တရုတ်ဟာ ဗဟိုအစိုးရ ကပိုင်တဲ့ ကုမ္ပဏီကြီးအားလုံးကို ၂၀၁၇ နှစ် ကုန် ပိုင်းမှာ ဖက်စပ်စ တော့ခ်လုပ်ငန်း ဒါမှမဟုတ် လီမိ တက်လုပ်ငန်းတွေ အဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဘေဂျင်းဟာ အရင်းရှင်စီးပွားရေး ပြု ပင် ပြောင်းလဲမှုအဖြစ် နိုင်ငံပိုင်လုပ် ငန်း ကြီးတွေကို ပိုသွက်လက်ေ အာင် ပြုလုပ်နေတဲ့အတွက် ဖြစ်ပါတယ်။
အခုလို ပြန်လည်ဖွဲ့စည်းမှုကြောင့် လုပ်ငန်းတွေအနေနဲ့ လူး သာလွန့်သာ ရှိပြီး ဈေးကွက်အခြေ ပြု တဲ့ လုပ်ငန်းလည်ပတ်ရေးယန္တရားတွေ တည်ေ ထာင်လာနိုင်လိမ့်မယ်လို့ အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံပိုင်လုပ်ငန်းကြီးတွေမှာ ပုဂ္ဂလိကအရင်းအနှီးတွေ ထည့်ဝင် ခွင့်ပေးမှာလား၊ ရှယ်ယာတွေကို စာရင်းတင်မှာလားဆိုတာ ကိုတော့ အစိုးရ အဖွဲ့က မပြောခဲ့ပါဘူး။
ဘေဂျင်းဟာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း (SOEs) တွေကို ပြုပြင်ပြောင်းလဲ ဖို့နဲ့ လျှပ်စစ်ထုတ်လုပ်ရေး၊ မီးရထား၊ သင်္ဘောပို့ ဆောင်ရေးနဲ့ ဓာတု လုပ် ငန်းအပါအဝင် ကဏ္ဍတွေမှာ တစ်ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုကို ဖန်တီးဖို့ ကြိုး စားနေပါတယ်။
တရုတ်နိုင်ငံပိုင်လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ဟာ ပြန်လည်ဖွဲ့ စည်းမှုပြီးစီးေ နပြီး သူတို့ရဲ့ အုပ်ချုပ်ရေးပုံစံနဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေ တိုးတက်လာေ နပြီလို့ အစိုးရအဖွဲ့က ဆိုပါတယ်။
အကြွေးဟာ တရုတ်ရဲ့ အကြီးဆုံး စိန်ခေါ်မှုဖြစ်လာပြီး တရုတ်ရဲ့ ပုဂ္ဂလိကနဲ့ အစိုးရအကြွေး စုစုပေါင်းဟာ ဂျီဒီပီရဲ့ ၂၅၀ ရာခိုင်နှုန်း လောက်ရှိနေပြီး ဘဏ္ဍာရေးအကျပ်အတည်း မတိုင်ခင်ကထက် ၁၅၀ ရာခိုင်နှုန်းတက်လာေ ကြာင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုအဖွဲ့အစည်း (OECD) က ဆိုပါတယ်။
တရုတ်ရဲ့ ကော်ပိုရိတ်အကြွေးဟာ ဂျီဒီပီရဲ့ ၁၇၅ ရာခိုင်နှုန်းခန့်ရှိပြီး တိုး တက်ဆဲဈေးကွက်စီးပွားရေးတွေထဲမှာအမြင့်ဆုံးဖြစ်ကြောင်း OECD က ဆိုပြီးအဲသည်အကြွေးရဲ့ ၇၅ ရာခိုင်နှုန်း လောက်က OECD တွေေ ကြာင့် ဖြစ်ပါတယ်။
ဗဟိုအစိုးရဟာ လက်ရှိမှာနျူကလီးယား နည်းပညာကနေ ဆေးပညာ အထိ ကဏ္ဍအမျိုးမျိုးအတွင်းကလုပ်ငန်းပေါင်း ၁၀၁ ခုကိုပိုင်ဆိုင်ပြီး လုပ်ကိုင်ေ နပါတယ်။
Credit: The Kumudra