သဘာဝပတ်ဝန်းကျင်ကို မထိခိုက် စေသည့် စွမ်းအင်အရင်းအမြစ်သည် ယနေ့ခေတ်ကြီးတွင် အလွန်ခေတ်စား လာသည်။
အိန္ဒိယရှိကိုချင်နိုင်ငံတကာ လေဆိပ်ဆိုလျှင် နေရောင်ခြည်စွမ်းအင် ဖြင့်အပြည့်အဝ လည်ပတ်နိုင်နေပြီဖြစ် သည်။ လေယာဉ်ကွင်းတွင်ဆိုလာပြား ပေါင်း ၄၆ ၁၅၀ ချပ် တပ်ဆင်ထားသဖြင့် ယူနစ်၅၀ ၀၀၀ မှ ၆၀ ၀၀၀ အထိ ထုတ် ပေးနိုင်ကာ လေဆိပ် နေ့စဉ်လိုအပ်သည့် လျှပ်စစ်ကို ပံ့ပိုးပေးနိုင်သည်။
ယင်းလေ ဆိပ်သည်ယခင်ကတည်းကပင် ပတ်ဝန်း ကျင် မထိခိုက်သည့်စွမ်းအင်ဖြင့် လည် ပတ်ခဲ့သော်လည်း ယခုအချိန်တွင်မှယင်း စွမ်းအင်ဖြင့် ၁၀၀ ရာခိုင်နှုန်း လည်ပတ်နိုင် သွားခြင်းဖြစ်သည်။
ယင်းလေဆိပ်ဝင်းထဲတွင် ၂၀၁၃ ခုနှစ်ကတည်းကစပြီးဆိုလာပြား စတင် တပ်ဆင်ခဲ့သည်။ လေဆိပ်ခေါင်မိုး အများစုကိုဆိုလာပြားများက ဖုံးနေသည်။ ထို့ပြင် ကုန်တင်ကုန်ချလုပ်ရာ နေရာများတွင် ၄၅ ဧက အကျယ်ရှိသည့် ဆိုလာခြံကိုမြင် တွေ့ရမည်ဖြစ်သည်။
ယင်းစနစ်ကို သုံးလိုက်သဖြင့်လေဆိပ်သည် စွမ်းအင်သာမက ကုန်ကျစရိတ်ပါ များစွာသက်သာသွား တော့သည်။ လာမည့် ၂၅ နှစ်တွင် အထက် ပါလေဆိပ်သည်ကာဗွန်ဒိုင်အောက်ဆိုက် တန်ပေါင်း ၃၀၀ ၀၀၀ အထွက် သက်သာ စေရန်လုပ်ပေးနိုင်မည်ဖြစ်သည်။ ထိုပမာဏသည် သစ်ပင်ပေါင်း သုံးသန်းစိုက်ပျိုး သည်နှင့် ညီမျှသည်။
Credit: Pyi Myanmar