ဘဏ်ချေးငွေ ထုတ်ပေးနိုင်ရန် SME လုပ်ငန်း စာရင်းကောက်မည်

ဘဏ်ချေးငွေ ထုတ်ပေးနိုင်ရန် SME လုပ်ငန်း စာရင်းကောက်မည် - Property News in Myanmar from iMyanmarHouse.com
31 Jul 2017 9:35 am တွင် တင်ခဲ့သည်
1345 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်ကာ ချေးငွေများ ထုတ်ချေးနိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများစာရင်းကို ဩဂုတ်လအတွင်း စတင် ကောက်ယူမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

SME လုပ်ငန်းများ အောင်မြင်စေရန် ငွေကြေးပံ့ပိုးပေးခြင်း၊ နည်းပညာ ပံ့ပိုးပေးခြင်းနှင့် ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးခြင်းတို့ အဓိက လိုအပ်ပြီး အဆိုပါအချက်များ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ SME လုပ်ငန်းများ စာရင်းနှင့် ကူညီ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းကဏ္ဍများကို လက်တွေ့ကျကျ သိရှိနိုင်ရန် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဇူလိုင်လ ၂၉ ရက်နေ့က အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာချမှတ်နိုင်ရန် SMEs Development Srrategy “Issues & Solutions” Forum ကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့ပြီး ယင်းဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘယ်မြို့နယ်မှာ SME ဘယ်နှခု ရှိတယ်ဆိုတာကို စာရင်းပြုစုပါမယ်။ ဒီလုပ်ငန်းတွေထဲမှာ ဘယ်ကဏ္ဍဟာ ဖြစ်နိုင်ခြေရှိတဲ့ စီးပွားရေးလဲ ဆိုတာကို လေ့လာဆန်းစစ်မှု သေသေချာချာပြုစုပြီးရင် သူ့ရဲ့ အခြေအနေ အားလုံးနဲ့ သူ့ကို ငွေဘယ်လောက် ထုတ်ချေးရင် အဆင်ပြေမလဲ ဆိုတာကို အသေးစိတ် သိနိုင်အောင် ကြိုးစားမှာဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

SME လုပ်ငန်းများ တိုးတက်စေရန်အတွက် ပထမအဆင့် မြို့နယ်အလိုက် စာရင်း ကောက်ယူမည်ဖြစ်ပြီး ဒုတိယအဆင့် ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်ကာ ချေးငွေများ ရယူနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီး၊ စက်မှုဇုန် အသီးသီးတို့တွင် SME လုပ်ငန်းများစာရင်း ကောက်ယူပြီးလျှင်
ဘဏ်စနစ်သည် SME ကဏ္ဍ၏ အဓိက မောင်းနှင်အား တစ်ခုဖြစ်သောကြောင့် ဘဏ်လုပ်ငန်းရှင်များအသင်းနှင့် ဆွေးနွေးပြီး SME လုပ်ငန်းများနှင့်ပတ်သက်၍ အခြားစိတ်ဝင်စားသည့် ဘဏ်များနှင့် SME လုပ်ငန်းရှင်များကို တိုက်ရိုက် ထိတွေ့ပေးသည်နိုင်သည်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်း ခြောက်သောင်းသုံးရာကျော်ရှိပြီး စက်မှုလုပ်ငန်းပေါင်း လေးသောင်းခုနစ်ထောင်ရှိကြောင်း ယင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service