မွန်ဘိုင်းမြို့တွင် ငါးထပ်တိုက်တစ်လုံးပြိုကျရာ လူအနည်းဆုံး ၁၇ ဦးသေဆုံး

မွန်ဘိုင်းမြို့တွင် ငါးထပ်တိုက်တစ်လုံးပြိုကျရာ လူအနည်းဆုံး ၁၇ ဦးသေဆုံး - Property News in Myanmar from iMyanmarHouse.com
27 Jul 2017 11:34 am တွင် တင်ခဲ့သည်
1429 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ ဂတ်ကိုပါ ဆင်ခြေဖုံးဒေသတွင် ငါးထပ်တိုက်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၇ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်တို့က ပြောကြားသည်ဟု စီအင်န်အင်န်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သေဆုံးသူများတွင် အမျိုးသမီး ၁၁ ဦးနှင့် ၃ လအရွယ်ကလေးငယ်တစ်ဦး ပါဝင်သည်။အဆောက်အအုံ အပျက်အစီးများကြားမှ လူပေါင်း ၂၈ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း ပိတ်မိနေသူများ ရှိနေဆဲဖြစ်ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူ ဗီလက်စ် မဟာဒက်ဗ် ဂျာဒက်ဗ်က ပြောကြားသည်။

မြေညီထပ်အခန်းကို တရားမဝင် ပြုပြုင်မွမ်းမံမှုများ ပြုလုပ်ရာမှတစ်ဆင့် အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
မြေညီထပ်ကို ပိုင်ဆိုင်သူမှာ ဒေသတွင်း ရှစ်ဗ်ဆီနာပါတီခေါင်းဆောင် ဆူနေးလ် ရာမက်ရှ် ရှီတက်ပ်ဖြစ်ပြီး အဆောက်အအုံပြိုကျမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရှစ်ဗ်ဆီနာဟူသည်မှာ မာရသီဘာသာစကားဖြင့် အမည်ပေးထားခြင်းဖြစ်ပြီး “သီဝလိ၏ တပ်မတော်” ဟု အဓိပ္ပာယ်ရသည်။
ရှစ်ဗ်ဆီနာကို အချို့က အစွန်းရောက်မျိုးချစ်၊ အကြမ်းဖက်ဝါဒီ၊ ဖက်ဆစ်ပါတီဟု သတ်မှတ်ကြသည်။

ရာမက်ရှ် ရှီတက်ပ်ကို အသက်အန္တရာယ်ထိခိုက်စေမှု၊ အပြင်းအထန်ဒဏ်ရာရစေမှုများဖြင့် စွဲချက်တင်ထားသည်။
“သံသယရှိရတဲ့သူက ဒီအဆောက်အအုံမှာ တရားမဝင်ပြုပြင်မွမ်းမံမှုတွေ လုပ်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ပါတယ်” ဟု မွန်ဘိုင်း ရဲအရာရှိတစ်ဦးဖြစ်သူ ဒီဗန် ဘာတီက ပြောကြားသည်။

“ဒီနေ့ မနက်ကတော့ တကယ်ကို ဝရုန်းသုန်းကားပါ။ လူတွေက အော်ဟစ်ပြေးလွှားနေကြတယ်။ အဆောက်အအုံကြီးက ပြိုမကျမီမှာ ခဏကြာလှုပ်နေတာကို တွေ့ရတယ်လို့ အနီးဝန်းကျင်မှာရှိခဲ့သူတွေ ပြောကြတယ်” ဟု ဒေသတွင်းရဲအရာရှိတစ်ဦးဖြစ်သူ အက်စ်-ဂန်ဒိုတီက ပြောကြားသည်။

ယင်းအဆောက်အအုံတွင် မိသားစု ၁၂ စုနေထိုင်ကြောင်း မွန်ဘိုင်းပြည်သူ့ဆက်ဆံရေးအရာရှိ ဗီဂျေး ခါဗာလီက ပြောကြားသည်။
အိန္ဒိယတွင် အဆောက်အအုံပြိုကျမှုများမှာ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး သင့်လျော်သည့်စောင့်ကြပ်ကွပ်ကဲမှုနှင့် လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုများ မရှိခြင်းကြောင့်ဖြစ်ကြောင်း ဝေဖန်ကြသည်။

ပြီးခဲ့သော မေလအတွင်း မင်္ဂလာဆောင်တစ်ခုတွင် နံရံပြိုကျမှုဖြစ်ပွားရာ အနည်းဆုံးလူ ၂၄ ဦးသေဆုံးခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်းကလည်း တံတား ၂ စင်းပြိုကျမှုဖြစ်ပွားခဲ့ရာ တစ်ခုမှာ ကိုလ်ကာတားတွင်ဖြစ်ပြီး အခြားတစ်ခုမှာ မွမ်ဘိုင်းမှ ဂိုအာသို့ ဆက်သွယ်သည့် အဝေးပြေးလမ်းပေါ်ရှိတံတားဖြစ်ပြီး ဖြစ်ရပ်နှစ်ခုလုံးတွင် လူပေါင်းများစွာ သေဆုံးခဲ့ကြရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မွန်ဘိုင်းမြို့တွင် ငါးထပ်တိုက်တစ်လုံးပြိုကျရာ လူအနည်းဆုံး ၁၇ ဦးသေဆုံး - Property News in Myanmar from iMyanmarHouse.com
မွန်ဘိုင်းမြို့တွင် ငါးထပ်တိုက်တစ်လုံးပြိုကျရာ လူအနည်းဆုံး ၁၇ ဦးသေဆုံး - Property News in Myanmar from iMyanmarHouse.com
မွန်ဘိုင်းမြို့တွင် ငါးထပ်တိုက်တစ်လုံးပြိုကျရာ လူအနည်းဆုံး ၁၇ ဦးသေဆုံး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service