အမရပူရ မြို့ပြစီမံကိန်း အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိ မိုးရာသီအကုန်တွင် စတင်မည်

အမရပူရ မြို့ပြစီမံကိန်း အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိ မိုးရာသီအကုန်တွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
28 Jul 2017 10:00 am တွင် တင်ခဲ့သည်
1365 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်မည့် အမရပူရမြို့ပြစီမံကိန်း
လုပ်ကိုင်ခွင့်ကို စီမံကိန်းအပိုင်းလိုက် ခွင့်ပြုထားခြင်းဖြစ်ပြီး လက်ရှိခွင့်ပြုချက်ရထားသည့် အပိုင်း ၁ တွင် တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီအကုန်တွင် စတင်မည်ဖြစ်ကြောင်း စီမံကိန်းဖော်ဆောင်မည့် ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

အမရပူရမြို့ပြစီမံကိန်းကို မန္တလေးမြို့၏တောင်ဘက် အမရပူရမြို့နယ်အတွင်းရှိ ဧရာဝတီ မြစ်ကမ်းတစ်လျှောက် မြေနုကျွန်းများ၊ ကိုင်းမြေများပေါ်တွင် ရေဝပ်နေရာများကို မြေဖို့ကာ ဧက ၂,ဝဝဝ ကျော်ခန့်၌ Mandalay Business Capital City Development Ltd က အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ ယင်းကုမ္ပဏီကို မြန်မာနိုင်ငံစီးပွားရေး
လုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးမောင်ဝိတ်က တည်ထောင်ထားခြင်း ဖြစ်သည်။

''အစိုးရအဖွဲ့ကလည်း အဆင့်ဆင့် ခွင့်ပြုမှုတွေပေးဖို့ စီစဉ်ထားတာဖြစ်တဲ့အတွက်
ကျွန်တော်တို့ဘက်ကလည်း တည်ဆောက်ရေးလုပ်ငန်းတွေကို အဆင့်ဆင့်ဆောင်ရွက်
ပါမယ်။ စီမံကိန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီကို တင်ပြထားတာရှိသလို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာကိုလည်း ပညာရှင်တွေနဲ့တိုင်ပင်ပြီး အသေးစိတ် တင်ပြထားပါတယ်။ စီမံကိန်းအပိုင်း ၁ အတွင်း ပါဝင်တဲ့ မြေဧက ၇ဝ ရာခိုင်နှုန်းလောက်ကို ကျွန်တော်တို့ ဝယ်ယူထားပြီးဖြစ်တဲ့အတွက် လက်ရှိမိုးရာသီကုန်ရင် မြေပြင်လုပ်ငန်းတွေ စတင်ဆောင်ရွက်ပါတော့မယ်''ဟု စီမံကိန်း ဖော်ဆောင်မည့်ကုမ္ပဏီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ယခုလ ၂၅ ရက်တွင် ပြောသည်။

လက်ရှိတွင် စီမံကိန်းအတွင်း ပါဝင်သည့်အများနှင့်သက်ဆိုင်သော လမ်းများ အဆင့်မြှင့်တင်ခြင်း၊ အဆောက်အအုံများ ပြုပြင်ခြင်း၊ အသစ်ပြန်လည် ဆောက်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ငယ်တိုးရပ်ကွက်အတွင်းရှိ အမှတ် (၂) ရေဆိုးထုတ်စက်ရုံကို ကျပ်သိန်း ၅,ဝဝဝ အကုန်အကျခံကာ အဆင့်မြှင့်တင်ထားပြီး စည်ပင်သာယာရေး ကော်မတီသို့လွှဲပြောင်းထားပြီးဖြစ်ကာ မြို့ပတ်လမ်းကိုလေးလမ်းသွားမှ ခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ဦးမောင်ဝိတ်က ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းဆောင်ရွက်မည့် ဧကများထဲမှ ဧက ၂ဝ ကို ကုမ္ပဏီ ရုံးခန်းတည်ဆောက်ရန်အတွက် ပုံစံ ၁ဝ၅ (လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်) ကူးယူခွင့်ပြုထားပြီး အချက်အလက်ပြည့်စုံလျှင် စီမံကိန်းခွင့်ပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇွန်လအတွင်း ပြောသည်။

''ဒီစီမံကိန်းက အရင်အစိုးရလက်ထက်က စာချုပ်တွေဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့ ဆက်လက် အကောင်ထည်ဖော်ရတဲ့နေရာမှာ လုပ်ထုံးလုပ်နည်းနဲ့ညီအောင် သေချာစိစစ်ပါတယ်။ ကွင်းဆင်းကြည့်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် ဘယ်လောက်ထိခိုက်နိုင်မလဲဆိုတာ အကုန်လုံး ပညာရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးမှ ခွင့်ပြုတာဖြစ်ပါတယ်'' ဟုဒေါက်တာဇော်မြင့်မောင်က ပြောသည်။

စီမံကိန်းဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ကုမ္ပဏီတို့ကြား နှစ်ဦးသဘောတူနားလည်မှုစာချွန်လွှာ ရေးထိုးထားပြီး မြို့တော်စည်ပင်သာယာအနေဖြင့် စီမံကိန်း၏ ၂၅ ရာခိုင်နှုန်းကို အကျိုးခံစားခွင့်ရမည်ဖြစ်သည်။

စီမံကိန်း ဆောင်ရွက်နိုင်ရန်အတွက် ကုမ္ပဏီက ကနဦး ရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ်ငွေ ဘီလျံ ၅ဝဝ ထည့်သွင်းသွားမည်ဖြစ်ကာ လိုအပ်သည့် ငွေကြေးများကို ကုမ္ပဏီရှယ်ယာရောင်းချခြင်း၊ ဘဏ်ချေးငွေများဖြင့် ဆောင်ရွက်လုပ်ကိုင်မည်ဖြစ်ပြီး စီမံကိန်းကာလကို ၁ဝ နှစ်သတ်မှတ်ထားကြောင်း ကုမ္ပဏီဒါရိုက်တာ ဦးမောင်ဝိတ်က ပြောသည်။

စီမံကိန်းတွင် ခေတ်မီမြို့ပြနှင့်အညီဟိုတယ်များ၊ ဆေးရုံများ၊ ကျောင်းများ၊ ဆိပ်ကမ်းများ၊ ဈေးဝယ်စင်တာများ၊ ပန်းခြံများ၊ တိုက်တန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများတွင် ဒေသခံများအား ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ကာ လိုအပ်သည့် ပညာရပ်ပိုင်းဆိုင်ရာများတွင်သာ နိုင်ငံခြားသားများကို ထည့်သွင်းခန့်အပ်ထားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးကာလအတွင်း လူဦးရေ ၁ဝ,ဝဝဝ ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေး ပြီးဆုံးချိန်တွင် အလုပ်ကိုင်အခွင့်အလမ်း
၇ဝ,ဝဝဝ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service