ပွဲစားကြီးရေ ပျော်သလိုသာနေ ခေတ်မကောင်းတော့လည်း အိမ်ရောင်းပြီး အသိုက်ပြောင်းကြသလေ

ပွဲစားကြီးရေ ပျော်သလိုသာနေ ခေတ်မကောင်းတော့လည်း အိမ်ရောင်းပြီး အသိုက်ပြောင်းကြသလေ - Property News in Myanmar from iMyanmarHouse.com
28 Jul 2017 9:59 am တွင် တင်ခဲ့သည်
1817 ကြိမ် ကြည့်ရှု့ပြီး
ကျွန်ုပ်သည် အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ် စာချုပ်စာတမ်းများကို အဓိကထား၍ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေတစ်ဦးဖြစ်၍ အိမ်ခြံမြေ အကျိုးဆောင် ပွဲစားမျိုးစုံနှင့် သိကျွမ်းခွင့်ရသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့်လည်း အိမ်ခြံမြေ အကျိုးဆောင်ပွဲစားများ၏ စရိုက်လက္ခဏာမျိုးစုံနှင့် ထိတွေ့ခွင့်ရသည်။ ကိုယ်ကျင့်သိက္ခာကောင်းသော ပုဂ္ဂိုလ်များ ခေါင်းပုံပြတ်စားသော အကျိုးဆောင်များ ကတိမတည်သော ပုဂ္ဂိုလ်များ အဆင့်အတန်းရှိသော ပုဂ္ဂိုလ်များ ပညာအခြေခံ နည်းပါးသော ပုဂ္ဂိုလ်များ ရန်လိုသော ပုဂ္ဂိုလ်များ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး၊ မှိုချိုး မျှစ်ချိုး ပြောတတ်သောပုဂ္ဂိုလ်များ စသည်ဖြင့် ပြောမဆုံးနိုင်အောင် အလွှာစုံလှပါသည်။

ပွဲစားမျိုးစုံနှင့်ကြုံ၊ မြို့နယ်တိုင်းမှာ ဆုံ

ယင်းသို့ အလွှာစုံသည့် အိမ်ခြံမြေ လောကကြီးထဲတွင် ဗဟန်းရွှေတောင်ကြား၊ တက္ကသိုလ်ရိပ်သာလမ်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်ကဲ့သို့သော မြို့နယ်ကြီးများမှ ပွဲစားကြီးများနှင့် ကြုံရသလို၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များမှ ဝါရင့်ပွဲစားကြီးများ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ စသည့်မြို့နယ်များမှ ပွဲစားများနှင့်လည်း ဆုံရသည်။ တစ်ခါတစ်ခါ ရန်ကုန်မြို့ကို ဖောက်ထွက်၍ ပဲခူးသို့ ရောက်သွားသဖြင့် ထိုမြို့နယ်မှ ပွဲစားများနှင့်လည်း ရင်းနှီးခွင့်ရခဲ့ပါသည။

၁၉၁၂ ခုနှစ်က ပွဲစားကြီး ဦးမောင်ကြီး၏ စံနမူနာ ယူစရာ ငွေပဒေသာအလှူ

(စကားအချပ်ပို။ ။ ပွဲစားဟု သုံးနှုန်းလိုက်၍ ဂုဏ်ငယ်သွားသည်ဟု မထင်မှတ်စေလိုပါ၊ ဂုဏ်ယူနိုင်စရာ ပွဲစားကြီး ဦးမောင်ကြီးအကြောင်း ကြားဖြတ်၍ ကြော်ငြာဝင်လိုက်ချင်ပါသည်။ ၁၉၁၂ ခုနှစ်က ပွဲစားကြီး ဦးမောင်ကြီးဆိုသော ဘုရားဒကာကြီး ရှိခဲ့သည်။ ထိုပွဲစားကြီး ဦးမောင်ကြီးသည် အမျှော်အမြင်ကြီးစွာဖြင့် အင်္ဂလန်နိုင်ငံ ဘီအိုစီ ရေနံကုမ္ပဏီမှ အစုရှယ်ယာများ ဝယ်ယူသည်။ အကျိုးအမြတ်ရရှိသော ငွေများကို ဗုဒ္ဓသာသနာပြု လုပ်ငန်းများတွင် အချိုးကျ လှူဒါန်းနိုင်ရန်အတွက် "ဦးမောင်ကြီး အလှူတော်ငွေ ရန်ပုံငွေ ဂေါပကအဖွဲ့" ကို ဖွဲ့စည်းပေးခဲ့ပြီး "ထာဝရ ငွေပဒေသာပင်ကြီး" ကို စိုက်ထူလှူဒါန်းပေးထားခဲ့သည် ဟု သိရသည်။

နှစ်စဉ် ရရှိသော ဘဏ်အတိုးငွေများထဲမှ "မန္တလေး ပရိယတ္ထိ သာသနာဟိတ အသင်း နှင့် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာကလျာဏယုဝအသင်းချုပ်(YMBA)" တို့ကို အချိုးကျ ထည့်ဝင်လှူဒါန်းလျှက်ရှိနေသည်ဟု သိရသည်။ အတုယူ အားကျစရာ ပွဲစားကြီး ဦးမောင်ကြီးကို စံနမူနာ ယူစေလိုသော သဘောဖြင့် ဤနေရာတွင် အလျှင်းသင့်၍ ထည့်သွင်းပြောကြားလိုက်ရခြင်းဖြစ်ပါသည်။)

ပွဲစားကြီးလို့ခေါ် အပြုံးမပျက်ပါနဲ့နော်

ထိုနည်းတူ ပွဲစားကြီးဟု အခေါ်ခံရသော အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းသည်လည်း ချမ်းသာကြီးပွားသော လုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ အိမ်ခြံမြေ ပွဲစားလုပ်ကိုင်သော အကျိုးဆောင်များမှာ အဆင်ပြေသူ များကြပါသည်။ အထူးသဖြင့် "ရေမြင့် ကြာတင့်" ဆိုသကဲ့သို့ တိုက်ခန်း အိမ်ခြံမြေ အရောင်းအဝယ်များသော မြို့နယ်များတွင် နေထိုင်လုပ်ကိုင်သော အကျိုးဆောင် ပွဲစားများမှာ အဆင်ပြေဆုံး၊ အချမ်းသာဆုံးပုဂ္ဂိုလ်များဟု ဆိုနိုင်ပါသည်။

ယေဘုယျအားဖြင့် အကျိုးအမြတ်အများဆုံးရရှိသော ပွဲစားများမှာ ရန်ကုန်မြို့လယ်ခေါင်တွင် နေထိုင်သော သူများဟု ထင်ကြလိမ့်မည်။ ဤသို့ ယူဆလျှင် မှားသွားပါလိမ့်မည်။ ရန်ကုန်မြို့တွင် Down Town မြို့နယ်များ မဟုတ်ဘဲ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒလမြို့နယ်များတွင်လည်း ပွဲစားလုပ်ရင်း အကျိုးအမြတ်ရရှိ၍ ချမ်းသာသွားသူများကိုလည်း တွေ့မြင်ရပါသည်။

အလုအယက် ဝယ်ယူခဲ့သည့် မြေနေရာ ဒဂုံဆိပ်ကမ်းလည်းပါ

အိမ်ခြံမြေ အရောင်းအဝယ်များ တစ်ဟုန်ထိုး မြင့်တတ်ခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိဆိုလျှင် အခြားအခြားသော ရန်ကုန်မြို့သစ်များထက် ဒဂုံဆိပ်ကမ်းမြို့နယ်မှ မြေကွက်များက အရောင်းအဝယ် အကောင်းဆုံး ဖြစ်ခဲ့သည်။ ထိုကာလအတွင်ကဆိုလျှင် မိမိတွင်ဖြစ်စေ မိမိ၏မိတ်ဆွေတွင်ဖြစ်စေ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း၌ ရောင်းရန် မြေကွက် ရှိသည်ဟု သတင်းကြားသည်နှင့် ပွဲစား ၄ ဦး၊ ၅ဦးခန့် ရောက်လာတတ်ပြီး "ရောင်းမလား၊ ဈေးကောင်းပေးဝယ်မယ်" ဟု ဆိုကာ ဈေးခေါ်တက်ကြသည်။ ရောင်းမည်ဆိုသည်နှင့် သူ့ထက်ငါ အလျင်ဦး၍ ဈေးကောင်းပေး၍ ဝယ်ယူခဲ့ကြသည်။

လူသတင်း လူချင်းဆောင်၊ နာမည်ရ အိမ်ခြံမြေ အကျိုးဆောင်

ထိုစဉ်က အိမ်ခြံမြေ ပွဲစားဟု လူသိများသူများမှာ တပည့်အပေါင်းခြံရံလျှက် ပျိုးတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့သည်။ ဝယ်ယူလိုသူ ဖောက်သည်များက ထိုသူထံလာ၍ မြေကွက်ကောင်းကောင်းရဖို့ရန် လာရောက်ချဉ်းကပ်ကြရသည်။ ထိုသို့သော နာမည်ရ အိမ်ခြံမြေပွဲစားများစာရင်းတွင် ဆင်ကြီး ကိုလှကျော်လည်းပါသည်။

အိမ်ခြံမြေ အကျိုးဆောင်နာမည်ကို "ဧရာဝဏ်" ဟု နာမည်ပေးထားသည်။ ဧရာဝဏ်မှာ မြန်မာလို ဆင်ဟု ခေါ်သဖြင့်လည်း ဆင်ကြီးဟု တင်စားခေါ်ကြရာမှ ဆင်ကြီးလှကျော်ဟု နာမည်တစ်လုံးရလာသူ ဖြစ်သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း အိမ်ခြံမြေကွက်ဝယ်လိုသူများသည် ဆင်ကြီးလှကျော်နေထိုင်ရာ ဧရာဝဏ် လမ်းသို့ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် သတင်းမေး၍ ရောက်လာတတ်ကြသည်။

ပွဲစားခရသည့် အမြတ်ငွေ သူဋ္ဌေးဖြစ်ဖို့ ဦးတည်နေ

ပွဲစားကြီး ကိုလှထွေးကလည်း ဈေးမတတ်မီက မြေကွက် ရောင်းလိုသူများ လာရောက်အပ်နှံထားသော မြေကွက်ပါမစ်မိတ္တူများကို ထုတ်ပြသည်။ အိမ်ခြံမြေ ဈေးမတတ်မီ လွန်ခဲ့သော (၅) နှစ်ခန့်က အချို့ရပ်ကွက်များ၏ မြေတစ်ကွက်တန်ဖိုးမှာ (၅)သိန်း (၁၀)သိန်းခန့်သာ ရှိသည်။ ထိုမြေကွက်များကိုလည်း တတ်ဈေးဖြင့် ပြန်လည် ရောင်းချသည့်အခါ သိန်း(၅၀)၊ သိန်း(၆၀) ဖြစ်သွားသည်။ ယင်းသို့ ရောင်းရသည့် အမြတ်ငွေထဲမှ မြေကွက်ပိုင်ရှင်အား (၁၀)သိန်း (၁၅) သိန်း ပိုပေးလိုက်ခြင်းဖြင့် မြေကွက်ရောင်းသူကလည်း ကိုလှကျော်ကို ကျေးဇူးတင်၍ မဆုံးဖြစ်ခဲ့သည်။

အကျိုးပေးချိန် တန်ပြီ ထင်ပါသည် လက်များ ငွေသီးနေသည့်သူ ဖြစ်လာသူ

မြေကွက်ရောင်းသူများကလည်း ဆင်ကြီးလှကျော်နှင့် ချိတ်ဆက်၍ မြေကွက်ရောင်းလိုက်သဖြင့် အမြတ်အစွန်းရပုံများကို အခြားမိတ်ဆွေများလည်း သတင်းကောင်းပါးလိုက်သည်။ ထိုသတင်းကို ကြားရသူ မြေကွက် ရောင်းလိုသူအပေါင်းကလည်း မြေကွက် ရောင်းပေးဖို့ မြေချပါမစ်မိတ္တူများကိုလည်း လာရောက်အပ်နှံကြပြန်သည်။

လာရောက်အပ်နှံသကဲ့သို့ မြေကွက်ဝယ်လိုသူများကလည်း ဆင်ကြီးလှကျော်တွင် မြေကွက်များ ရောင်းရန်ရှိသည်ဟု သတင်းရသဖြင့် အပြေးအလွှား ရောက်လာ၍ ဝယ်ယူကြသည်ကိုလည်း တွေ့ရသည်။

ငွေကိုသာ ရေလိုသုံး၊ ဇနီးကလည်း ပျော်မဆုံး

ဤသို့ဖြင့် အိမ်ခြံမြေ အရောင်းအဝယ်အားကောင်းလှသည့် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၌ ဆင်ကြီးလှကျော်မှာ ဆိုင်ကယ်အစုပ်ကလေးဖြင့် ဖွတ်ချက် ဖွတ်ချက်စီးနေရသည့် ဘဝမှ နောက်ဆုံးပေါ်ကား ဝယ်စီးနိုင်သူ ဖြစ်လာသည်။ ငွေကို ရေလိုသုံးနိုင်ပြီဖြစ်၍ ဇနီးသည်က ပျော်တပြုံးပြုံး ယောက္ခမကြီးက မော်မဆုံးတော့ပေ။ ပြောသမျှ တင့်တယ်သည်။ သူဋ္ဌေးစာရင်းဝင် ဖြစ်လာသည်။ ထမင်းရေ ချောင်းစီး အလှူပေးသည်။ တစ်နှစ် (၂)ခါလောက် နတ်ကသည်။ ရှင်ပြု နားသ၊ အလှူပါ ကြီးကျယ်ခမ်းနားစွာ ကျင်းပလိုက်သေးသည်။ အသုံးထက် အဖြုန်းက ပိုများသွားသည်။

"မောင်" အရင်လို မဟုတ်တော့ဘူး

သို့သော် လူ့ဘဝဆိုသည်မှာ ကိုယ်ဖြစ်စေချင်သလို မဖြစ်၊ သူဖြစ်ချင်သလို ဖြစ်တတ်သည်။ "အစိုးမရသည့် အနတ္တ သဘောတရားကြီးပါလား" ဟု ဆင်ခြင်စဉ်းစားမိသည့် ယခုအချိန်တွင် အသိနောက်ကျသွားခဲ့လေပြီ။ တစ်ချိန်က စိန်နားကပ်ရောင်နှင့်ပါးပြောင်မိခဲ့သည်။ ဝ မရှိဘဲ ဝိ လုပ်မိခဲ့သည်။ ၂၀၁၅ ခုနှစ်မှစ၍ အိမ်ခြံမြေ အရောင်းအဝယ်များ ထိုးဆင်းသွားသည့်အခါ ယခင်ကကဲ့သို့ မြေကွက်ဝယ်သူများလည်း ရောက်မလာတော့ပေ။ ကိုယ်က ဖုန်းဆက်သည်ကိုပင် ဝယ်လိုသူတို့က အဖက်မတန်သလို စိတ်ဝင်စားမှု မရှိကြတော့ချေ။

ကြွေးထူ အပူမိ၊ ဘဝမှန် နောက်ကျမှ သိ

ထိုထက်ပို၍ဆိုးသည်မှာ တစ်ချိန်က ငွေ ယုံကြည်အပ်နှံထားသူများကလည်း မြေကွက် ရောင်းဝယ်ခြင်းလုပ်ငန်းကို ရပ်နား၍ အခြားစီးပွားရေး လုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်လိုကြသဖြင့် အပ်နှံထားသော ငွေများကို တောင်း၍ ပြန်လည် ထုတ်ယူသွားကြသည်။ ထို့ကြောင့် ကိုလှဆွေမှာ ကောင်းစားစဉ်က အရင်းမှန်းမသိ၊ အမြတ်မှန်းမသိ စဉ်းစားမကြည့်ဘဲ ကိုယ်ပိုင်ငွေလို သုံးခဲ့၊ ဖြုန်းခဲ့မိသည့် အမှားတွေကြောင့် အရင်းတွေ အကုန်ပြန်ထုတ်ပေးရုံနှင့် အကြွေးမကျေ၊ ကားရောင်း၍ ဆပ်သော်လည်း အကြွေးက မကုန်နိုင်သေးပေ။

ဒီရေလို ပြန်မကျ၊ အတိုးတွေကြောင့် ရင်တမမ

ဘဝအစကပင် အိမ်မရှိ၍ ယောက္ခမအိမ်ကပ်နေရသူ လှကျော်မှာ "အကြံကုန် ဂဠုန်ဆားချက်"သည့်အနေဖြင့် ယောက္ခမကြီးအား ရှိခိုးတောင်းပန်၍ ယောက္ခမအိမ်ကို ၁၀ အတိုး၊ ၂၀ အတိုး၊ကျပ်တိုး၊ မတ်တိုး အမျိုးမျိုး လှည့်လည်ပေါင်နှံ၍ ပေးလိုက်တော့မှ အကြွေးများက ကျေတော့သည်။ သို့သော်ညလ်း ချေးထားသော အတိုးများက ရပ်မနေ၊ တက်မြဲ တက်နေသည်။

"ဘယ်သူ သေသေ၊ ငတေ မာလျှင် ပြီးရော" ဆိုသည့် ကျပ်တိုး၊ မတ်တိုး ကြွေးရှင်တို့ကလည်း အတိုးနှင့်အရင်းပေါင်း၍ ယောက္ခမအိမ်ကို သိမ်းယူတော့မည့် အခြေအနေရောက်လာသည်။ ယင်းသို့ သမီးနှင့်သားမတ် ကြွေးတွေ လည်ပင်းခိုက်နေသည့် အခြေအနေကို မြင်ရသူ ယောက္ခမကြီးမှာ စိတ်ဆင်းရဲပြီး နာမကျန်းဖြစ်ရာမှ အသက်ပါ ဆုံးလေတော့သည်။

ယောက္ခမသေ၊ ကြွေးကမကျေ ကျူးရပ်ကွက်ကို ပြေးရသလေ

ယောက္ခမကသေ၊ အကြွေးရှင်တွေက နေ့စဉ် ဆူပူနေကြသဖြင့် တစ်ချိန်က ဘဝတူ အိမ်ခြံမြေ အကျိုးဆောင် ယခုအခါ ချမ်းသာသွားသူ မေမြတ်နိုးထံသွား၍ ကူညီပါရန် မေတ္တာရပ်ခံရတော့သည်။ မေမြတ်နိုးကလည်း စိတ်ကောင်းစေတနာကောင်းဖြင့် ငွေရင်းစိုက်ထုတ်၍ ကြွေးရှင်များအား ကိုလှကျော်၏ အကြွေးကို ဆပ်ပေးလိုက်သည်။ သို့သော် "တန်ဖိုးထက် လက်ခကြီး"ဆိုသကဲ့သို့ မြေနှင့်အိမ်တန်ဖိုးထက် ငွေတိုးများက များလွန်းသဖြင့် အကြွေးစာရင်းရှင်းပြီးချိန်တွင် ပိုငွေမှာ အိမ်ငှားရန်အတွက်သာ ကျန်တော့သည်။ ထို့ကြောင့် ယောက္ခမ၏ မြေနှင့်အိမ်ကို မေမြတ်နိုးအား ထိုးအပ်ရတော့သည်။ အမွေထုခွဲကာ ကျန်ငွေကို ယူ၍ ကျူးကျော်ရပ်ကွက်တစ်ခုသို့ ပြောင်းသွားရရှာလေတော့သည်။

ဘဝဆိုတာ လှိုင်းဂယက်ပါလို့ ပြောသူတွေပြော

ကိုလှကျော်၏ ဘဝက ရင်နာစရာ၊ အိုးပိုင် အိမ်ပိုင် ပြန်ရဖို့ မသေချာတော့ပေ။ သို့သော် ဝင်ငွေ၊ ထွက်ငွေ မျှတအောင်သုံးတတ်သော ဘဝတူ အိမ်ခြံမြေ အကျိုးဆောင်များကမူ ယနေ့အထိ ရင်ကော့၍ နာမည်တစ်လုံးနှင့် နေထိုင်နိုင်ကြသည်ကို တွေ့ရသည်။ ဤတွင် ကိုလှကျော်ထံမှ ကျွန်ုပ်အနေဖြင့် သင်ခန်းစာတစ်ခု ရလိုက်သည်မှာ "တက်ကြွားကြွကြွ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံးပါတကား" ဟူသော "ဓမ္မသံဝေဂ" ပင် ဖြစ်ပါတော့သည်။

ခေတ္တရာ မြင့်အောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service