရှင်များသည် အခြားနိုင်ငံများ၏ ကုန်ရောင်း သူများနှင့် နှိုင်းယှဉ်ပါက အားနည်းချက်များတွေ့ကြုံရသည်ဟုလည်း ပို့ကုန် လုပ်ငန်းရှင်များက ပြောသည်။

နိုင်ငံတကာဈေးကွက်သည် ကုန်ပစ္စည်းရောက်ရှိပြီး ရက် ၉ဝ အတွင်း ငွေေ ပးချေနိုင်သည့် L/C ( Letter of Credit ) ဖြင့်သာ ကုန်ဝယ်ယူမှု ပိုများခြ င်းဖြစ်သည်။ သို့ရာတွင် မြန်မာကုန်သည် များသည် ငွေကြေးအရင်းအနှီး အခက်အခဲရှိခြင်းကြောင့် T/T (Telegraphic Transfer) လက်ငင်းငွေေ ပး ငွေ လွှဲကြေးနန်းပြေစာ စနစ်ဖြင့်သာရောင်းချနိုင်ခြင်းဖြစ်သည်။ ထို့အ တွက် ဈေးကွက်ရရှိမှုအပိုင်းတွင် အခြားသော အိမ်နီးခြင်းနိုင်ငံများအောက်
နောက်ကောက်ကျရသည့် အခြေအနေများလည်း ကြုံတွေ့ရသည် ဟု မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြော သည်။

''ကျွန်တော်တို့ နိုင်ငံက ငွေကြေးပံ့ပိုးမှု အခြေအနေကိုကြည့်ရင် အရမ်းအားနည်းတယ်။ အခြားတိုင်းပြည်တွေမှာက နိုင်ငံခြားကို ဘာပစ္စည်း ဘာရောင်းရောင်း ရောင်းချတဲ့ပစ္စည်းတွေမှာ ငွေကြေး ပံ့ပိုးမှု ပြန်ပေးတယ်။ ကုန်ပစ္စည်းရောင်းချတဲ့နေရာမှာ LC နဲ့ TT ဆိုပြီး နှစ်မျိုးရှိတယ်။ မြန်မာနိုင် ငံက အမြဲတမ်း TT နဲ့ပဲ ရောင်းတယ်။ ကိုယ့်မှာက ငွေမရှိတဲ့အတွက် LC နဲ့ မရောင်းနိုင်သေးဘူး။ အဲဒီအချိန်မှာ ထိုင်း၊ အိန္ဒိယတို့လို နိုင်ငံတွေက LC နဲ့ ရောင်းတယ်။ အဲဒီနိုင်ငံတွေရဲ့ ဘဏ်စနစ်မှာက LC ကို ပြပြီး ဘဏ်မှာ ပိုက်ဆံချေးလို့ ရတယ်။ ကုန်ရောင်းစာချုပ်တွေကို စာချုပ်ကိုပြပြီးပိုက်ဆံေ ချးလို့ရတယ်။ ကျွန်တော်တို့မှာ အလားတူငွေကြေးပံ့ပိုးမှုတွေ မရှိဘူး။ ဆိုေ တာ့ဒီလိုမျိုးဘဏ္ဍာရေးဆိုင်ရာကူညီမှုတွေကအစ ပြင်ဆင်ဖို့လိုတယ်''ဟု ဒေါက်တာစိုးထွန်းက ဇွန်လကုန်ပိုင်းအတွင်းက ကျင်းပသည့် စိုက်ပျိုးမွေးမြူမှု ဆိုင်ရာ မဟာဗျူဟာ ရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ နိုင်ငံခြားငွေလဲလှယ်ရာတွင် ကျပ်ေ ငွတန်ဖိုး များစွာ ကျဆင်းနေလျက်ရှိသည်။ ကျပ်ငွေတန်ဖိုးများ ကျဆင်းမှုကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းအဖြေရှာသည့်စနစ်ကို လုပ်ေ ဆာင်နိုင်မှု အားနည်းကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။

အခြားတစ်ဖက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပွင့်လင်းမြင်သာမှု အားနည်းချက်များ ရှိနေသည်ဟုလည်း ထောက်ပြမှုများ ရှိနေသည်။ ဗဟိုဘဏ်သည်နိုင်ငံခြားအရန်ငွေထားရှိမှုပမာဏ၊ နိုင်ငံခြားဘဏ်များတွင် ထားရှိသော အာမခံ ရွှေအပေါင် ပမာဏ၊ ပြည်တွင်း၌
လည်ပတ် သုံးစွဲရန် ထုတ်လုပ်ထားသည့် ကျပ်ငွေ ပမာဏများကို တရားဝင်ထုတ်ဖော်ပြခြင်း လုံးဝမပြုပေ။

ပွင့်လင်းမြင်သာမှုများနှင့်ပတ်သက်၍လည်း ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ရာထူးအပြောင်းအလဲသည် တစ်စုံတစ်ရာ ပြောင်းလဲလာနိုင်မည်လော ဆိုသည့် စိတ်ဝင်စားဖွယ် အခြေအနေတစ်ရပ်ကို ဖြစ်စေသည်။

လစ်လပ်နေရာများအတွက်လျာထားခြင်းခံရသူများတွင် ပြည်တွင်းစီးပွားရေးအခြေအနေနှင့် ဗဟိုဘဏ်၏လုပ်ငန်းစဉ်များကို မကြာခဏ ထောက်ပြလျက် ရှိသည့်စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ဦးစိုးသိန်းလည်း ပါဝင်ပြီး လက်ရှိဘုတ်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေဆဲ ဦးစိုးမင်းနှင့် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေလျက်ရှိသည့် ဦးဘိုဘိုငယ်တို့ ပါဝင် သည်။

''လက်ရှိအခြေအနေမှာက အဖွဲ့အစည်းတွေ အားလုံးကို ပြုပြင်ပြောင်း လဲနေတဲ့ အချိန်ဖြစ်တယ်။ ဆိုတော့အဖွဲ့အစည်းတွေ အားကောင်းလာ တာနဲ့ အမျှ မြေပြင်အခြေအနေမှာလည်း အားကောင်းလာအောင် ဆောင်ရွက် ဖို့ ဖြစ်လာမှာပေါ့။ ကျွန်တော့်အနေနဲ့ စဉ်းစားထားတာ တစ်ခုကတော့ ပွင့်လင်းမြင်သာမှု ရှိဖို့ကို အဓိကထားလုပ်ချင်တဲ့ဆန္ဒ ရှိတယ်။
အခြားကိစ္စတွေအတွက် ထွေထွေထူးထူး ပြောဖို့က စောလွန်းပါသေးတယ်''ဟု သမ္မတ၏ အဆိုပြုလျာထားခြင်းခံရသူများအနက်မှ ဦးစိုးသိန်းက မြန်မာ တိုင်း(မ်) ကို ပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service