နိုင်ငံတကာအဆင့်မီအိမ်ရာတွေ ပေါ်ပေါက်စေဖို့ ရည်ရွယ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနနဲ့ ချမ်းသာရွှေမြေ ကုမ္ပဏီတို့ ပူးပေါင်းဆောက်လုပ်နေတဲ့ ဧရာချမ်းသာ အဆင့်မြင့်အိမ်ရာစီမံကိန်း ဝယ်ယူသူတွေကို အခုနှစ်ပိုင်း မှာ အိမ်ခန်းတွေ အပ်နှံသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ဧရာချမ်းသာအဆင့်မြင့်အိမ်ရာစီမံကိန်းဟာရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် ဧရာဝဏ်လမ်းမကြီးဘေးတိုင်းရင်းသာ ယဉ်ကျေးမှုးတက္ကသိုလ်နဲ့ ကပ်လျက်နေရာဖြစ်တဲ့ ဧရာဝဏ်နဲ့ရတနာအဆင့်မြင့်အိမ်ရာအနီးမှာ တည်ဆောက်ထားတာဖြစ်ပြီး အဆောက်အအုံ ၁၆လုံး ပါဝင်တယ်လို့ သိရပါတယ်။
အဆောက်အုံတစ်လုံးစီမှာ အဆင့်မြှင့်ဓာတ်လှေကား သုံးစင်းပါဝင်ပြီး အဆောက်အအုံတွေအတွင်းမှာ အရေပေါ်အဆင့်မြင့်မီးသတ်စနစ်တွေ ၊ အရေးပေါ်လှေကားတွေ၊ ရေဆိုးရေသန့် စနစ်တွေ ၊ ကလေးကစားကွင်းတွေ၊ ရေကူးကန်တွေ၊ အားကစားခန်းမတွေနဲ့ ဈေးဆိုင်ခန်းတွေ ပါဝင်ပါတယ်။ဧရာချမ်းသာအဆင့်မြင့် အိမ်ရာစီမံကိန်းက အဆောက်အုံ ၁၀လုံးကို ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ဆောက်လုပ်ပြီးစီးမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်းမှာ စီးမံကိန်းက အဆောက်အအုံ ၁၆လုံး အပြီးသတ်ဆောက်လုပ်ပြီးမှာဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၃ ခုနှစ်ကုန်ပိုင်းမှာ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Credit: The Modern